ေပ်ာ္စရာ မိသားစုဘဝ မွာ သူမ ကို သိပ္ခ်စ္ၿပီး တန္ဖိုးထားတဲ့ ခင္ပြန္းအျပင္ ခ်စ္စရာသား နဲ႔ သမီးကို ပိုင္ဆိုင္ ထားနိုင္ခဲ့တဲ့ ေမေမသဥၨာႏြယ္ဝင္း က သားနဲ႔သမီးေလး ကို သိပ္ခ်စ္လြန္း လို႔ ဘယ္သြားသြား ေခၚသြားၿပီး သားသမီးေတြ နဲ႔အတူ ခ်စ္စရာပုံေလး ေတြ ဓာတ္ဖမ္းတတ္ ပါေသးတယ္။ သားေလးက အသက္သုံးႏွစ္ျပည့္ သြားခဲ့ၿပီျဖစ္ၿပီး သမီးေလး ကလည္း ကိုကိုနဲ႔အတူ ေဆာ့ ေဖာ္ ေဆာ့ ဖက္ေလး ျဖစ္လာခဲ့ပါၿပီ။

ဒီကေလး ေတြကိုၾကည့္ရင္း သူမ ရဲ့ ေန႔ရက္ေတြဟာ ပိုၿပီး ေပ်ာ္စရာ ေကာင္းလာခဲ့ပါတယ္။ အႏုပညာ အလုပ္ေတြအရင္လို မလုပ္ျဖစ္ေတာ့တဲ့ သဥၨာဟာ သူမလည္းအရမ္း ႀကိဳက္သလို သမီးေလး ရဲ့ နာမည္လည္းျဖစ္တဲ့ က်ဴလစ္ ဆို တဲ့ တံဆိပ္ေလးနဲ႔ ညအိပ္ဝတ္စုံေလး ေတြ ထုတ္လုပ္ေရာင္းခ်ေနခဲ့ပါတယ္။

ဒီေန႔မွာလည္း သားအမိ သုံးေယာက္အတူအျပင္ထြက္လည္ၾကတဲ့ပုံေလးေတြကို ” ဘယ္သြားသြားသားနဲ႔သမီးပါမွစိတ္ေျဖာင့္တယ္ အိမ္မွာခ်န္ထားခဲ့ရင္ခဏဆိုလြမ္းလာလို႔​ အျမဲေခၚသြားေတာ့ ၾကာၾကာလည္ရတာေပါ့ ” ဆိုၿပီး တင္ ထားတာပဲျဖစ္ပါတယ္။ မိခင္ နဲ႔ သားသမီးဆိုတာ အခ်ိန္ၾကာၾကာ ခြဲထားလို႔မရတဲ့ သံေယာဇဥ္ႀကိဳး ေတြ နဲ႔ခ်ည္ထားၾကသူေတြပါ။ ခ်စ္စရာ သားအမိ သုံးေယာက္ရဲ့ ပုံေလးေတြကို ေဝမၽွေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Thinzar Nwe Win

UNICODE

ပျော်စရာ မိသားစုဘဝ မှာ သူမ ကို သိပ်ချစ်ပြီး တန်ဖိုးထားတဲ့ ခင်ပွန်းအပြင် ချစ်စရာသား နဲ့ သမီးကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ မေမေသဥ္ဇာနွယ်ဝင်း က သားနဲ့သမီးလေး ကို သိပ်ချစ်လွန်း လို့ ဘယ်သွားသွား ခေါ်သွားပြီး သားသမီးတွေ နဲ့အတူ ချစ်စရာပုံလေး တွေ ဓာတ်ဖမ်းတတ် ပါသေးတယ်။ သားလေးက အသက်သုံးနှစ်ပြည့် သွားခဲ့ပြီဖြစ်ပြီး သမီးလေး ကလည်း ကိုကိုနဲ့အတူ ဆော့ ဖော် ဆော့ ဖက်လေး ဖြစ်လာခဲ့ပါပြီ။

ဒီကလေး တွေကိုကြည့်ရင်း သူမ ရဲ့ နေ့ရက်တွေဟာ ပိုပြီး ပျော်စရာ ကောင်းလာခဲ့ပါတယ်။ အနုပညာ အလုပ်တွေအရင်လို မလုပ်ဖြစ်တော့တဲ့ သဥ္ဇာဟာ သူမလည်းအရမ်း ကြိုက်သလို သမီးလေး ရဲ့ နာမည်လည်းဖြစ်တဲ့ ကျူလစ် ဆို တဲ့ တံဆိပ်လေးနဲ့ ညအိပ်ဝတ်စုံလေး တွေ ထုတ်လုပ်ရောင်းချနေခဲ့ပါတယ်။

ဒီနေ့မှာလည်း သားအမိ သုံးယောက်အတူအပြင်ထွက်လည်ကြတဲ့ပုံလေးတွေကို ” ဘယ်သွားသွားသားနဲ့သမီးပါမှစိတ်ဖြောင့်တယ် အိမ်မှာချန်ထားခဲ့ရင်ခဏဆိုလွမ်းလာလို့​ အမြဲခေါ်သွားတော့ ကြာကြာလည်ရတာပေါ့ ” ဆိုပြီး တင် ထားတာပဲဖြစ်ပါတယ်။ မိခင် နဲ့ သားသမီးဆိုတာ အချိန်ကြာကြာ ခွဲထားလို့မရတဲ့ သံယောဇဉ်ကြိုး တွေ နဲ့ချည်ထားကြသူတွေပါ။ ချစ်စရာ သားအမိ သုံးယောက်ရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Thinzar Nwe Win