ပရိသတ္ႀကီး ေရ အသံပါဝါ အားေကာင္းေကာင္း နဲ႔ ပရိသတ္ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ အဆိုေတာ္ အာဇာနည္ ကေတာ့ သာယာတဲ့ မိသားစုဘဝေလး တစ္ခုကို ပိုင္ဆိုင္ ခြင့္ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ဖစ္ဖစ္တုန္ နဲ႔ ခ်စ္ခ်စ္ တုန္ ဆိုတဲ့ သားေလး ႏွစ္ေယာက္ နဲ႔ မစ္မစ္တုန္ ဆိုတဲ့ သမီးေလးတစ္ေယာက္ ရွိၿပီး လူတိုင္း အားက်ရတဲ့ မိသားစု ဘဝေလး ကို ရရွိထားတာပါ ။

ဒီေန႔ ဇန္နဝါရီ လ (၁၀) ရက္ေန႔ ကေတာ့ သားအလတ္တေလး ျဖစ္တဲ့ ခ်စ္ခ်စ္တုန္ ရဲ့ ေမြးေန႔ေလးျဖစ္ၿပီး ခ်စ္တဲ့ သားေလးရဲ့ ေမြးေန႔ ပြဲေလးကို ဘုန္းဘုန္း ရွင္ေဆကိႏၵက ႂကြေရာက္ တရားေပးခဲ့ၿပီး တရားေပး အလႉေလးတစ္ခု မိသားစု နဲ႔ အတူ ျပဳလုပ္ခဲ့ၾကပါတယ္ ။ ေမြးေန႔ တရားေပး ပုံရိပ္ေလးေတြကိုလည္း အာဇာနည္က လူမႈကြန္ရက္ စာမ်က္ႏွာကေန တဆင့္ ပရိသတ္ေတြ ကို မၽွေဝေပးခဲ့ပါတယ္ ။

ပရိသတ္ေတြ ကခ်စ္ေတာ့ ခ်စ္ခ်စ္တုန္ ေလးအတြက္ ေမြးေန႔ ဆုမြန္ေကာင္းေတြ အမ်ားႀကီး ေပးခဲ့ၾကၿပီး တရားေပး အလႉေလးအတြက္ သာဓုေတြေခၚဆိုခဲ့ၾကပါတယ္ ။ Happy Birthday ပါ ခ်စ္ခ်စ္ ေလးေရ ေမြးေန႔မွ စၿပီး ေနာင္ႏွစ္ေပါင္းမ်ား စြာထိ မိသားစု နဲ႔အ တူ ေပ်ာ္ရႊင္စြာ ေနထိုင္ၿပီး လိမၼာေရးျခား ရွိတဲ့သားလိမၼာေလးျဖစ္ပါေစလို႔ ဆယ္လီ ကမၻာကလည္း ဆုမြန္ေကာင္းေတာင္း ေပးလိုက္ပါတယ္ေနာ္ ။

Source : R Zar Ni
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီး ရေ အသံပါဝါ အားကောင်းကောင်း နဲ့ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် အာဇာနည် ကတော့ သာယာတဲ့ မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင် ခွင့်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန် နဲ့ ချစ်ချစ် တုန် ဆိုတဲ့ သားလေး နှစ်ယောက် နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်း အားကျရတဲ့ မိသားစု ဘဝလေး ကို ရရှိထားတာပါ ။

ဒီနေ့ ဇန်နဝါရီ လ (၁၀) ရက်နေ့ ကတော့ သားအလတ်တလေး ဖြစ်တဲ့ ချစ်ချစ်တုန် ရဲ့ မွေးနေ့လေးဖြစ်ပြီး ချစ်တဲ့ သားလေးရဲ့ မွေးနေ့ ပွဲလေးကို ဘုန်းဘုန်း ရှင်ဆေကိန္ဒက ကြွရောက် တရားပေးခဲ့ပြီး တရားပေး အလှူလေးတစ်ခု မိသားစု နဲ့ အတူ ပြုလုပ်ခဲ့ကြပါတယ် ။ မွေးနေ့ တရားပေး ပုံရိပ်လေးတွေကိုလည်း အာဇာနည်က လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ပရိသတ်တွေ ကို မျှဝေပေးခဲ့ပါတယ် ။

ပရိသတ်တွေ ကချစ်တော့ ချစ်ချစ်တုန် လေးအတွက် မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီး ပေးခဲ့ကြပြီး တရားပေး အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ Happy Birthday ပါ ချစ်ချစ် လေးရေ မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများ စွာထိ မိသားစု နဲ့အ တူ ပျော်ရွှင်စွာ နေထိုင်ပြီး လိမ္မာရေးခြား ရှိတဲ့သားလိမ္မာလေးဖြစ်ပါစေလို့ ဆယ်လီ ကမ္ဘာကလည်း ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်နော် ။

Source : R Zar Ni
Emily (Cele Gabar)