


Source: Baby Maung ‘s fb

UNICODE

အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကနေ လူသိများ ထင်ရှား လာတဲ့ အဆိုတော် လေး သားဂန်း နဲ့ သွက်လက် ချက်ချာပြီး စိတ်ထား ကောင်း ပွင့်လင်းတဲ့ သရုပ်ဆောင် ဘေဘီမောင် တို့ရဲ့ အချစ် ဇာတ်လမ်းလေးကတော့ ပရိသတ် တိုင်းအားကျ စရာပါပဲ။ သားဂန်း နဲ့ ဘေဘီမောင် က အသက်အရွယ် ကွာခြားမှုရှိပေမယ့် တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှု တွေတည်ဆောက် လာခဲ့တာမို့ မကြာခင် မှာ လက်ထပ် ကြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ မင်္ဂလာသတင်း အတွက် စိတ်ဝင်စားစွာ နဲ့ စောင့်မျှော် အားပေးနေ ကြတာပဲ ဖြစ်ပါတယ်။

သားဂန်း ကတော့ ဘေဘီ မောင်ထက် အသက်ငယ် ရွယ်သူ ဖြစ်ပေမယ့် ရင့်ကျက် ပြီး ယောကျာ်းပီသတဲ့ စိတ်ရှိကြောင်း ဘေဘီမောင် က ဒီကနေ့မှာ ပြသလာပါတယ်။ ဘေဘီမောင်က “ဒီvideo လေးက သူ နဲ့ ချစ်သူ ဖြစ်တာ၂လလောက်ပဲ ရှိသေးတဲ့အချိန်ပါ🥰 အဓိကပြောချင်တာက ယောကျာ်းကောင်း တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ အပြောဆို အမူအယာလေးတွေပါ ပဲ🥰ဘေဘီအများကြီး ပြောစရာမလိုဘူး ထင်ပါတယ် ချစ်ရတဲ့ အသဲတို့ပဲဒီvideoလေးကြည့်ပြီး ဝေဖန် သုံးသပ် ပေးကြပါဦးနော်🥰” ဆိုပြီး သားဂန်း ရဲ့ ချစ်စရာ အပြုအမူလေး အကြောင်းကို ပြောလာပါတယ်။

ဘေဘီမောင် ကတော့ ချစ်သူ သက်တမ်း (၂) လလောက် ကတည်းက သားသား မီးမီးတွေရတဲ့ အထိ စိတ်ကူး ယဉ်တတ်တဲ့ သားဂန်း အကြောင်း ကြည်ကြည်နူးနူး ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးသားပြီး ချစ်စရာ ကောင်းလွန်းတဲ့ သားဂန်း ကိုကြည့်ပြီး ဘေဘီမောင် ရဲ့ ဖူးစာရှင် လက်တွဲဖော်အတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Baby Maung ‘s fb
Bilie – Cele Connections