ပရိသတ်ကြီးရေ ပြီးခဲ့တဲ့သြဂုတ်လ (၂) ရက်နေ့မှာ ဘဝတစ်ပါးကို ပြောင်းရွှေ့သွားတဲ့ လူရွှင်တော် ဦးမေတ္တာဟာ မိသားစုအတွက် အားကိုးရတဲ့ဖခင်တစ်ယောက်ဖြစ်ခဲ့သလို သားသမီးတွေ အတွက်လည်း အဖေလို တစ်မျိုး သူငယ်ချင်းလို တစ်မျိုး ချစ်ခင်ရသူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် (၆၇) နှစ်မှာ ဆုံးပါးသွားခဲ့ပြီး ကျန်ရစ်သူမိသားစုတွေကတော့ အခုချိန်ထိ လွမ်းတသသ ဖြစ်နေရဆဲပါ။ ဒီနေ့မှာလည်း သားဖြစ်သူမေတ္တာမြင့်မြတ်ဟိန်းဟာ လွန်ခဲ့တဲ့တစ်နှစ်က သားအဖသုံးယောက် အတူတူကခဲ့တဲ့ ပျော်စရာ Tik Tok Video လေးကို ” ဖေဖေရယ် ” ဆိုတဲ့စာလေးရေးပြီး Memory ပြန် Share ထားခဲ့ပါတယ်။

ပျော်စရာအချိန်တွေကို နှစ်ပေါင်းများစွာ အတူတူဖြတ်သန်းလာခဲ့ပြီးမှ ရုတ်တရက်ကြီးခွဲခွာသွားရတဲ့ ခံစားချက်ဟာ အတော်လေးဆိုးဝါးလွန်းပါတယ်။ ဖခင်မရှိတော့တဲ့အိမ်ရဲ့ လစ်ဟာမှုဟာ ဘာနဲ့မှအစားထိုးမရနိုင်အောင်ပါပဲ။ သားသမီးနှစ်ယောက်လုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီးနေခဲ့တဲ့ ဦးမေတ္တာလို ဖခင်ကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာမို့ မိသားစုအတွက်တော့ ဖြေမဆည်နိုင်အောင် ထိခိုက်နာကျင်ရပါတယ်။

ရောဂါဆိုးကြီးရဲ့နှိပ်စက်မှုတွေကိုအလူးအလဲခံစားရင်း သားလေးရဲ့လက်ပေါ်မှာပဲ အသက်ဆုံးရှုံးခဲ့တဲ့ ဦးမေတ္တာကို ရည်စူးပြီး မိသားစုကလည်း မကြာခဏဆိုသလို အလှူဒါနလေးတွေ တတ်နိုင်သလောက် လုပ်ပေး ကြပါတယ်။ ပြန်မရနိုင် တော့ပေမယ့်လည်း သားအဖသုံးယောက်ရဲ့ ပျော်စရာကောင်းခဲ့တဲ့ အတိတ်က အမှတ်တရဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Source : Myittar Myint Myat Hein

ZAWGYI

ပရိသတ္ႀကီးေရ ၿပီးခဲ့တဲ့ၾသဂုတ္လ (၂) ရက္ေန႔မွာ ဘဝတစ္ပါးကို ေျပာင္းေရႊ႕သြားတဲ့ လူရႊင္ေတာ္ ဦးေမတၱာဟာ မိသားစုအတြက္ အားကိုးရတဲ့ဖခင္တစ္ေယာက္ျဖစ္ခဲ့သလို သားသမီးေတြ အတြက္လည္း အေဖလို တစ္မ်ိဳး သူငယ္ခ်င္းလို တစ္မ်ိဳး ခ်စ္ခင္ရသူ တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အသက္ (၆၇) ႏွစ္မွာ ဆုံးပါးသြားခဲ့ၿပီး က်န္ရစ္သူမိသားစုေတြကေတာ့ အခုခ်ိန္ထိ လြမ္းတသသ ျဖစ္ေနရဆဲပါ။ ဒီေန႔မွာလည္း သားျဖစ္သူေမတၱာျမင့္ျမတ္ဟိန္းဟာ လြန္ခဲ့တဲ့တစ္ႏွစ္က သားအဖသုံးေယာက္ အတူတူကခဲ့တဲ့ ေပ်ာ္စရာ Tik Tok Video ေလးကို ” ေဖေဖရယ္ ” ဆိုတဲ့စာေလးေရးၿပီး Memory ျပန္ Share ထားခဲ့ပါတယ္။

ေပ်ာ္စရာအခ်ိန္ေတြကို ႏွစ္ေပါင္းမ်ားစြာ အတူတူျဖတ္သန္းလာခဲ့ၿပီးမွ ႐ုတ္တရက္ႀကီးခြဲခြာသြားရတဲ့ ခံစားခ်က္ဟာ အေတာ္ေလးဆိုးဝါးလြန္းပါတယ္။ ဖခင္မရွိေတာ့တဲ့အိမ္ရဲ့ လစ္ဟာမႈဟာ ဘာနဲ႔မွအစားထိုးမရနိုင္ေအာင္ပါပဲ။ သားသမီးႏွစ္ေယာက္လုံးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရင္းရင္းႏွီးႏွီးေနခဲ့တဲ့ ဦးေမတၱာလို ဖခင္ေကာင္းတစ္ေယာက္ဆုံးရႈံးလိုက္ရတာမို႔ မိသားစုအတြက္ေတာ့ ေျဖမဆည္နိုင္ေအာင္ ထိခိုက္နာက်င္ရပါတယ္။

ေရာဂါဆိုးႀကီးရဲ့ႏွိပ္စက္မႈေတြကိုအလူးအလဲခံစားရင္း သားေလးရဲ့လက္ေပၚမွာပဲ အသက္ဆုံးရႈံးခဲ့တဲ့ ဦးေမတၱာကို ရည္စူးၿပီး မိသားစုကလည္း မၾကာခဏဆိုသလို အလႉဒါနေလးေတြ တတ္နိုင္သေလာက္ လုပ္ေပး ၾကပါတယ္။ ျပန္မရနိုင္ ေတာ့ေပမယ့္လည္း သားအဖသုံးေယာက္ရဲ့ ေပ်ာ္စရာေကာင္းခဲ့တဲ့ အတိတ္က အမွတ္တရဗီဒီယိုေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္ တင္ဆက္ေပးလိုက္ပါတယ္။

Source : Myittar Myint Myat Hein