
{“uid”:”5C29B075-1566-49A4-8AC4-44499F86CCFE_1610432955601″,”source”:”other”,”origin”:”unknown”}



Yuan – Cele Zone

unicode

ဟာသမင်းသမီးလေး အဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင် မှုကင်းပြီး ဖော်ရွေလွန်း သူလေး ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေး အတွင်းမှာတင် ကြီးမားတဲ့အောင်မြင် မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏ ဆိုသလို လိုအပ်သူတွေကို တတ်နိုင်သလောက် လှူဒါန်းလေ့ ရှိရာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားသူလေးပါ။သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြ လေ့ရှိရာ အခုမှာလည်း မေမေနဲ့ အတူ ဟန်ပန်အပြည့်နဲ့ ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို ဖော်ပြထားရာ ချစ်ဖို့ကောင်းသလို ရယ်နေရတာကြောင့် ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဖြူဖြူထွေးရဲ့ ဟာသဇာတ်လမ်းတိုလေး တွေဟာလည်း ရေပန်းစားလူ ကြိုက်များခဲ့တာလည်း အမှန်ပါပဲ ။စိတ်သဘောထား ကောင်းပြီး လူတိုင်းကို ကူညီလေ့ရှိတဲ့သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခု ကိုရယူထားနိုင်ခဲ့ပါတယ်။ cele zone ပရိသတ်ကြီးတွက် ဖြူဖြူထွေးတို့ သားအမိရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့် အနုပညာအလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone