UNICODE
သရုပ်ဆောင် တိုင်ရွန် ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုတွေ နဲ့ အနုပညာ လောကမှာ အောင်မြင်နေ သူ တစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေ ပေါ်ကိုလည်း တလေး တစား ဆက်ဆံတတ်ပြီး လူတိုင်းအပေါ်မှာ ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက လေးစားနေ ကြတာပါ။ တိုင်ရွန် ကတော့ အားလပ်ရက်များတွင် လည်း သူငယ်ချင်းတွေ နဲ့ အတူ ပရဟိတ အလုပ်တွေ ကူညီ ဆောင်ရွက်ပေး သူ တစ်ယောက် ပါပဲနော်။
လတ်တလော အခြေအနေ တွေကြောင့် တိမ်းရှောင်နေ ရ ပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် Speak Out လုပ်ပေးနေသောသူ တစ်ယောက်
လည်းဖြစ်ပါတယ်။ဒါ့အပြင် မနေ့က ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့က ဖြစ်စဉ်တွင် သူ့ဘက်က ဘာမှမလုပ်ပေးနိုင်တဲ့အတွက် ဝမ်းနည်းကြောင်းကိုလည်း ရေးသားထား
တာကိုလည်းမြင်တွေ့ ရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း တိုင်ရွန်ရဲ့ Facebook Story တွင် နေ့စဉ်ရက်ဆက် ဆိုသလို ထမင်းတောင် မစား
နိုင်ဘဲ သားကိုစိတ်ပူနေတဲ့ ဖခင်ဖြစ်သူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းကိုရေးသားထားတာဖြစ်ပါတယ်..။
” ထမင်းလည်း မစား တစ်နေ့ တစ်နေ့ Facebook ပေါ်က သတင်းတွေ ဖတ်ပြီး သားဖြစ်သူကို စိတ်ပူ နေတယ်တဲ့။ ပါးပါးရေ သားလည်း သတိရပါတယ် စိတ်မပူပါနဲ့ ဒီအခြေအနေ ကြီး အမှန်တရား အတိုင်း အေးချမ်းသွား ရင် အရင်လို အေးအေး ဆေးဆေး ပြန်နေနိုင် မှာပါ သားလည်း သတိ ရနေပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ 🙏🏻 “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ခွဲခွာနေရတဲ့ မိသားစုတွေလည်း အမြန်ဆုံး ပြန်လည် ပေါင်းစည်း နိုင်ပါစေလို့လည်း ဆုတောင်းပေး လိုက်ရပါတယ်။
Source and Photo Crd-Tyron Bejay’s Facebook Account