အခုလတ္တေလာ လူမႈကြန္ယက္စာ မ်က္ႏွာထက္မွာ ပ်ံ႕ႏွံ့ေနတဲ့ ပုံရိပ္တစ္ခု ကေတာ့ ျမင္ေတြ႕ရသူေတြကို စိတ္မေကာင္းၿဖ စ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဒီပုံရိပ္ထဲမွာ မိခင္တစ္ဦးက သားျဖစ္သူရဲ့႐ုပ္အေလာင္းကို ျမင္ေတြ႕ရဖို႔ ရင္ခြဲ႐ုံအေရွ႕မွာ ထိုင္ေစာင့္ေန တာပဲ ျဖစ္ပါတယ္ ။ ရင္နဲ႔လြယ္ေမြးခဲ့ရတဲ့ သားေလးကို ဆုံးရႈံးလိုက္ရတဲ့ မိခင္ျဖစ္သူကေတာ့ဝမ္းနည္းပူေဆြးၿပီး ရင္ထဲမွာ အတိုင္းမသိနာက်င္ ေနမယ္ဆိုတာကို ပုံျမင္လိုက္႐ုံနဲ႔တင္ သိေစနိုင္တာ ျဖစ္ပါတယ္ ။

ေႂကြလြင့္သြားတဲ့ သူရဲေကာင္းကေတာ့ တီးတိန္ၿမိဳ႕နယ္၊ ေထးဇန္က ဒိုဆြမ္းကိမ္းဆိုတဲ့ ေကာင္ေလးပဲ ျဖစ္ပါတယ္ ။ အသက္ (၁၉) ႏွစ္အရြယ္သာရွိေသးတဲ့ ဒိုဆြမ္းကိမ္းက လူငယ္ပီပီ တက္တက္ႂကြႂကြရွိၿပီး လူထုလႈပ္ရွားမႈ ေတြကို ႀကိဳးစားပမ္းစား ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္က က်ဆုံးသြားတဲ့ ဒိုဆြမ္းကိမ္းရဲ့ Dead Bodyကို မေန႔ကအထိ ျပန္လည္မရရွိ ေသးတာေၾကာင့္ မိခင္ျဖစ္သူခမ်ာ သားေလးရဲ့ ဓာတ္ပုံကိုၾကည့္ၿပီး ထိုင္ေစာင့္ေနရတာ ျဖစ္ပါတယ္ ။

ဒီပုံရိပ္ကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ မၽွေဝခဲ့တဲ့ ျပည္သူ တစ္ဦးက “အေမေစာင့္ေနတယ္ေနာ္ သား ၊ 😢 အသက္ (၁၉)ႏွစ္ျဖစ္သူ Do Suan Kim ရဲ့dead body ထုတ္ဖို႔ အားလုံးအဆင့္ဆင့္လုပ္ၿပီး စစ္ေဆး႐ုံရဲ့ရင္ခြဲ႐ုံေရွ႕ ေရာက္ၿပီးမွ ဆႏၵျပတဲ့အခ်ိန္ၿပီးမွ ထုတ္ေပးမယ္လို႔ ေျပာလာပါတယ္ ေစာင့္ေနၾကတုန္းပါ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္ ။ ဒိုဆြမ္းကိမ္းရဲ့အျဖစ္ကို ၾကားသိလိုက္ရတဲ့ ျပည္သူေတြကလည္း သူ႔အတြက္ေရာ သူ႔ရဲ့ မိခင္အတြက္ပါ စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။ သားေလးကိုထိုင္ေစာင့္ေနတဲ့ မိခင္တစ္ဦးရဲ့ရင္နင့္ေၾကကြဲစရာ ပုံရိပ္တစ္ခု ကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit- Suan Mwan Sang’s FB Acc

unicode
အခုလတ်တလော လူမှုကွန်ယက်စာ မျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ခု ကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်းဖြ စ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီပုံရိပ်ထဲမှာ မိခင်တစ်ဦးက သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ရင်ခွဲရုံအရှေ့မှာ ထိုင်စောင့်နေ တာပဲ ဖြစ်ပါတယ် ။ ရင်နဲ့လွယ်မွေးခဲ့ရတဲ့ သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ဝမ်းနည်းပူဆွေးပြီး ရင်ထဲမှာ အတိုင်းမသိနာကျင် နေမယ်ဆိုတာကို ပုံမြင်လိုက်ရုံနဲ့တင် သိစေနိုင်တာ ဖြစ်ပါတယ် ။

ကြွေလွင့်သွားတဲ့ သူရဲကောင်းကတော့ တီးတိန်မြို့နယ်၊ ထေးဇန်က ဒိုဆွမ်းကိမ်းဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ ဒိုဆွမ်းကိမ်းက လူငယ်ပီပီ တက်တက်ကြွကြွရှိပြီး လူထုလှုပ်ရှားမှု တွေကို ကြိုးစားပမ်းစား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်က ကျဆုံးသွားတဲ့ ဒိုဆွမ်းကိမ်းရဲ့ Dead Bodyကို မနေ့ကအထိ ပြန်လည်မရရှိ သေးတာကြောင့် မိခင်ဖြစ်သူခမျာ သားလေးရဲ့ ဓာတ်ပုံကိုကြည့်ပြီး ထိုင်စောင့်နေရတာ ဖြစ်ပါတယ် ။

ဒီပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တဲ့ ပြည်သူ တစ်ဦးက “အမေစောင့်နေတယ်နော် သား ၊ 😢 အသက် (၁၉)နှစ်ဖြစ်သူ Do Suan Kim ရဲ့dead body ထုတ်ဖို့ အားလုံးအဆင့်ဆင့်လုပ်ပြီး စစ်ဆေးရုံရဲ့ရင်ခွဲရုံရှေ့ ရောက်ပြီးမှ ဆန္ဒပြတဲ့အချိန်ပြီးမှ ထုတ်ပေးမယ်လို့ ပြောလာပါတယ် စောင့်နေကြတုန်းပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ဒိုဆွမ်းကိမ်းရဲ့အဖြစ်ကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက်ရော သူ့ရဲ့ မိခင်အတွက်ပါ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ သားလေးကိုထိုင်စောင့်နေတဲ့ မိခင်တစ်ဦးရဲ့ရင်နင့်ကြေကွဲစရာ ပုံရိပ်တစ်ခု ကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit- Suan Mwan Sang’s FB Acc