ပရိတ်သတ်ကြီးရေ…နိုင်ငံကျော် အဆိုတော် ရေမွန်(ခ) တွတ်ပီ (Idiots Band ) ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက် ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင် ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ရေမွန် ကွယ်လွန်ခဲ့တဲ့ အတွက် နိုင်ငံတဝန်း ရေမွန် ရဲ့ ပရိသတ် အမြောက်အများက လူမှု့ကွန်ရက် စာမျက်နှာမှာ ရေမွန် အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ရေမွန် ရဲ့ မိခင်ဒေါ်ခင်မြတ်မွန် ဟာဆိုရင် သားဖြစ်သူ ဆုံးပါသွားတာကို ခုထက်တိ တိုင်လက်မခံနိုင်ပါသေးဘူးနော်.။ဘဝကိုခက်ခက်ခဲခဲရုန်းကန်ပြီးသားနဲ့သမီးကိုရိုးသားစွာ နဲ့ ရှာဖွေကျွေးမွေးခဲ့ပုံကို ခုလိုပဲရင်ထဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်.။သားနဲ့သမီးကို ဖြူဖြူ စင်စင် ရှာလို့ရတဲ့ ချွေးနည်း စာအစစ်နဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်.အတောင်ပံ တစ်ဖက်စီ မရှိတဲ့ ကလေးတွေလေ၊အဖေ တွေက ပိုးဆိုးပက်စက် နဲ့ပစ်သွားကြတဲ့ ကလေးတွေဖြစ်တဲ့ အတွက် အရမ်းကြိုးစားပြီး ပြုစု ပျိုးထောင် ခဲ့တယ်။

ပိုပြီးလည်း ချစ်ခဲ့တယ်။ဒါပေမယ့်လည်း သား နဲ့ သမီး ကို ပြည့်စုံအောင် မထားနိုင်ဘူး ဆိုတဲ့ စိတ်ကြီး က အမြဲ ရှိနေတယ် ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။ရေမွန်တို့ရဲ့မိခင် ဒေါ်ခင်မြတ်မွန် ရဲ့ ရင်တွင်းခံစားနေရတဲ့ ဘဝအခက်အခဲတွေကြားထဲက ရုန်းကန်ခဲ့ရတဲ့ အကြောင်းအပြည့်အစုံကို ဗီဒီယိုလေးနဲ့တကွတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်.။

crd-original

ZAWGYI




crd-original