ချောရတနာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ အထိဇာတ်ရုပ်တွေကို ပိုင်နိုင်အောင် သရုပ်ဆောင် နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ချောရတနာ ကတော့ ခင်ပွန်းသည်နဲ့ အိမ်ထောင်ကျ ပြီး အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး မိသားစုကို ပိုမိုအချိန် ပေးဖြတ်သန်းနေခဲ့ပါတယ်။ သို့ပေမဲ့လည်း ပရိသတ်အားပေးမှုကတော့ လျော့နည်းသွားခြင်းမရှိပါဘူးနော်..။
Live Sale အလုပ်တွေကို ဆက်တိုင်လုပ်ကိုင်နေတဲ့ ချောရတနာက သားသမီးတွေ ကိုလည်း အချိန်ပေးဖို့မမေ့မလျော့တဲ့အပြင် သားသမီးလေးတွေရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိတ်သတ်တွေကို အမြဲတမ်းပြသလေ့ရှိပါသေးတယ်နော်။ဒီတစ်ခါမှာဆိုရင်လည်း ဘုရားရှစ်ခိုး နေရင်းအမေဗီဒီယိုရိုက်ကူးနေမှန်းသိလို့့ အိုက်တင်လှမ်းလုပ်လိုက်တဲ့သားလေးကို “သရုပ်ဆောင် တစ်ယောက်ရဲ့ သား ပီသ တယ်🤣” ဆိုပြီး အရွှန်းဖောက်စနောက်ခဲ့တာပဲဖြစ်ပါတယ်နော်.။
ချစ်စရာကောင်းတဲ့ ချောရတနာရဲ့ သားသမီးတွေကိတော့ အမေဖြစ်သူရဲ့လှပတဲ့ အမွေတွေကို ဆက်ခံရရှိထားတာမို့ အနုပညာသာဝါသနာပါခဲ့ရင် သရုပ်ဆောင်တောင်လုပ်လို့ရတာပဲဖြစ်ပါတယ်နော်။အိုင်တင် အရမ်းကောင်းတဲ့ ချောရတနာသားကြီးရဲ့ဗီဒီယိုလေးကို ပရိတ်သတ်ကြီးအတွက် တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။.ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ ချောရတနာရဲ့သားလေးကိုကြည့်ပြီး အသည်းယား သဘောကျနေကြမယ်ထင်ပါတယ်နော်။
Source: Chaw Yadanar ‘s fb
Credit
zawgyi
Credit