



UNICODE

ဆွဲဆောင် မှုရှိလှတဲ့ အသံအေးအေး နဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲထိရောက်အောင် ဖမ်းစားထား သူကတော့ အဆိုတော် ရွှေထူး ပဲ ဖြစ်ပါတယ်။ သူဟာ လူမှုကွန်ယက်ပေါ်တွင် သီချင်းလေး တွေ ဝေမျှ တင်ဆက်ပေးရာ မှ တစ်ဆင့် လူကြိုက် များလာတာလည်း ဖြစ်ပါတယ်။ တေးစီးရီး Album များလည်း ထွက်ရှိထားပြီး ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးမှုတွေ ကို ရရှိထားတာ လည်း ဖြစ်ပါတယ်။ ရွှေထူး ဟာ အဆိုတော်ဘက် တွင် သာမကဘဲ သရုပ်ဆောင် ဘက်မှာပါ ထူးချွန်သူ လည်း ဖြစ်ပါတယ်။

သူပါဝင် သရုပ်ဆောင် ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေဟာ လည်း လူကြိုက် များခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေး ခင် ကလည်း ခယ်မ ဖြစ်သူ ငွေမှုံရတီနဲ့အတူ ” ဖြေ ” ဆိုတဲ့ Music Video လေး ထွက်ရှိ ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူး ဟာ တက်တူး ထိုး ရတာကိုလည်း ကြိုက်နှစ် သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲလိုလိုလည်း ပုံစံအသစ် တွေနဲ့ အမိုက်စား တက်တူးတွေ ထိုးလေ့ ရှိသူလည်း ဖြစ်ပါတယ်။

မနေ့ည ကလည်း ရွှေထူး ရဲ့ Facebook Story မှာ ဗီဒီယို လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နာကျင်မှုကို တောင်မေ့ ပြီး သီချင်းလေးတအေးအေး နဲ့ ဝမ်းဗိုက်မှာ အမိုက်စားတက်တူးတစ်ခုရေးထိုးနေတဲ့ ရွှေထူး ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှု ခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ရပြီး ရွှေထူး တစ်ယောက် ဘာတက်တူးတွေ ထိုးထားလည်း ဆိုတာ ခန့်မှန်းပေး သွားကြပါဦးနော်။

Source and Photo Crd- Htoo Khant’s Facebook Account