သ႐ုပ္ေဆာင္ ေတြျဖစ္ၾကတဲ့ ျမင့္ျမတ္ ၊ ယုန္ေလး ၊ ခင္လွိုင္နဲ႔ Kညီ တို႔ ေလးေယာက္ကေတာ့ လတ္တေလ ာမွာ အႏုပညာ အလုပ္ေတြကို အတူႀကိဳးစားလုပ္ကိုင္ ေနတာျဖစ္ၿပီး ဘယ္သြားသြား ဘာလုပ္လုပ္ အတူေတြ႕ေနရတာလည္းျဖစ္ပါတယ္။ ၄ ေယာက္ ဆုံလိုက္ရင္ ရယ္ေမာစရာ ဟာသေလးေတြကို ဖန္တီးေလ့ရွိတာျဖစ္လို႔ ပရိသတ္ေတြကလည္း အႀကိဳက္ေတြ႕ေနၾကတာပါ။
မၾကာခဏ ဆိုသလိုလည္း Tiktok ဗီဒီယိုေလးေတြမွာ အခြီေလး ေတြအျဖစ္ သီခ်င္ေလး ေတြကို အတြဲညီညီ ကျပေဖ်ာ္ေျဖေလ့ရွိတာကိုလည္း ေတြ႕ရပါတယ္။ စိတ္ရင္းေကာင္းၿပီး ညီအစ္ကို ေတြလို ခင္မင္းရင္းႏွီး ၾကတဲ့ သူတို႔ ၄ေယာက္က ယခုမွာလည္း ခ်စ္သူငယ္ခ်င္းႀကီး ရဲေလးအတြက္ ေမြးေန႔ဆုေတာင္းေပးလာခဲ့ပါတယ္။
ယုန္ေလးက ရဲေလးရဲ့ သီခ်င္းကို ဖြင့္ကာ ဆုေတာင္းေပး ေနရင္းကေန ျမင့္ျမတ္က သူရဲ့ ရင္ဘတ္ေလးကို ဖိကာ သီခ်င္းေလးနဲ႔ အပီအျပင္ Feelေနခဲ့တာေၾကာင့္ အမူအရာ ေတြေအာက္မွာ စီးေမ်ာေနခဲ့တာပါ။ အဆိုပါ ဆုေတာင္း ေပးေနတဲ့ ဗီဒီယိုေလးအျပင္ ” ၁၁ ရက္ေန႔ Birthday အတြက္ ႀကိဳဆုေတာင္းေပးပါတယ္ . ရဲေလးေရ Happy Birthday Par အစစ အရာရာ အဆင္ေျပပါေစ ၁၁ရက္ေန႔ မွာ 7 pm မွာ စေဖ်ာ္ေျဖမယ့္ Birthday Show ေလးလည္း အဆင္ေျပပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ ” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားလာတာ ျဖစ္လို႔ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္…..။
သတင္းအရင္းျမစ္: Source – Yone Lay ‘s FB Page
unicode
သရုပ်ဆောင် တွေဖြစ်ကြတဲ့ မြင့်မြတ် ၊ ယုန်လေး ၊ ခင်လှိုင်နဲ့ Kညီ တို့ လေးယောက်ကတော့ လတ်တလေ ာမှာ အနုပညာ အလုပ်တွေကို အတူကြိုးစားလုပ်ကိုင် နေတာဖြစ်ပြီး ဘယ်သွားသွား ဘာလုပ်လုပ် အတူတွေ့နေရတာလည်းဖြစ်ပါတယ်။ ၄ ယောက် ဆုံလိုက်ရင် ရယ်မောစရာ ဟာသလေးတွေကို ဖန်တီးလေ့ရှိတာဖြစ်လို့ ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပါ။
မကြာခဏ ဆိုသလိုလည်း Tiktok ဗီဒီယိုလေးတွေမှာ အခွီလေး တွေအဖြစ် သီချင်လေး တွေကို အတွဲညီညီ ကပြဖျော်ဖြေလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ စိတ်ရင်းကောင်းပြီး ညီအစ်ကို တွေလို ခင်မင်းရင်းနှီး ကြတဲ့ သူတို့ ၄ယောက်က ယခုမှာလည်း ချစ်သူငယ်ချင်းကြီး ရဲလေးအတွက် မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။
ယုန်လေးက ရဲလေးရဲ့ သီချင်းကို ဖွင့်ကာ ဆုတောင်းပေး နေရင်းကနေ မြင့်မြတ်က သူရဲ့ ရင်ဘတ်လေးကို ဖိကာ သီချင်းလေးနဲ့ အပီအပြင် Feelနေခဲ့တာကြောင့် အမူအရာ တွေအောက်မှာ စီးမျောနေခဲ့တာပါ။ အဆိုပါ ဆုတောင်း ပေးနေတဲ့ ဗီဒီယိုလေးအပြင် ” ၁၁ ရက်နေ့ Birthday အတွက် ကြိုဆုတောင်းပေးပါတယ် . ရဲလေးရေ Happy Birthday Par အစစ အရာရာ အဆင်ပြေပါစေ ၁၁ရက်နေ့ မှာ 7 pm မှာ စဖျော်ဖြေမယ့် Birthday Show လေးလည်း အဆင်ပြေပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…..။
သတင်းအရင်းမြစ်: Source – Yone Lay ‘s FB Page