



UNICODE

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး ကြီး ခင်ဇာခြည်ကျော် ရဲ့ သားအကြီး ဖြစ်သူ ဘုန်းမင်းနေလ ကတော့ အကယ်ဒမီ ရွှေကြိုမောင် တစ်ယောက် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ ပြီးနောက် ပရိသတ်တွေ ရဲ့ သတိထား အားပေးခြင်း ကို ခံခဲ့ရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလ ကတော့ အခု ဆိုရင် အသက် (၁၈) နှစ် ကျော်အရွယ် သာရှိသေး ပေမယ့် အနုပညာ အလုပ်တွေကို လုပ်ကိုင် နေပြီး ကြော်ငြာတွေ မှာ လည်း ပါဝင်သရုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလက အလုပ်တွေ လုပ်ကိုင်လာတာ နဲ့ အမျှ သူတို့ မောင်နှမ ကို Single Mother တစ်ယောက်အနေ နဲ့ ရပ်တည်ကျွေးမွေး လာခဲ့တဲ့ မိခင် ခင်ဇာခြည်ကျော်ကိုလည်း ပြန်လည် ပြုစုစောင့်ရှောက် နိုင်ဖို့ ကြိုးစားနေ တာပဲ ဖြစ်ပါတယ်။

မိခင် အပေါ် သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေ တဲ့ ဘုန်းမင်းနေလ က သူ့ရဲ့ ဖခင်နဲ့ အတူတူ မနေပေမယ့် စိတ်ထဲမှာ အမြဲတမ်း ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း ဘုန်းမင်းနေလ က သီဟသုဓမ္မမဏိဇောတဓရဘွဲ့ တံဆိပ်ကို ရရှိသွားခဲ့တဲ့ ဖခင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း “Congratulation Dad.. Good For You eh? ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြောလာတာပဲ ဖြစ်ပါတယ်။

ဘုန်းမင်းနေလ ကတော့ ငယ်ငယ်ကတည်း က အနေဝေးသွား ခဲ့တဲ့ ဖခင် ရဲ့ နိုင်ငံတော်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Phonemin Nay La’s fb
Bilie – Cele Connections