သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေနဆန္း ကေတာ့ ခ်စ္ရတဲ့ဇနီးေခ်ာေလးနဲ႔အတူ သာယာခ်မ္းေျမ့ တဲ့ မိသားစုဘဝေလးတစ္ခုကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္ ။ သားတစ္ေယာက္၊ သမီး တစ္ေယာက္ ပိုင္ဆိုင္ထားတဲ့ ေနဆန္းရဲ့ဘဝေလးက အရမ္းကို ၿပီးျပည့္စုံၿပီး အားက်ခ်င္စရာေကာင္း ေနတာပဲ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ ေနဆန္းတို႔ဇနီးေမာင္ႏွံက စီးပြားေရးလုပ္ငန္း ေတြကို တက္ညီလက္ညီ လုပ္ကိုင္ရင္း ေအာင္ျမင္ေနၾကတာ ျဖစ္ပါတယ္ ။

အခုေတာ့ ေနဆန္းတို႔ဇနီးေမာင္ႏွံက သူတို႔နဲ႔အရမ္းကို ခင္မင္ရင္းႏွီး တဲ့ သ႐ုပ္ေဆာင္မင္းသမီးႀကီး စိုးမိုးၾကည္ရဲ့ၿခံထဲကို သြားလည္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ (၃) ဧကေက်ာ္က်ယ္ဝန္းၿပီး သီးပင္၊စားပင္ေတြ စုံစုံလင္လင္ ရွိတဲ့ စိုးမိုးၾကည္ရဲ့ၿခံထဲမွာ ေနဆန္းတို႔ဇနီးေမာင္ႏွံ ကလည္း စိတ္အပန္းေျဖၿပီး ေပ်ာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ေနဆန္းရဲ့ခ်စ္ဇနီးေခ်ာေလးကလည္း ေန႔လည္စာစားၿပီးအနား ယူခဲ့ရင္းနဲ႔ အျပန္မွာၿခံထြက္သီးႏွံေတြ လက္ေဆာင္ရခဲ့ေၾကာင္း ေျပာျပခဲ့ေသးတာလည္း ျဖစ္ပါတယ္ ။

ေနဆန္းတို႔ဇနီးေမာင္ႏွံက “မေန႔က (39)မိုင္သို႔ ခ်စ္တုံး ခ်စ္ဆုံးေတြ နဲ႔လည္လည္ထြက္ပါတယ္။ သီးပင္၊ စားပင္ အလွပင္ေတြစုံလင္လွတဲ့ (3)ဧကေက်ာ္က်ယ္တဲ့ ဒီၿခံေလးမွာ ခ်စ္စရာတစ္ထပ္တိုက္ ေလးကလည္းပါေသး ေကာ္ဖီေလးေသာက္လိုက္ အသီးေလးခူးလိုက္ ဓာတ္ပုံေလးရိုက္လိုက္ နဲ႔ေပ်ာ္စရာပါ ေလတျဖဴးျဖဴးနဲ႔ ကြပ္ပ်စ္မွာထိုင္လို႔ ၿခံထြက္ပ်ားလိေမၼာ္ေလးစားရင္းနဲ႔ စကားေျပာ ေန႔လည္မွာေတာ့ ဆိုင္ကေနယူလာတဲ့ ထမင္းဘူးေလးေတြနဲ႔ ခ်ဥ္ေပါင္ေၾကာ္၊ ၾကက္ေၾကာ္၊ ေျမပဲဆံ၊ ေနလည္စာ စားၾကတာေပါ့ ၿခံပိုင္ရွင္အမႀကီး မ Soe Moe Kyi ကိုကပ္ခၽြဲၿပီး သူၿခံထဲက သီးႏွံေတြခူးလာတာအမ်ားႀကီးပဲ ဒီလိုပဲတြက္ေခ် ကိုက္ေအာင္ေတာ့ လုပ္ရတာေပါ့ အားတဲ့ရက္ေနာက္ တေခါက္သြားဖို႔ခ်ိန္းထားပါတယ္ ဘယ္သူေတြလိုက္ဦးမလဲရွင့္?” ဆိုၿပီး တင္ထားတာပဲ ျဖစ္ပါတယ္ ။ ကဲ စိုးမိုးၾကည္ပိုင္ဆိုင္တဲ့ၿခံႀကီးဆီကို အလည္သြားခဲ့တဲ့ ေနဆန္းတို႔ဇနီးေမာင္ႏွံရဲ့ပုံရိပ္ေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit-Chaw Su’s FB Acc

unicode

သရုပ်ဆောင် မင်းသားချော နေဆန်း ကတော့ ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ သာယာချမ်းမြေ့ တဲ့ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီး တစ်ယောက် ပိုင်ဆိုင်ထားတဲ့ နေဆန်းရဲ့ဘဝလေးက အရမ်းကို ပြီးပြည့်စုံပြီး အားကျချင်စရာကောင်း နေတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နေဆန်းတို့ဇနီးမောင်နှံက စီးပွားရေးလုပ်ငန်း တွေကို တက်ညီလက်ညီ လုပ်ကိုင်ရင်း အောင်မြင်နေကြတာ ဖြစ်ပါတယ် ။

အခုတော့ နေဆန်းတို့ဇနီးမောင်နှံက သူတို့နဲ့အရမ်းကို ခင်မင်ရင်းနှီး တဲ့ သရုပ်ဆောင်မင်းသမီးကြီး စိုးမိုးကြည်ရဲ့ခြံထဲကို သွားလည်ခဲ့ကြတာ ဖြစ်ပါတယ် ။ (၃) ဧကကျော်ကျယ်ဝန်းပြီး သီးပင်၊စားပင်တွေ စုံစုံလင်လင် ရှိတဲ့ စိုးမိုးကြည်ရဲ့ခြံထဲမှာ နေဆန်းတို့ဇနီးမောင်နှံ ကလည်း စိတ်အပန်းဖြေပြီး ပျော်ခဲ့ကြတာ ဖြစ်ပါတယ် ။ နေဆန်းရဲ့ချစ်ဇနီးချောလေးကလည်း နေ့လည်စာစားပြီးအနား ယူခဲ့ရင်းနဲ့ အပြန်မှာခြံထွက်သီးနှံတွေ လက်ဆောင်ရခဲ့ကြောင်း ပြောပြခဲ့သေးတာလည်း ဖြစ်ပါတယ် ။

နေဆန်းတို့ဇနီးမောင်နှံက “မနေ့က (39)မိုင်သို့ ချစ်တုံး ချစ်ဆုံးတွေ နဲ့လည်လည်ထွက်ပါတယ်။ သီးပင်၊ စားပင် အလှပင်တွေစုံလင်လှတဲ့ (3)ဧကကျော်ကျယ်တဲ့ ဒီခြံလေးမှာ ချစ်စရာတစ်ထပ်တိုက် လေးကလည်းပါသေး ကော်ဖီလေးသောက်လိုက် အသီးလေးခူးလိုက် ဓာတ်ပုံလေးရိုက်လိုက် နဲ့ပျော်စရာပါ လေတဖြူးဖြူးနဲ့ ကွပ်ပျစ်မှာထိုင်လို့ ခြံထွက်ပျားလိမ္မော်လေးစားရင်းနဲ့ စကားပြော နေ့လည်မှာတော့ ဆိုင်ကနေယူလာတဲ့ ထမင်းဘူးလေးတွေနဲ့ ချဉ်ပေါင်ကြော်၊ ကြက်ကြော်၊ မြေပဲဆံ၊ နေလည်စာ စားကြတာပေါ့ ခြံပိုင်ရှင်အမကြီး မ Soe Moe Kyi ကိုကပ်ချွဲပြီး သူခြံထဲက သီးနှံတွေခူးလာတာအများကြီးပဲ ဒီလိုပဲတွက်ချေ ကိုက်အောင်တော့ လုပ်ရတာပေါ့ အားတဲ့ရက်နောက် တခေါက်သွားဖို့ချိန်းထားပါတယ် ဘယ်သူတွေလိုက်ဦးမလဲရှင့်?” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ စိုးမိုးကြည်ပိုင်ဆိုင်တဲ့ခြံကြီးဆီကို အလည်သွားခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Chaw Su’s FB Acc