ပရိတ်သတ်ကြီးရေ သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ မြန်မာနိုင်ငံ ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လမ်းထွက် ဆန္ဒပြမှုတွေမှာလည်း နေ့တိုင်းလိုလို ပါဝင်ခဲ့တဲ့သူဖြစ်ပြီး မိသားစု လိုက်ရပ်တည်ချက် ပြတ်ပြတ်သားသားနဲ့ လျှောက်လှမ်းခဲ့တာကြောင့် ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထား ရတာဖြစ်ပါတယ်…..။

သဇင်ထူးမြင့်တို့ မိသားစု ဟာ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတာ ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေ ရပေမယ့်လည်း အရေးတော်ပုံကြီးအောင်မြင်ရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်အခြေအနေ တွေမှာ တတ်နိုင်တဲ့ ဘက်ကနေပါဝင် ကူညီပေးနေတာ တွေ့ရပါတယ်။ ယနေ့မှာ ဆိုရင်လည်း သဇင်ထူးမြင့် တို့ မိသားစုဟာ သုသာန်တွေမှာ အပင်ပန်းခံပြီး ကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေ နဲ့ မီးသဂြိုလ်‌ပေးဖို့ စောင့်နေကြရတဲ့ သူတွေအတွက် ထမင်းဘူးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို လည်း သူမရဲ့ Facebookစာမျက်နှာမှာ “သုသာန်မှာ အကြာကြီးစောင့်နေရတဲ့ သူတွေကို ထမင်းဘူးတွေ လှူဖို့တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကို တွေကို အရမ်းကျေးဇူးတင်ပါတယ်…ပရဟိတ အသင်း၂ ခုကို ဒီနေ့မှာလှူဒါန်း ဖို့တွက် ကြိုတင် ပြင်ဆင်နေတုန်း မနေ့က မထင်မှတ်ပဲကြားလိုက်ရတဲ့ သတင်းက သဲတို့ အဖွားလေး အောက်စီဂျင် ကျပြီး ရုတ်တရက် ဆုံးပါးသွားပါတယ်…အဲ့တော့ ဒီအလှူလေးကို အဖွားလေးတွက် ရည်စူးပြီးလှူဒါန်းပါတယ်🙏အဖွားကောင်းရာ ဘုံဘဝမှာ အေးအေးချမ်းချမ်း ရှိနေမယ်လို့လည်းယုံကြည်ပါတယ်။ နောက်ဆုံးခရီးကို လိုက်ပို့ခွင့်လည်းမရခဲ့ပေမယ့်အဖွားတွက် တတ်နိုင်သလောက်ကောင်းမှု ကုသိုလ်တွေ ထပ်ပြီးလုပ်ပေးသွားပါ့မယ်….” ဆိုပြီးရေးသား မျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှု့ပေးသူတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်..။

CERDIT…

ZAWGYI

ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ကေတာ့ ျမန္မာနိုင္ငံ ရဲ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈေတြမွာ တက္ႂကြစြာ ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ လမ္းထြက္ ဆႏၵျပမႈေတြမွာလည္း ေန႔တိုင္းလိုလို ပါဝင္ခဲ့တဲ့သူျဖစ္ၿပီး မိသားစု လိုက္ရပ္တည္ခ်က္ ျပတ္ျပတ္သားသားနဲ႔ ေလၽွာက္လွမ္းခဲ့တာေၾကာင့္ ၅၀၅(က)နဲ႔ အမႈဖြင့္အေရးယူခံထား ရတာျဖစ္ပါတယ္…..။

သဇင္ထူးျမင့္တို႔ မိသားစု ဟာ ၅၀၅(က) နဲ႔ အမႈဖြင့္ခံထားရတာ ေၾကာင့္ ေဘးလြတ္ရာကို တိမ္းေရွာင္ေန ရေပမယ့္လည္း အေရးေတာ္ပုံႀကီးေအာင္ျမင္ေရးနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္အေျခအေန ေတြမွာ တတ္နိုင္တဲ့ ဘက္ကေနပါဝင္ ကူညီေပးေနတာ ေတြ႕ရပါတယ္။ ယေန႔မွာ ဆိုရင္လည္း သဇင္ထူးျမင့္ တို႔ မိသားစုဟာ သုသာန္ေတြမွာ အပင္ပန္းခံၿပီး ကူညီေပးေနၾကတဲ့ ပရဟိတအဖြဲ႕သားေတြ နဲ႔ မီးသၿဂိဳလ္‌ေပးဖို႔ ေစာင့္ေနၾကရတဲ့ သူေတြအတြက္ ထမင္းဘူးေတြလႉဒါန္းခဲ့တာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာေလးကို လည္း သူမရဲ့ Facebookစာမ်က္ႏွာမွာ “သုသာန္မွာ အၾကာႀကီးေစာင့္ေနရတဲ့ သူေတြကို ထမင္းဘူးေတြ လႉဖို႔တြက္ ကူညီလႉဒါန္းေပးတဲ့ Clean Yangon ကအကို ေတြကို အရမ္းေက်းဇူးတင္ပါတယ္…ပရဟိတ အသင္း၂ ခုကို ဒီေန႔မွာလႉဒါန္း ဖို႔တြက္ ႀကိဳတင္ ျပင္ဆင္ေနတုန္း မေန႔က မထင္မွတ္ပဲၾကားလိုက္ရတဲ့ သတင္းက သဲတို႔ အဖြားေလး ေအာက္စီဂ်င္ က်ၿပီး ႐ုတ္တရက္ ဆုံးပါးသြားပါတယ္…အဲ့ေတာ့ ဒီအလႉေလးကို အဖြားေလးတြက္ ရည္စူးၿပီးလႉဒါန္းပါတယ္🙏အဖြားေကာင္းရာ ဘုံဘဝမွာ ေအးေအးခ်မ္းခ်မ္း ရွိေနမယ္လို႔လည္းယုံၾကည္ပါတယ္။ ေနာက္ဆုံးခရီးကို လိုက္ပို႔ခြင့္လည္းမရခဲ့ေပမယ့္အဖြားတြက္ တတ္နိုင္သေလာက္ေကာင္းမႈ ကုသိုလ္ေတြ ထပ္ၿပီးလုပ္ေပးသြားပါ့မယ္….” ဆိုၿပီးေရးသား မၽွေဝထားခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။ဖတ္ရႈ႔ေပးသူတစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္..။

CERDIT…