လူထုလႈပ္ရွားမႈေတြကိုေတာ့ ယေန႔ထိတိုင္ ျပဳလုပ္ေနၾကဆဲျဖစ္ၿပီး လူငယ္ေတြ ကလည္း ေရွ႕ဆုံးကေန စြမ္းစြမ္းတ မံပါဝင္ေနၾကတာျဖစ္ပါတယ္။လူငယ္ေတြက မိမိတို႔ရဲ့အနာဂတ္အတြက္ စိတ္ဓာတ္ႀကံ့ႀကံ့ခိုင္ခိုင္ နဲ႔ အမွန္တရားဘက္ကေန ရပ္တည္ေနၾကတာျဖစ္ပါတယ္။က်ဆုံးသြားတဲ့ သူေတြထဲမွာ လူငယ္ေတြလည္း အမ်ားအျပားပါဝင္တာေၾကာင့္ သူတို႔ရဲ့မိဘေတြကေတာ့ အရမ္းရင္က်ိဳးေန ၾကရတာျဖစ္ပါတယ္။ဒါေပမယ့္လည္း မိဘေတြက သားသမီးေတြရဲ့ဆႏၵကို ျဖည့္ဆည္းေပးၿပီး တတ္နိုင္တဲ့ ဘက္ကေန ကူညီေပးေနတာျဖစ္ပါတယ္။

(၂၀.၃.၂၀၂၁)မေန႔ကဆိုရင္လည္း ေက်ာက္ေျမာင္းက လူထုလႈပ္ရွားမႈမွာပါ ဝင္ရင္း လူငယ္ေလးတစ္ေယာက္ကဦးေခါင္းက်ည္ထိၿပီး က်ဆုံးသြားခဲ့ရပါတယ္။နိုင္ငံအတြက္ အားကိုးအားထားျပဳရမယ့္ လူငယ္ေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေႂကြလြင့္ေန ၾကတာေၾကာင့္ အရမ္းႏွေမ်ာဖို႔ေကာင္းပါတယ္။ေက်ာက္ေျမာင္း၊ၿမိဳ႕သစ္(၂)လမ္း အထက(၂)ေက်ာင္းေရွ႕မွာ က်ဆုံးသြားတဲ့ လူငယ္ေလး ဆိုရင္ သူ႔ရဲ့သူငယ္ခ်င္းေတြကို”ငါမရေတာ့ဘူးမင္းတို႔ေျပး”ဆိုၿပီး မဆုံးခင္ေလးေတာင္ မွာသြားေသးတာျဖစ္ပါတယ္။

အခုလိုမ်ိဳး သူငယ္ခ်င္းေတြအႏၲရာယ္ျဖစ္မွာစိုးလို႔ သူ႔ကို ထားခဲ့ခိုင္းၿပီး ေျပးခိုင္းလိုက္တဲ့ လူငယ္ေလးရဲ့စိတ္ဓာတ္က ေလးစားစရာေကာင္းပါတယ္။အဲ့ဒီလူငယ္ေလးက်ဆုံးသြားတဲ့ ေနရာေလးမွာ ေသြးေတြကလည္း ျမင္မေကာင္းေအာင္ ရွိေနၿပီး ျပည္သူလူထုက ပန္းစည္းေလးေတြ၊ဖေယာင္းတိုင္ေလးေတြနဲ႔ ေသခ်ာျပင္ဆင္ေပးထားတာျဖစ္ပါတယ္။အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္ရြက္ရင္း အသက္ေပးသြား ခဲ့ရတဲ့အဲ့ဒီလူငယ္ေလးကို ျပည္သူလူထုကလည္း ေလးစားစြာနဲ႔ ဦးညႊတ္ဂါရဝျပဳၿပီး အရမ္းဝမ္းနည္းေန ေၾကာင္းကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

unicode

လူထုလှုပ်ရှားမှုတွေကိုတော့ ယနေ့ထိတိုင် ပြုလုပ်နေကြဆဲဖြစ်ပြီး လူငယ်တွေ ကလည်း ရှေ့ဆုံးကနေ စွမ်းစွမ်းတ မံပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက မိမိတို့ရဲ့အနာဂတ်အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင် နဲ့ အမှန်တရားဘက်ကနေ ရပ်တည်နေကြတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့ သူတွေထဲမှာ လူငယ်တွေလည်း အများအပြားပါဝင်တာကြောင့် သူတို့ရဲ့မိဘတွေကတော့ အရမ်းရင်ကျိုးနေ ကြရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ်။

(၂၀.၃.၂၀၂၁)မနေ့ကဆိုရင်လည်း ကျောက်မြောင်းက လူထုလှုပ်ရှားမှုမှာပါ ဝင်ရင်း လူငယ်လေးတစ်ယောက်ကဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါတယ်။နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေ ကြတာကြောင့် အရမ်းနှမျောဖို့ကောင်းပါတယ်။ကျောက်မြောင်း၊မြို့သစ်(၂)လမ်း အထက(၂)ကျောင်းရှေ့မှာ ကျဆုံးသွားတဲ့ လူငယ်လေး ဆိုရင် သူ့ရဲ့သူငယ်ချင်းတွေကို”ငါမရတော့ဘူးမင်းတို့ပြေး”ဆိုပြီး မဆုံးခင်လေးတောင် မှာသွားသေးတာဖြစ်ပါတယ်။

အခုလိုမျိုး သူငယ်ချင်းတွေအန္တရာယ်ဖြစ်မှာစိုးလို့ သူ့ကို ထားခဲ့ခိုင်းပြီး ပြေးခိုင်းလိုက်တဲ့ လူငယ်လေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။အဲ့ဒီလူငယ်လေးကျဆုံးသွားတဲ့ နေရာလေးမှာ သွေးတွေကလည်း မြင်မကောင်းအောင် ရှိနေပြီး ပြည်သူလူထုက ပန်းစည်းလေးတွေ၊ဖယောင်းတိုင်လေးတွေနဲ့ သေချာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွား ခဲ့ရတဲ့အဲ့ဒီလူငယ်လေးကို ပြည်သူလူထုကလည်း လေးစားစွာနဲ့ ဦးညွှတ်ဂါရဝပြုပြီး အရမ်းဝမ်းနည်းနေ ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder