Happy – Cele Zone
Photo – Phway Phway
UNICODE
အလှူတွေ အများကြီး လုပ်ပေမယ့် သိပ်ပြီး ထုတ်မပြော တတ်တဲ့ ဖွေးစိန် ဟာ ဒီနေ့မှာလည်း သူငယ်ချင်း တွေ နဲ့ အတူ အောင်ဇမ္ဗူတောရ ဓမ္မရိပ် သာမှာ အာရုဏ် ဆွမ်းကပ် လှူခဲ့ပါတယ်။ လှူတဲ့ အကြောင်းကို လူမှုကွန်ရက်မှာ မတင်ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေ ကတော့ သူမရဲ့ အလှူ အကြောင်းကို သိပြီး သာဓု ခေါ်ဆိုခဲ့ကြပါတယ်။
ရိုးရိုး ရှင်းရှင်း နေတတ်ပြီး အလုပ်ကို လည်းကြိုးစားတဲ့ ဖွေးစိန်ဟာ သူမအတွက် ကိုယ်ပိုင် အချိန်ကိုတော့ သပ်သပ် ဖယ်ထားပြီး အလုပ်တွေ ကြိုးစားအပြီးမှာတော့ (၃) လ တိတိ အနား ယူတတ်ပါတယ်။ အလှူ လုပ်ပြီးနောက် ပိုင်း ဘုရားမှာ စိတ်အေး ချမ်းအောင် တရားအား ထုတ်နေခဲ့ပါတယ်။
သူငယ်ချင်းတွေ နဲ့ အတူ အလှူလုပ်ပြီး အေးအေး ချမ်းချမ်းတရား အားထုတ်နေတဲ့ ပုံလေးတွေကို ” May Your Heart & Mind be at Peace again ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ဘယ်အချိန် ကြည့်ကြည့် ချစ်ဖို့ ကောင်းပြီး အေးချမ်းတဲ့ အလှတရားတွေ ကို ပိုင်ဆိုင်ထားသူလေး ရဲ့ ကုသိုလ်တွေကို သာဓုခေါ်ဆိုပါတယ်။
Happy – Cele Zone
Photo – Phway Phway