ဒါရိုက္တာ၊ သ႐ုပ္ေဆာင္ ကိုေပါက္ နဲ႔ မင္းသားေခ်ာ အကယ္ဒမီ ေျပတီဦး တို႔ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာလည္း အတူတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ၾကသလို အျပင္မွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ခင္မင္ရင္းႏွီ ;ၾကတဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ပါတယ္။ ခင္မင္မႈအတိုင္း အတာၾကာလာတာ နဲ႔အမၽွ ေျပာမနာဆိုမနာရွိၾကတဲ့ ေျပတီဦးနဲ႔ ကိုေပါက္ တို႔ကေတာ့ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ပီပီ ေကာင္းအတူ၊ ဆိုးအတူ အတူတူ မၽွေဝခံစားၾကတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ေျပတီဦးတို႔ ဇနီးေမာင္ႏွံ နဲ႔ ကိုေပါက္တို႔က မိသားစုေတြလို ရွိၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ကိုေပါက္က သူကိုယ္တိုင္ တစ္လနီးပါး ေရးဆြဲထားတဲ့ ပန္းခ်ီကားေလး တစ္ခ်ပ္ကို ေျပတီဦးတနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံအတြက္ လက္ေဆာင္ေပးခဲ့ပါတယ္။ အိျႏၵာေက်ာ္ဇင္က ကိုေပါက္ရဲ့ လက္ေဆာင္ေလး အတြက္ “ကိုေပါက္ေရ.. ေက်းဇူးအမ်ားႀကီး တင္ပါတယ္ေနာ္။ ပန္းခ်ီကားေလး အရမ္းႀကိဳက္” ဆိုၿပီး ကိုေပါက္ကို ေက်းဇူးတင္ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေက်းဇူးတင္စကားေျပာလာပါတယ္။

အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံ ကေတာ့ ကိုေပါက္ကိုယ္ တိုင္ေရးဆြဲထားတဲ့ ပန္းခ်ီကားေလးကို အျမတ္တနိုး လက္ခံရရွိခဲ့ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္ တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb

unicode

ဒါရိုက်တာ၊ သရုပ်ဆောင် ကိုပေါက် နဲ့ မင်းသားချော အကယ်ဒမီ ပြေတီဦး တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီ ;ကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ခင်မင်မှုအတိုင်း အတာကြာလာတာ နဲ့အမျှ ပြောမနာဆိုမနာရှိကြတဲ့ ပြေတီဦးနဲ့ ကိုပေါက် တို့ကတော့ အချစ်ဆုံးသူငယ်ချင်းတွေ ပီပီ ကောင်းအတူ၊ ဆိုးအတူ အတူတူ မျှဝေခံစားကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြေတီဦးတို့ ဇနီးမောင်နှံ နဲ့ ကိုပေါက်တို့က မိသားစုတွေလို ရှိကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကိုပေါက်က သူကိုယ်တိုင် တစ်လနီးပါး ရေးဆွဲထားတဲ့ ပန်းချီကားလေး တစ်ချပ်ကို ပြေတီဦးတနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က ကိုပေါက်ရဲ့ လက်ဆောင်လေး အတွက် “ကိုပေါက်ရေ.. ကျေးဇူးအများကြီး တင်ပါတယ်နော်။ ပန်းချီကားလေး အရမ်းကြိုက်” ဆိုပြီး ကိုပေါက်ကို ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျေးဇူးတင်စကားပြောလာပါတယ်။

အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ကတော့ ကိုပေါက်ကိုယ် တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးကို အမြတ်တနိုး လက်ခံရရှိခဲ့ပြီး ကျေးဇူးတင်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင် တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb