ပိုင္တံခြန္ကေတာ့ ဒီလူထုလႈပ္ရွားမႈႀကီး မွာ ျပည္သူေတြ နဲ႔အတူ ရဲရဲဝံ့ဝံ့ ပူးေပါင္းပါ ဝင္ေနတာလည္း ျဖစ္ပါတယ္။လူငယ္ပီပီ ေရွ႕ဆုံးကေနၿပီး ျပည္သူေတြကို ကာကြယ္ေပးေနတာေၾကာင့္လည္း ေယာက်ာ္းေလး ပရိသတ္ေတြကပါ ေလးစားေနၾကတာပါ ။ဒါ့အျပင္ ျပည္တြင္း ျပည္ပကရရွိထားတဲ့ Follower မ်ားစြာကို အသုံးခ်ကာ လူထုလႈပ္ရွားမႈေတြမွာ ျဖစ္ပ်က္ ေနတဲ့အရာေတြကိုအခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပကာ ဘက္ေပါင္းစုံ ကေန ကူညီအားျဖည့္ေနတာေၾကာင့္ ပရိသတ္ေတြကလည္း အရင္ထက္ေတာင္ ပိုမိုအားေပးလာၾကတာေတြ႕ရပါတယ္။

ေန႔စဥ္တိုင္းလည္း သူကိုယ္တိုင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြမွာ နည္းမ်ိဳးစုံနဲ႔ပါဝင္ခဲ့သလို ေရွ႕တန္းကေန ေနကာ ၿဖိဳခြင္းသမၽွကို ကာကြယ္ခုခံေပးခဲ့တာလည္းေတြ႕ရပါတယ္။ဒါ့ေၾကာင့္လည္းသူအေနနဲ႔ ၿခိမ္းေျခာက္ခံရမႈေတြရွိေနခဲ့တာေၾကာင့္ ခုဆိုမိသားစုနဲ႔ခြဲခြာကာေရွာင္ေနရတာလည္းျဖစ္ပါတယ္။ျပည္သူေတြကလည္း ပိုင္တံခြန္ကိုခ်စ္ခင္ေလး စားၾကလို႔ မိသားစု ဝင္တစ္ေယာက္လို စိုးရိမ္စိတ္ပူ ခဲ့ၾကတာအမွန္ပါပဲ။ပိုင္တံခြန္က သတင္းအခ်က္အလက္ေတြအျပင္ တစ္ခါတစ္ရံ သူရဲ့ခံစားခ်က္ အစစ္အမွန္ေလးေတြကိုလည္းေရးသားကာ ေဖာ္ျပေလ့ရွိပါတယ္။အခုလည္း သူ႔ရဲ့ page ကမတင္ရင္ ဘာသတင္းမွမယုံၾကည္ဖို႔နဲ႔ နိုင္ငံေရးမေကာင္းတာနဲ႔ပဲ တစ္ခ်ိန္လုံးစိတ္ညစ္ေနစရာမ လိုေၾကာင္း ကိုယ့္အတြက္ကိုယ္ပိုင္အခ်ိန္နဲ႔ ေပ်ာ္ရႊင္မႈေတာ့ ျပန္ေပးသင့္ေၾကာင္း ကိုခုလိုေရး သားေဖာ္ျပလာပါတယ္။

”အျမဲတမ္းလည္းေျပာတယ္ က်ေနာ့္page က မတင္ရင္ ဘာသတင္းမွ မယုံဖို႔ နိုင္ငံ့ဒုကၡ ေရာက္ေနခ်ိန္မွာ မလိုအပ္တာေတြ page မွာ မျမင္ေစခ်င္လို႔ လက္ရွိျဖစ္ေနတဲ့ နိုင္ငံ့အေရးနဲ႔ ပတ္သက္ၿပီး က်ေနာ္လုပ္ေပးနိုင္တဲ့ဘက္က ႀကိဳးစားလုပ္ေပးတယ္ နိုင္ငံေရးနား လည္လို႔မဟုတ္ဘူး နိုင္ငံသားတေယာက္အေနနဲ႔ လုပ္တာ ဘယ္သူ႔ခြင့္ျပဳခ်က္မွ မပါပဲ ကိုမွန္တယ္ ထင္လို႔လုပ္တာ အခန႔္မသင့္ရင္ အသတ္ေတာင္ ခံရနိုင္တယ္ သူမ်ားနိုင္ငံမွာေနေနတာမဟုတ္ဘူး နိုင္ငံေရး မေကာင္းတာနဲ႔ ပဲ အိမ္ထဲေနၿပီး ေဒါသထြက္လိုက္ နာက်ည္းလိုက္ မုန္းတီး လိုက္နဲ႔ တခ်ိန္လုံး အဲ့စိတ္နဲ႔ ေနေနလို႔မရဘူးေလခင္မ်ာ ကိုယ္ရဲ့ ကိုယ္ပိုင္အခ်ိန္နဲ႔ ေပ်ာ္ရႊင္မႈဆိုတာကို ျပန္ေပးရေသးတယ္ ဒါမွလည္း ေရွ႕ဆက္ဖို႔ အတြက္ energy ဆိုတာျဖစ္လာမွာ” ဆိုတဲ့စာေလးျဖစ္ရာ ပရိသတ္ ႀကီးအတြက္ျပန္ လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Paing Takhon

unicode

ပိုင်တံခွန်ကတော့ ဒီလူထုလှုပ်ရှားမှုကြီး မှာ ပြည်သူတွေ နဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါ ဝင်နေတာလည်း ဖြစ်ပါတယ်။လူငယ်ပီပီ ရှေ့ဆုံးကနေပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်လည်း ယောကျာ်းလေး ပရိသတ်တွေကပါ လေးစားနေကြတာပါ ။ဒါ့အပြင် ပြည်တွင်း ပြည်ပကရရှိထားတဲ့ Follower များစွာကို အသုံးချကာ လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက် နေတဲ့အရာတွေကိုအချိန်နဲ့တစ်ပြေးညီဖော်ပြကာ ဘက်ပေါင်းစုံ ကနေ ကူညီအားဖြည့်နေတာကြောင့် ပရိသတ်တွေကလည်း အရင်ထက်တောင် ပိုမိုအားပေးလာကြတာတွေ့ရပါတယ်။

နေ့စဉ်တိုင်းလည်း သူကိုယ်တိုင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ နည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။ဒါ့ကြောင့်လည်းသူအနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့တာကြောင့် ခုဆိုမိသားစုနဲ့ခွဲခွာကာရှောင်နေရတာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်း ပိုင်တံခွန်ကိုချစ်ခင်လေး စားကြလို့ မိသားစု ဝင်တစ်ယောက်လို စိုးရိမ်စိတ်ပူ ခဲ့ကြတာအမှန်ပါပဲ။ပိုင်တံခွန်က သတင်းအချက်အလက်တွေအပြင် တစ်ခါတစ်ရံ သူရဲ့ခံစားချက် အစစ်အမှန်လေးတွေကိုလည်းရေးသားကာ ဖော်ပြလေ့ရှိပါတယ်။အခုလည်း သူ့ရဲ့ page ကမတင်ရင် ဘာသတင်းမှမယုံကြည်ဖို့နဲ့ နိုင်ငံရေးမကောင်းတာနဲ့ပဲ တစ်ချိန်လုံးစိတ်ညစ်နေစရာမ လိုကြောင်း ကိုယ့်အတွက်ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုတော့ ပြန်ပေးသင့်ကြောင်း ကိုခုလိုရေး သားဖော်ပြလာပါတယ်။

”အမြဲတမ်းလည်းပြောတယ် ကျနော့်page က မတင်ရင် ဘာသတင်းမှ မယုံဖို့ နိုင်ငံ့ဒုက္ခ ရောက်နေချိန်မှာ မလိုအပ်တာတွေ page မှာ မမြင်စေချင်လို့ လက်ရှိဖြစ်နေတဲ့ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး ကျနော်လုပ်ပေးနိုင်တဲ့ဘက်က ကြိုးစားလုပ်ပေးတယ် နိုင်ငံရေးနား လည်လို့မဟုတ်ဘူး နိုင်ငံသားတယောက်အနေနဲ့ လုပ်တာ ဘယ်သူ့ခွင့်ပြုချက်မှ မပါပဲ ကိုမှန်တယ် ထင်လို့လုပ်တာ အခန့်မသင့်ရင် အသတ်တောင် ခံရနိုင်တယ် သူများနိုင်ငံမှာနေနေတာမဟုတ်ဘူး နိုင်ငံရေး မကောင်းတာနဲ့ ပဲ အိမ်ထဲနေပြီး ဒေါသထွက်လိုက် နာကျည်းလိုက် မုန်းတီး လိုက်နဲ့ တချိန်လုံး အဲ့စိတ်နဲ့ နေနေလို့မရဘူးလေခင်မျာ ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုဆိုတာကို ပြန်ပေးရသေးတယ် ဒါမှလည်း ရှေ့ဆက်ဖို့ အတွက် energy ဆိုတာဖြစ်လာမှာ” ဆိုတဲ့စာလေးဖြစ်ရာ ပရိသတ် ကြီးအတွက်ပြန် လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Paing Takhon