ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှု မရှိတာကြောင့် ပြီးခဲ့တဲ့ လပိုင်းကပဲ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း မေပန်းချီနဲ့ ပြဿနာတက်ခဲ့ရ သေးတာပဲဖြစ်ပါတယ်။ ဘေဘီမောင် က အခုဆိုရင် အဆိုတော်သားဂန်း နဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က သူမကိုမကောင်းပြော ၊ တိုက်ခိုက်ကြတဲ့လူတွေ ကို ကျေးဇူးတင်ကြောင်းပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။

“ကျမကို မကောင်းပြောတာတွေ ဘေးပြော တာတွေ တိုက်ခိုက်တာတွေ ရိုင်းရိုင်း စိုင်းစိုင်း တွေပြောတာတွေ အဲဒီလူတွေကို ကျေးဇူးတင်ပါတယ်😁🙏🏻ဘာလို့လဲဆိုတော့ သည်းခံတတ်တဲ့ ပါဝါတွေတိုးတက်လာပြီး သမာဒိအားကောင်း လာလို့ပါရှင့်😍ကျေးဇူးပါ🙏🏻 ကောင်းကောင်း မွန်မွန်မန့်တဲ့ ချစ်တဲ့သူတွေကိုတော့တအားချစ်ပါတယ်လို့😘😘😘😘😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘေဘီမောင်ကတော့ သူမကိုယ်တိုင် သူတစ်ပါးကို လူသိရှင်ကြားတိုက်ခိုက်ခဲ့ပေမယ့် သူမအပေါ် ဝေဖန်ကြတဲ့လူတွေကိုတော့ ကျေးဇူးတင်တယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Source: Thandar Zaw ‘s fb

ZAWGYI




Source: Thandar Zaw ‘s fb