ဆောင်းယွန်းစံကတော့ သရုပ် ဆောင်မော်ဒယ် မင်းသမီးချောလေး တစ်ယောက် ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ် ။ (၂၀၁၈) ခုနှစ် အကယ်ဒမီ ပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာ ကနေ ပရိသတ်တွေ ပိုသတိထားမိပြီး အားပေးဝန်းရံသူတွေများပြားလာခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံ တတ်သူလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

အလှူအတန်းတွေ ဆိုရင်လည်း ရှေ့ဆုံးကနေ ပါဝင်တတ်တဲ့ ဆောင်းယွန်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာ ခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့ အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။ အခုလည်း (၁၉) ရက်နေ့ တောင်ဒဂုံဘက်မှာ လှူဒါန်းမယ့် အလှူလေး အတွက် သူကိုယ်တိုင် ဒီဇိုင်းထွင် ထားတဲ့ အင်္ကျီလေးတွေကို ရောင်းချကာ ရရှိတဲ့ငွေကို အလှူအတွက် အသုံးပြုမယ့် အကြောင်းလေးကို ခုလို ရေးသားဖော်ပြလာပါတယ်။

” ၁၉ရက်နေ့မှာ တောင်ဒဂုံက ကျုးကျော်တဲ ၃၀၀ ကိုသွားရောက် လှုဒါန်းပါမယ်ရှင့်..အလှူငွေတော့မေ ကာက်ရက်ပါဘူး.. အားလုံးအဆင်မပြေဘူးဆိုတာသိပါတယ်.. ဒါပေမယ့် ဆောင်းတို့ထပ် အများကြီးခက်ခဲနေတဲ့သူတွေရှိပါတယ်..သူတို့ကို သွားရောက်လှူဒါန်းမှာပါ..ဆောင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အကျီလေးတွေကိုရောင်းပါ့မယ်..S/M/L/XL Price -4500 Boy and Girl Edit(ခုချိန်မှာဆောင်းအတွက် စျေးရောင်းဖို့ဆိုတာအရမ်းရှက်ပါတယ်..အားလဲနာပါတယ်..ဆောင်း မရောင်းရင် ကူညီဖို့ အတွကိဆောင်းမှာလဲငွေပို ငွေလျှံအများကြီးမရှိပါဘူး..အလှူလဲ မခံရက်ပါဘူး..အဲ့တာကြောင့် ရောင်းတာပါရှင့်.နားလည်ပေးပါနော်..) “ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ဆောင်းယွန်းရဲ့ အင်္ကျီလေးတွေကို အားပေးလိုက်ကြဦးနော်။

Credit– Cele Zone

Photo – Saung Yoon San

ZAW GYI

ေဆာင္းယြန္းစံကေတာ့ သ႐ုပ္ ေဆာင္ေမာ္ဒယ္ မင္းသမီးေခ်ာေလး တစ္ေယာက္ ျဖစ္ၿပီး ဗီဒီယို ဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ား ရိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္ ။ (၂၀၁၈) ခုႏွစ္ အကယ္ဒမီ ေပးပြဲမွာ ေရႊႀကိဳအျဖစ္ ပါဝင္ခဲ့ရာ ကေန ပရိသတ္ေတြ ပိုသတိထားမိၿပီး အားေပးဝန္းရံသူေတြမ်ားျပားလာခဲ့တာပဲျဖစ္ပါတယ္ ။ ဒါ့အျပင္ လူတိုင္းကို ေဖာ္ေရြစြာ ဆက္ဆံ တတ္သူေလးမို႔ ပရိသတ္ေတြ အခ်စ္ပိုေနရတာလည္းျဖစ္ပါတယ္။

အလႉအတန္းေတြ ဆိုရင္လည္း ေရွ႕ဆုံးကေန ပါဝင္တတ္တဲ့ ေဆာင္းယြန္း ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာလည္း တတ္နိုင္တဲ့ဘက္ကေန ျပည္သူေတြအတြက္ အလႉေလးေတြ မၾကာ ခဏဆိုသလို ျပဳလုပ္ၿပီး အားလုံးနဲ႔ အတူ ရပ္တည္ေနတာလည္း ပရိသတ္ေတြ ျမင္ေတြ႕ၾကရမွာပါ။ အခုလည္း (၁၉) ရက္ေန႔ ေတာင္ဒဂုံဘက္မွာ လႉဒါန္းမယ့္ အလႉေလး အတြက္ သူကိုယ္တိုင္ ဒီဇိုင္းထြင္ ထားတဲ့ အကၤ်ီေလးေတြကို ေရာင္းခ်ကာ ရရွိတဲ့ေငြကို အလႉအတြက္ အသုံးျပဳမယ့္ အေၾကာင္းေလးကို ခုလို ေရးသားေဖာ္ျပလာပါတယ္။

” ၁၉ရက္ေန႔မွာ ေတာင္ဒဂုံက က်ဳးေက်ာ္တဲ ၃၀၀ ကိုသြားေရာက္ လႈဒါန္းပါမယ္ရွင့္..အလႉေငြေတာ့ေမ ကာက္ရက္ပါဘူး.. အားလုံးအဆင္မေျပဘူးဆိုတာသိပါတယ္.. ဒါေပမယ့္ ေဆာင္းတို႔ထပ္ အမ်ားႀကီးခက္ခဲေနတဲ့သူေတြရွိပါတယ္..သူတို႔ကို သြားေရာက္လႉဒါန္းမွာပါ..ေဆာင္းကိုယ္တိုင္ ဒီဇိုင္းထုတ္ထားတဲ့ အက်ီေလးေတြကိုေရာင္းပါ့မယ္..S/M/L/XL Price -4500 Boy and Girl Edit(ခုခ်ိန္မွာေဆာင္းအတြက္ ေစ်းေရာင္းဖို႔ဆိုတာအရမ္းရွက္ပါတယ္..အားလဲနာပါတယ္..ေဆာင္း မေရာင္းရင္ ကူညီဖို႔ အတြကိေဆာင္းမွာလဲေငြပို ေငြလၽွံအမ်ားႀကီးမရွိပါဘူး..အလႉလဲ မခံရက္ပါဘူး..အဲ့တာေၾကာင့္ ေရာင္းတာပါရွင့္.နားလည္ေပးပါေနာ္..) “ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း ေဆာင္းယြန္းရဲ့ အကၤ်ီေလးေတြကို အားေပးလိုက္ၾကဦးေနာ္။

Credit– Cele Zone

Photo – Saung Yoon San