unicode
ပရိတ်သတ်ကြီးရေ…. မိတ်ကပ် အလှဖန်တီးရှင် တစ်ယောက်ဖြစ်တဲ့ ပရိတ်သတ် တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ သုသု (ညီညီမောင် စမ်းချောင်း) ဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ် တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.။ သုသုက ပြည်သူတွေနဲ့အတူ ပုူးပေါင်းပြီးရပ်တည်နေတဲ့အပြင် လိုအပ်တဲ့နေရာတွေမှာလည်း သူမကိုယ်တိုင် ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ငွေကြေးတွေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ်နော်…။
သူမကိုယ်တိုင်လည်းလမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့ အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ Postတွေကို အများပြည်သူ သိရအောင် အမြဲတမ်းတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ မတ်လ (၂၇) ရက်နေ့မှာတော့ အသက်ပေးကြွေလွင့်သွားခဲ့တဲ့ ပြည်သူ့အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်ခဲ့တဲ့ သမီးငယ်လေး အကြောင်းကို တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်.။
သုသုက ” ငယ်ငယ်ထဲက ဖခင်ဆုံးရှုံးသွားရသူမို့ 😔 ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စကားနဲ့ မလုံလောက်မှန်းသိပါတယ် မိဘမရှိတော့တဲ့ ကလေးဘဝဘယ်လိုရှေ့ဆက်မလဲ…..😭 မိဘမဲ့တဲ့ကလေးတွေ သားသမီးဆုံးရူံးသွားတဲ့ မိဘတွေ ထပ်မရှိပါစေနဲ့တော့ …. 😔 အိမ်မက်တွေသာဖြစ်လိုက်ချင်ပါတယ်…😔😔😔” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းနည်းစွာ နဲ့ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်….။သူမကိုယ်တိုင် လည်း ငယ်စဉ်ကတည်းက ဖခင္ဆုံးရူံးခဲ့သူမို့ ကလေးငယ်လေးတွေအတွက် ကိုယ်ချင်းစာတဲ့ ပြီး ဝမ်းနည်းနေတာပဲဖြစ်ပါတယ်နော်…။
Source – Nyi Nyi Mg ( Sanchaung)’s Facebook
Credit ; Celebrity Platforms