ပရိသတ်ကြီးရေ ခင်ရူပကတော့ အလှမယ် အဖြစ်ပရိသတ်တွေစတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ စျေးရောင်းနေတဲ့ အနုပညာရှင် တစ်လက်လည်းဖြစ်ပါတယ်။ အမြဲပွင့်လင်းတဲ့ ခပ်ပြတ်ပြတ်အပြောလေးတွေ ကို ပရိသတ်တွေကလည်းအချစ်ပိုနေတာဆိုမှားမယ်မထင်ပါဘူးနော်။

ဒီနေ့မှာတော့”ကျွန်မ အသက် ၂၈ မှာ သာသနာပြုခြင်း တစ်ခုမှတ်တိုင်တည်နိုင်ခဲ့ပြီ🙏🏻ကျွန်မကို လှူနိုင်တန်းနိုင်အောင် ပံ့ပိုးအားပေးကြတဲ့ ကျွန်မရဲ့အလုပ်ရှင်ကျေးဇူးရှင်များ customer များ အားလုံး ကျေးဇူးမမေ့ပါဘူးရှင်လူအင်အား စိတ်အင်အား ငွေအင်အား အဖက်ဖက်မှ ပံ့ပိုးပေးတဲ့ ကိုစည်သူအောင် ကိုလည်း ကျေးဇူးတင်ပါတယ်။ပါဝင်လှူဒါန်းပေးကြတဲ့ ရရက်သားသမီးများလည်း ကျေးဇူးတင်ပါတယ်။

ပြောမပြတတ်အောင် ရင်ထဲဝမ်းမြောက်မိပါတယ်။ ကျွန်မပြုချင်တဲ့ ကုသိုလ်ဖြစ်မြောက်သွားလို့ပါ..။ရှေ့လျှောက်လည်း သာသနာအများကြီးပြုချင်ပါသေးတယ်မုဒိတာထား မေတ္တာပွားနိုင်ကြပါစေကုသိုလ်ထပ်တူရကြပါစေ”ဆိုကာ သူမတို့ဇနီးမောင်နှံ တည်ထားကိုးကွယ်သော အောင်တော်မူနဂါးရုံဘုရား ဌာပနာပိတ်ပွဲလေးအောင်မြင်စွာပြုလုပ်နိုင်ခဲ့ ကြောင်းပြောပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ခင်ရူပတို့ဇနီးမောင်နှံ နဲ့အတူ ကုသိုလ်တွေထပ်တူရစေဖို့သာဓုခေါ်ခဲ့ကြပါဦးနော်။

Credit-CeleGabar

ZAWGYI

ပရိသတ္ႀကီးေရ ခင္႐ူပကေတာ့ အလွမယ္ အျဖစ္ပရိသတ္ေတြစတင္သိရွိခဲ့ၿပီး အခုေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြၾကဲသြားေပမယ့္လည္း သူမအေနနဲ႔ Live လႊင့္ကာ ေစ်းေရာင္းေနတဲ့ အႏုပညာရွင္ တစ္လက္လည္းျဖစ္ပါတယ္။ အျမဲပြင့္လင္းတဲ့ ခပ္ျပတ္ျပတ္အေျပာေလးေတြ ကို ပရိသတ္ေတြကလည္းအခ်စ္ပိုေနတာဆိုမွားမယ္မထင္ပါဘူးေနာ္။

ဒီေန႔မွာေတာ့”ကၽြန္မ အသက္ ၂၈ မွာ သာသနာျပဳျခင္း တစ္ခုမွတ္တိုင္တည္နိုင္ခဲ့ၿပီ🙏🏻ကၽြန္မကို လႉနိုင္တန္းနိုင္ေအာင္ ပံ့ပိုးအားေပးၾကတဲ့ ကၽြန္မရဲ့အလုပ္ရွင္ေက်းဇူးရွင္မ်ား customer မ်ား အားလုံး ေက်းဇူးမေမ့ပါဘူးရွင္လူအင္အား စိတ္အင္အား ေငြအင္အား အဖက္ဖက္မွ ပံ့ပိုးေပးတဲ့ ကိုစည္သူေအာင္ ကိုလည္း ေက်းဇူးတင္ပါတယ္။ပါဝင္လႉဒါန္းေပးၾကတဲ့ ရရက္သားသမီးမ်ားလည္း ေက်းဇူးတင္ပါတယ္။

ေျပာမျပတတ္ေအာင္ ရင္ထဲဝမ္းေျမာက္မိပါတယ္။ ကၽြန္မျပဳခ်င္တဲ့ ကုသိုလ္ျဖစ္ေျမာက္သြားလို႔ပါ..။ေရွ႕ေလၽွာက္လည္း သာသနာအမ်ားႀကီးျပဳခ်င္ပါေသးတယ္မုဒိတာထား ေမတၱာပြားနိုင္ၾကပါေစကုသိုလ္ထပ္တူရၾကပါေစ”ဆိုကာ သူမတို႔ဇနီးေမာင္ႏွံ တည္ထားကိုးကြယ္ေသာ ေအာင္ေတာ္မူနဂါး႐ုံဘုရား ဌာပနာပိတ္ပြဲေလးေအာင္ျမင္စြာျပဳလုပ္နိုင္ခဲ့ ေၾကာင္းေျပာျပလာခဲ့တာပါ။CeleGabarပရိသတ္ေတြလည္း ခင္႐ူပတို႔ဇနီးေမာင္ႏွံ နဲ႔အတူ ကုသိုလ္ေတြထပ္တူရေစဖို႔သာဓုေခၚခဲ့ၾကပါဦးေနာ္။

Credit-CeleGabar