ပရိသတ်ကြီးရေ Kingကော်ဖီကြော်ငြာလေးကိုကြည့်ဖူးတဲ့သူဆိုရင် သန္တာလှိုင်ကိုကောင်းကောင်းကြီးသိ လိမ့်မယ်ထင်ပါတယ်နော်။သန္တာလှိုင်ဟာဆိုရင်အနုပညာလောကမှာ အောင်မြင်မှုရရှိထားတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။လှပတဲ့ခန္ဓာကိုယ်နဲ့ တောင့်တင်းခန့်ညားတဲ့ အရပ်အမောင်းကိုလည်းပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိ ထားသူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာ အလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတဲ့ သန္တာလှိုင်ဟာ T Fitness App ကို ဦးစီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ သန္တာလှိုင်က သူမတို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၇) နှစ်ပြည့်သွားပြီဖြစ်ကြောင်းလူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြလာတာကိုတွေ့ရပါတယ်နော်။

သန္တာလှိုင်က“ကဲ ၇ နှစ်ပြည့်သွားပြီနော် Happy Anniversary ယောက်ကျားရေ…. တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်လှုပ်ရှား ရင်ခုန်နေရတာ များသွားတော့ date ကိုမေ့ပြီး ရက်နဲနဲကျော် သွားတယ် ဟီးဟီး လမကျော်သေးရင် wish လုပ်လို့ ရသေးတယ် မဟုတ်လား?😜😍ကျားကျားရဲ့ ပုံကိုတော့ သိတဲ့လူက မှန်းကြည့်လို့ရသလို မသိသေးတဲ့လူတွေလဲ သိစရာမလိုတော့လို့ ဖွက်ထား လိုက်ပြီနော် နားလည်ပေးပါ” ဆိုပြီးရေးသားထားပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။

Source: Thandar Hlaing’s fb
Credit ; World Info Post

zawgyi




Credit ; World Info Post