



unicode

သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦး ကတော့ အချိန်တိုအတွင်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု တွေများစွာကို ရရှိထားတာလည်း ဖြစ်ပါတယ်။ Beauty Blogger ကနေတစ်ဆင့် သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလာခဲ့ပြီး စစချင်းမှာဘဲ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ သွက်လက်ဖျတ်လတ်တဲ့ ပုံစံလေးဟာလည်း ယောကျာ်းလေး ပရိသတ်တွေသာမကဘဲ မိန်းကလေးပရိသတ်များကပါ အချစ်တွေပိုနေရတာလည်း ဖြစ်ပါတယ်။

နေခြည်ဦးဟာ လတ်တလောမှာတော့ ပြင်ဦးလွင်နွင် ဇာတ်လမ်းတွဲ ရိုက်ကူးရန် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ခရီးမှာရောက်နေပေမယ့်လည်း မွေးနေ့အတွက် အလှူအတန်းတွေကိုတော့ အဝေးကနေဘဲ လှူဒါန်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့နေ့စဉ်လှုပ်ရှားမှု တွေကိုလည်း ပရိသတ်တွေအား အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း နေခြည့်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမနဲ့မုန့်ထိုင်စားရင်းရှက်နေတဲ့ကောင်လေးအားဗီဒီယိုလေးရိုက်ကူးကာဆေးထိုးစနောက်လိုက်တာပဲ ဖြစ်ပါတယ်။ သူမစနောက် လိုက်သူကတော့ ချီချီရဲ့ ပင်တိုင်ဓာတ်ပုံဆရာပဲ ဖြစ်ပြီး ချီချီအတွက်ပုံလှလှလေးတွေ ရိုက်ကူးရန် ရန်ကုန်ကနေ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစား နိုင်ရန် ဒီဗီဒီယိုလေးတွေကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account and Mr Haw’s IG Account