unicode
Cele Active World ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် မလေး နန်းသူဇာကိုတော့ အထူးအထွေ မိတ်ဆက်ပေး စရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ချစ်စရာကောင်းတဲ့ နန်းသူဇာကတော့ အဆိုတော် တစ်ယောက်အနေ နဲ့ရော သရုပ်ဆောင် မော်ဒယ် အဖြစ်နဲ့ပါ ပုရိသပရိသတ်တွေကြားမှာ ရေပန်းစားသူလေး တစ်ယောက်ပဲဖြစ်ပါတယ်.။ချိုသာတဲ့ အသံလေးနဲ့ အရုပ်မလေး တစ်ရုပ်လို လှပမှုတွေကြောင့် ပုရိသတွေအပြင် မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူ နန်းသူဇာကတော့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ ချစ်သူတွေပဲဖြစ်ပါတယ်နော်.။ ချစ်သူ သက်တမ်း (၉)နှစ်ကျော် သက်တမ်းရှိနေပေမယ့် တစ်ယောက်အပေါ် တစ်ယောက် အချစ်တွေကတော့ နားလည်မှုတွေ အပြည့်နဲ့ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးလေးပဲ ချစ်ကြတဲ့ စုံတွဲလေးပါပဲ။
ဒီနေ့မှာတော့ နန်းသူဇာက သူမရဲ့ ချစ်သူ ကျော်ထွဋ်ဆွေ ကို မန်းရှင်းခေါ်ကာ “You are my sooulmate (9) Years (10) Months (11) Days” ဆိုပြီး သူမရဲ့ My Dayမှာ တင်လာခဲ့ပါတယ်.။ ချစ်သူသက်တမ်း နေ့ရက် လ အတိအကျ ကိုဖော်ပြကာ ကျော်ထွဋ်ဆွေက သူမအတွက် နှစ်ယောက်မရှိသူ ချစ်သူလေး ဖြစ်ကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.။ပရိသတ်ကြီးလည်း နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေ တို့အတွဲလေးကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာ တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Nann Thuzar’s Facebook