


Happy – Cele Zone
Photo – Nansu Yati Soe

UNICODE

အသက်သုံးဆယ် ကျော်အရွယ် အမျိုးသမီး တစ်ယောက်ဆိုတာ ယုံချင် စရာမရှိတဲ့ နန်းဆု ဟာ သူမ ရဲ့ဂီတ ခရီးလမ်း ကို အကောင်းဆုံး ဖြစ်အောင် လျှောက်လှမ်းနေခဲ့ပါတယ်။ အဆို ပိုင်းမှာ လည်း ပိုင်ဆိုင် သလို သရုပ်ဆောင်ပိုင်းမှာ လည်း ပရိသတ် တွေ အားပေး ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီနေ့မှာ လည်း သူမရဲ့သီချင်းအသစ် ဖြစ်တဲ့ ” မင်းအနားမှာ ” MTV ရိုက်ကူး နေတဲ့ ပုံရိပ် တွေကို ဝေမျှခဲ့ပါတယ်။

ဘယ်လိုအပြင်အဆင်မျိုး နဲ့ မဆို လိုက်ဖက်လွန်းတာ လည်း သူမရဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ ရှမ်း တရုတ်မလေး ရဲ့ အပြင်အဆင်တိုင်းဟာ ရင်ခုန်ချင်စရာတွေချည်းပါပဲ။ အသံချိုချိုလေး နဲ့ အားလုံးကို ဖမ်းစားနိုင်တဲ့ ရွှေမင်းသမီးလေး ရဲ့ ရိုက်ကွင်းပုံရိပ်တွေ ဟာလည်း လှချင်တိုင်း လှနေခဲ့ပါတယ်။ တစ်ကိုယ်တည်းဘဝမှာ သူမရဲ့ အလုပ်တွေကိုပဲ ဦးစား ပေးပြီး လုပ်နေခဲ့ပါတယ်။

Cute ဆန်တဲ့ ပုံစံလေးတွေကို ပဲပိုကြိုက်ပြီး သူမ ကိုယ်တိုင်လည်း အလှအပကို အရမ်းဂရုစိုက် သူပါ။ သွယ် လျလျ ခန္ဓာကိုယ်လေး ဖြစ်အောင် အမြဲတမ်း ကြိုးစားနေတဲ့ ချစ်စရာ ကပြားမလေး ရဲ့ ရင်ခုန်ချင်စရာရို က်ကွင်းပုံရိပ်တွေကို ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Nansu Yati Soe