ပရိသတ္ႀကီးေရ .. အဆိုေတာ္ မေလး ပန္းေရာင္ျခယ္ ကေတာ့ သူမတို႔ ေနတဲ့ (၅) ထပ္တိုက္ ႀကီးကို သူမ ေမေမက engineering တို႔ architecture တို႔နဲ႔ေက်ာင္းၿပီးတာ မဟုတ္ဘဲ ကိုယ္တိုင္ ဖန္တီး တည္ေဆာက္ခဲ့တဲ့ အေၾကာင္း ပရိသတ္ေတြကို ေျပာျပလာခဲ့ပါတယ္ ။ ပန္းေရာင္ တို႔ သားအဖ သုံးေယာက္ က အႏုပညာအလုပ္ကိုပဲ ခ်စ္ၿပီး အားသန္ၿပီး စီးပြား ေရးပိုင္းကို အားမသန္ ၾကတဲ့အတြက္ မိသားစု ထဲမွာ မိခင္ ျဖစ္သူ က business mind-set အရမ္းရွိလို႔ ေတာ္ေသးတယ္လို႔ ဆို လာပါတယ္ ။

မိခင္ ျဖစ္သူက ဂေရဟမ္ နဲ႔ အိမ္ေထာင္ က်ၿပီး ပန္းေရာင္ ကိုေမြးတဲ့ အခ်ိန္အထိ ၂ ေယာက္လုံး က တကၠသိုလ္ ေက်ာင္းသူ ေက်ာင္းသား ဘဝပဲ ရွိေသးတာျဖစ္ၿပီး ေဖေဖ က ဒရမ္တီးၿပီး မိသားစု အတြက္ ပိုက္ဆံ ရွာေပးသလို ေမေမ ကလဲ မလိုတာ မသုံးဘဲ ရွိတဲ့ ပိုက္ဆံေလးေတြ ကို စနစ္တက် သုံးၿပီး ၂ ေယာက္ သားငယ္ငယ္ထဲ ကအတူ ဘဝကို ႀကိဳးစား ႐ုန္းကန္ရင္း ျဖတ္သန္းလာခဲ့တဲ့ အေၾကာင္း ကိုလည္း ပရိသတ္ ေတြကို ေျပာၿပ လာခဲ့ပါတယ္ ။ ပန္းေရာင္ တို႔အတြက္ ဒီအိမ္ေလးေဆာက္ တဲ့အခ်ိန္ ၁ ႏွစ္ နဲ႔ ၈ လ အတြင္း ၅ ထပ္ ခြဲကို သူေန႔တိုင္း တက္လိုက္ ဆင္းလိုက္ နဲ႔ ဒူးေခါင္း အရြတ္ ပါပါး သြားရွာတယ္။ ငယ္ငယ္ ထဲက ပန္းေရာင္ တို႔ အိမ္ကို ဧည့္သည္ လာၿပီဆိုရင္ “မသဥၨာ ေဆာက္ထားတဲ့ အိမ္ေလးက လွလိုက္တာ” ဆိုၿပီး အျမဲၾကားရတယ္။ အိမ္လွလွေလး ေတြနဲ႔ေနခြင့္ရလို႔ ကိုယ့္ကိုယ္ကို အရမ္း ကံေကာင္းတယ္လို႔ ထင္မိတယ္ ဆိုတဲ့ စာသားေလး နဲ႔ အတူ မိခင္ျဖစ္သူ ရဲ့ ထက္ျမတ္လြန္းတဲ့ အေၾကာင္းကို ပရိသတ္ ေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္ ။

ပန္းေရာင္ က အကယ္၍ သူမ အိမ္ေထာင္ ျပဳခဲ့သည္ ရွိေသာ္ သူမ ေမေမ လို ဇနီးေကာင္း မိခင္ေကာင္း ျဖစ္နိုင္ ပါ့မလား ၊ ကိုယ္ရဲ့ အခ်ိန္၊ အသိပညာအတတ္ပညာ နဲ႔ ေမတၱာေတြ ေပးၿပီး ေယာက်ာ္နဲ႔ ကေလးေတြကို က်န္းမာ ေပ်ာ္ရႊင္ေအာင္ ထားနိုင္ဖို႔ ၊ ကိုယ့္အလွည့္က်ရင္ အဲ့လို ေပးဆပ္နိုင္ပါ့မလား ေတြးမိတယ္ လို႔လည္း သူမရဲ့ ခံစားခ်က္ေလးေတြ ကို လူမႈကြန္ရက္ စာမ်က္ႏွာကေနတဆင့္ ထုတ္ေဖာ္ျပခဲ့ပါတယ္ ။ ပန္းေရာင္တို႔ သုံးေယာက္ ရဲ့ ဘဝအတြက္ Mummy က တန္ဖိုး မျဖတ္နိုင္တဲ့ သူတစ္ေယာက္ ဒီလို မိခင္မ်ိဳး ရဲ့ သမီးျဖစ္ရတာ အရမ္း ဂုဏ္ယူတယ္ လို႔လည္း ေရးသားေဖာ္ျပခဲ့ပါတယ္ ။

Source : Pan Yaung Chel
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီးရေ .. အဆိုတော် မလေး ပန်းရောင်ခြယ် ကတော့ သူမတို့ နေတဲ့ (၅) ထပ်တိုက် ကြီးကို သူမ မေမေက engineering တို့ architecture တို့နဲ့ကျောင်းပြီးတာ မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီး တည်ဆောက်ခဲ့တဲ့ အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ပန်းရောင် တို့ သားအဖ သုံးယောက် က အနုပညာအလုပ်ကိုပဲ ချစ်ပြီး အားသန်ပြီး စီးပွား ရေးပိုင်းကို အားမသန် ကြတဲ့အတွက် မိသားစု ထဲမှာ မိခင် ဖြစ်သူ က business mind-set အရမ်းရှိလို့ တော်သေးတယ်လို့ ဆို လာပါတယ် ။

မိခင် ဖြစ်သူက ဂရေဟမ် နဲ့ အိမ်ထောင် ကျပြီး ပန်းရောင် ကိုမွေးတဲ့ အချိန်အထိ ၂ ယောက်လုံး က တက္ကသိုလ် ကျောင်းသူ ကျောင်းသား ဘဝပဲ ရှိသေးတာဖြစ်ပြီး ဖေဖေ က ဒရမ်တီးပြီး မိသားစု အတွက် ပိုက်ဆံ ရှာပေးသလို မေမေ ကလဲ မလိုတာ မသုံးဘဲ ရှိတဲ့ ပိုက်ဆံလေးတွေ ကို စနစ်တကျ သုံးပြီး ၂ ယောက် သားငယ်ငယ်ထဲ ကအတူ ဘဝကို ကြိုးစား ရုန်းကန်ရင်း ဖြတ်သန်းလာခဲ့တဲ့ အကြောင်း ကိုလည်း ပရိသတ် တွေကို ပြောပြ လာခဲ့ပါတယ် ။ ပန်းရောင် တို့အတွက် ဒီအိမ်လေးဆောက် တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ် ခွဲကို သူနေ့တိုင်း တက်လိုက် ဆင်းလိုက် နဲ့ ဒူးခေါင်း အရွတ် ပါပါး သွားရှာတယ်။ ငယ်ငယ် ထဲက ပန်းရောင် တို့ အိမ်ကို ဧည့်သည် လာပြီဆိုရင် “မသဥ္ဇာ ဆောက်ထားတဲ့ အိမ်လေးက လှလိုက်တာ” ဆိုပြီး အမြဲကြားရတယ်။ အိမ်လှလှလေး တွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်း ကံကောင်းတယ်လို့ ထင်မိတယ် ဆိုတဲ့ စာသားလေး နဲ့ အတူ မိခင်ဖြစ်သူ ရဲ့ ထက်မြတ်လွန်းတဲ့ အကြောင်းကို ပရိသတ် တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။

ပန်းရောင် က အကယ်၍ သူမ အိမ်ထောင် ပြုခဲ့သည် ရှိသော် သူမ မေမေ လို ဇနီးကောင်း မိခင်ကောင်း ဖြစ်နိုင် ပါ့မလား ၊ ကိုယ်ရဲ့ အချိန်၊ အသိပညာအတတ်ပညာ နဲ့ မေတ္တာတွေ ပေးပြီး ယောကျာ်နဲ့ ကလေးတွေကို ကျန်းမာ ပျော်ရွှင်အောင် ထားနိုင်ဖို့ ၊ ကိုယ့်အလှည့်ကျရင် အဲ့လို ပေးဆပ်နိုင်ပါ့မလား တွေးမိတယ် လို့လည်း သူမရဲ့ ခံစားချက်လေးတွေ ကို လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ထုတ်ဖော်ပြခဲ့ပါတယ် ။ ပန်းရောင်တို့ သုံးယောက် ရဲ့ ဘဝအတွက် Mummy က တန်ဖိုး မဖြတ်နိုင်တဲ့ သူတစ်ယောက် ဒီလို မိခင်မျိုး ရဲ့ သမီးဖြစ်ရတာ အရမ်း ဂုဏ်ယူတယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Pan Yaung Chel
Emily (Cele Gabar)