အသက္အရြယ္ ငယ္ေပမယ့္ ပညာ မငယ္တဲ့ အဆိုေတာ္ ေမလသံစဥ္ ဟာ ေခတ္ေဟာင္ းသီခ်င္း ေတြကို တစ္ဖန္ ျပန္လည္ဆန္းသစ္ ၿပီး သီဆိုတတ္သလို ကိုယ္ပိုင္ သံစဥ္ေတြ ကိုလည္း ဖန္တီးခဲ့ပါေသးတယ္။ ” ေက်ာင္းပိတ္ရက္ ” သီခ်င္းေလး ကို နားဝင္ ပီယျဖစ္ေအာင္ သီဆို ခဲ့တဲ့အျပင္ ခ်စ္စရာပုံစံေလးသ႐ုပ္ေဆာင္ခဲ့ တာေၾကာင့္ ပရိသတ္ေတြ ရဲ့ အားေပးမႈကို အျပည့္အဝရခဲ့တာပါ။

ဒီသီခ်င္း ေလးေၾကာင့္ပဲ( Shwe FM) က ခ်ီးျမႇင့္ေပးတဲ့ ဆုကိုရခဲ့တာျဖစ္လို႔ သူမက အားေပးသူ ပရိသတ္ ေတြကို ေက်းဇူးတင္စကား ဆိုခဲ့ပါေသးတယ္။ ဒီေန႔မွာလည္း (Shwe FM) က ခ်ီးျမႇင့္တဲ့ ဆုေလးကိုပိုက္ၿပီး ရွမ္း ရိုးရာဝတ္စုံေလးနဲ႔ အလွႀကီးလွေနတဲ့ သူမ ရဲ့ပုံရိပ္ေတြကို လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။

ႀကိဳးစားမႈ ရဲ့ ရလာဒ္ဟာ အျမဲတမ္း ေကာင္းမြန္တာမို႔ ေမလ က ဒီထက္ပိုၿပီး အႏုပညာ အလုပ္ေတြ လုပ္ဖို႔ခြန္အားရွိေနခဲ့ပါတယ္။ သူမ ကိုအားေပးခ်စ္ခင္တဲ့ ပရိသတ္ ေတြကလည္း သူမရဲ့ အသံခ်ိဳခ်ိဳေလး နဲ႔ အျပဳံးလွလွေလး ေတြေၾကာင့္ အခ်စ္ေတြ ပိုတိုးလာေန ခဲ့ၾကပါတယ္။

Happy – Cele Zone
Photo – May Melody

UNICODE

အသက်အရွယ် ငယ်ပေမယ့် ပညာ မငယ်တဲ့ အဆိုတော် မေလသံစဉ် ဟာ ခေတ်ဟောင် းသီချင်း တွေကို တစ်ဖန် ပြန်လည်ဆန်းသစ် ပြီး သီဆိုတတ်သလို ကိုယ်ပိုင် သံစဉ်တွေ ကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ ” ကျောင်းပိတ်ရက် ” သီချင်းလေး ကို နားဝင် ပီယဖြစ်အောင် သီဆို ခဲ့တဲ့အပြင် ချစ်စရာပုံစံလေးသရုပ်ဆောင်ခဲ့ တာကြောင့် ပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အဝရခဲ့တာပါ။

ဒီသီချင်း လေးကြောင့်ပဲ( Shwe FM) က ချီးမြှင့်ပေးတဲ့ ဆုကိုရခဲ့တာဖြစ်လို့ သူမက အားပေးသူ ပရိသတ် တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း (Shwe FM) က ချီးမြှင့်တဲ့ ဆုလေးကိုပိုက်ပြီး ရှမ်း ရိုးရာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူမ ရဲ့ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ကြိုးစားမှု ရဲ့ ရလာဒ်ဟာ အမြဲတမ်း ကောင်းမွန်တာမို့ မေလ က ဒီထက်ပိုပြီး အနုပညာ အလုပ်တွေ လုပ်ဖို့ခွန်အားရှိနေခဲ့ပါတယ်။ သူမ ကိုအားပေးချစ်ခင်တဲ့ ပရိသတ် တွေကလည်း သူမရဲ့ အသံချိုချိုလေး နဲ့ အပြုံးလှလှလေး တွေကြောင့် အချစ်တွေ ပိုတိုးလာနေ ခဲ့ကြပါတယ်။

Happy – Cele Zone
Photo – May Melody