


သတင်းအရင်းမြစ်: Myo Myo Khine’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. အနုပညာ လောက မှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင် ကောင်းမှု တွေကြောင့် ပရိသတ်အားပေး ချစ်ခင်မှုတွေ အခိုင်အမာ ရရှိထားကြသူတွေထဲမှာ အဓိက သရုပ်ဆောင်တွေ အပြင် ဇာတ်ပို့ သရုပ်ဆောင်တွေ လည်း အများအပြား ရှိကြပါတယ်နော်..။ဇာတ်ပို့ သရုက်ဆောင် တစ်ယောက်ဖြစ်တဲ့ မျိုးမျိုးခိုင်ကလည်း ဆယ်စုနှစ် တွေကတည်း အနုပညာလောက ထဲကို ဝင်ရောက်ကာ ယနေ့အချိန်ထိ ဇာတ်ကား တွေတော်တော်များများ ရိုက်ကူးထားပြီး ပရိသတ် အချစ်တွေကိုသိမ်းပိုက် ထားသူပဲ ဖြစ်ပါတယ်နော်..။

မျိုးမျိုးခိုင်ကတော့ အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေသလို ပိုင်ရှင်မဲ့ တိရိစ္ဆာန်လေးတွေ အတွက်လည်း ကိုယ်တိုင် ကိုယ်ကျ ထမင်းဟင်းချက်ပြုတ်ကာ အမြဲလိုလို လှူဒါန်းနေပြီး လှုပ်ရှားမှု လေးတွေကိုလည်း ဝေမျှကာ အခုတစ်ခါမှာလည်း သူမရဲ့ ငယ်ဘဝ မင်္ဂလာဆောင် အမှတ်တရ လေးတွေကို ဝေမျှလာပါတယ်နော်..။ပရိသတ်တွေ မမြင်ဖူးသေးတဲ့ မင်္ဂလာဆောင် အမှတ်တရပုံလေးတွေ ကို ထုတ်ပြလိုက်တာ ဖြစ်ပြီး ပုံလေးတွေ ထဲမှာတော့ သူမတို့ဇနီးမောင်နှံအပြင် ဂုဏ်ပြု ပေးကြတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေကိုလည်း ပျော်ပျော်ပါးပါး ဧည့်ခံ နေကြတာ လေးကိုလည်း ကြည်နူးစွာ မြင်တွေ့ရမှာပါနော်..။

“ပုံဟောင်းလေးတွေ ပြန်တွေ့လို့ပါ..” ဆိုပြီး သူမရဲ့ မင်္ဂလာဆောင် အမှတ်တရ ပုံလေးတွေကိုလည်း ချစ်ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပြီး ငယ်စဉ်ကတည်းက ချောလှတဲ့ သူမ ရဲ့ပုံလေးတွေ ကလည်း တကယ်ကို ချစ်စရာ ကောင်းနေပါတယ်နော်..။ပရိသတ်တွေ ကလည်း မျိုးမျိုးခိုင် ရဲ့ မင်္ဂလာဆောင် အမှတ်ရပုံလေးတွေကို ကြည့်ကာ အပျော်လေးတွေ ကူးစက်ကြရင်း ချစ်စရာ ကောင်းစွာ လှနေတဲ့ သူမနဲ့အတူ ပွဲလာ ဧည့်ပရိသတ် အနုပညာရှင်မောင်နှမတွေရဲ့ အပျော်လေးတွေကိုလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

သတင်းအရင်းမြစ်: Myo Myo Khine’s Fb Acc