


Source : Phyu Phyu Htwe
Credit ; (Yaung Chi)

unicode

ကျောင်းကပွဲတစ်ခု ကနေတဆင့် ဖေ့ဘုတ်စ် ဆယ်လီ တစ်ယောက် အဖြစ်နာမည်ကျော်လာတဲ့ ဖြူဖြူထွေး ကတော့ ကြော်ငြာတွေ ဇာတ်လမ်းတိုတွေရိုက်ကူးရင် ပရိသတ်အားပေးမှု အတော်လေး ရလာခဲ့ပြီဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူမရရှိတဲ့ အနုပညာ ကြေးလေးနဲ့ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေ လေးစားချစ်ခင် နေကြရတဲ့ အနုပညာရှင် တစ်ယောက် လို့တောင်ပြောရမှာပါ ။

သူ့ရဲ့အနုပညာလှုပ်ရှားမှု တွေနဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာ ထက်ကနေ အမြဲလိုလိုမျှဝေပေးလေ့ရှိတဲ့ ဖြူဖြူ ထွေးတစ်ယောက်ကတော့ ဒီတစ်ခါမှာ ပန်းလေးက ဘယ်သူလာ ထားတာလဲဟင်း ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ပုံရိပ်အချို့ကို ပရိသတ် တွေကို ဝေမျှပေးလာ ခဲ့ပါတယ် ။ တစ်စုံတစ်ယောက် လာပို့သွားတဲ့ ပန်းတွေကြောင့် ရင်ခုန်နေတဲ့ သူမရဲ့ ပုံရိပ်လေး တွေကို Story ပုံစံလေးရိုက်ကူးထား တာဖြစ်ပြီး ပရိသတ်တွေကတော့ သူမနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်နေကြမယ် ထင်ပါတယ် ။

ပရိသတ်တွေကတော့ ဖြူဖြူထွေးရဲ့ ချစ်စဖွယ် ဆယ်ကျော်သက် ပုံရိပ်လေးတွေကို အရမ်းကို ချစ်ဖို့ကောင်းကြောင်း မှတ်ချက်လေးတွေ ပေးထားကြတာလည်းတွေ့ရပါတယ် ။ ဖြူဖြူ ထွေးကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ ပုံရိပ်လေးတွေကို ထပ်ဆင့်မျှ ဝေပေးလိုက်ပါ တယ်နော် ။

Source : Phyu Phyu Htwe
Credit ; (Yaung Chi)