ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာက‌တော့ တစ်ခေတ် တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့် အနုပညာရှင်တစ်ယောက်ပါ။မေခလာရဲ့ ချစ်ခင်ပွန်း ကိုရန်ကျော်ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံ နှစ်ယောက်က အေးအတူပူ အမျှနဲ့လက်တွဲနေကြတာဖြစ်ပြီး အားလုံးကအားကျနေရတာပါနော် ။

ပရိသတ်တွေ ကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျ ကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆို ပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်း မှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

အလှူအတန်း တွေဆိုရင်လည်း မကြာခဏ ပြုလုပ်လေ့ရှိရာ ဒီနေ့မှာလည်း မွေးနေ့ အမှတ်တရအနေနဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီအလှုလေးကတော့ ခုလိုကာလမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစု တွေကိုသွားရောက်ကာ အိမ်ခြေ (၇၂) အိမ်စာအတွက် တစ်အိမ်ကို သုံးသောင်းကျပ်နှုန်းလှူဒါန်းခဲ့ပါတယ်။အလှူလေးနဲ့ပတ်သက်ပြီးလည်း ” ကိုယ့်မွေးနေ့ ရောက်တိုင်း အလှုတခုတော့လုပ်လေ့ရှိပါတယ် ဒီနေ့ ဒီနှစ်မှာ အရင် နှစ်တွေကလို မလှုနိုင်ခဲ့ပါဘူး ဒါပေမဲ့ ခက်ခဲဆင်းရဲစွာနဲ့နေနေရတဲ့မိသားစု့လေးတွေဆီ အရောက်သွားခဲ့ပါတယ် အိမ်ခြေရ၂အိမ် တအိမ်၃သောင်းလှုနိုင်ခဲ့ပါတယ် တချို့ အိမ်လေးတွေနဲ့အမှတ်တရမရိုက်ဖြစ်ခဲ့ဘူး အားလုံးအဆင်မပြေနေကြတဲ့ အချိန်ကိုယ့်ထက်အဆင်မပြေတဲ့ မိသားစု တွေကြည့်ရင်း ဝမ်းနည်းမျက်ရည်ဝဲမိတယ် ” ခုလိုရေးသားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – May Khalar

ZAW GYI

ခ်စ္ငယ္လို႔ အားလုံးကခ်စ္စနိုးေခၚၾကတဲ့ အဆိုေတာ္ေမခလာက‌ေတာ့ တစ္ေခတ္ တစ္ခ်ိန္ထဲက သီခ်င္းေတြလည္းဆိုသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ တဲ့သူတစ္ေယာက္ျဖစ္လို႔ စြယ္စုံရတဲ့ဝါရင့္ အႏုပညာရွင္တစ္ေယာက္ပါ။ေမခလာရဲ့ ခ်စ္ခင္ပြန္း ကိုရန္ေက်ာ္ကလည္း ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္က ေအးအတူပူ အမၽွနဲ႔လက္တြဲေနၾကတာျဖစ္ၿပီး အားလုံးကအားက်ေနရတာပါေနာ္ ။

ပရိသတ္ေတြ ကလည္း သူတို႔စုံတြဲေလးကို အရမ္းအားက် ၾကသလို ခ်စ္ငယ္ရဲ့ပြင့္လင္းတဲ့ေျပာဆို ပုံေလးေတြနဲ႔စိတ္ထားျဖဴစင္ပုံေလးေတြကို ခ်စ္ေနၾကတာပါ ။ေမခလာကေတာ့ ယေန႔အခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္း မွန္မွန္လႈပ္ရွားေနၿပီး ခ်စ္ရတဲ့ မိသားစုနဲ႔အတူ ေအးခ်မ္းေပ်ာ္ရႊင္စြာေနထိုင္‌ေနတာျဖစ္ပါတယ္။

အလႉအတန္း ေတြဆိုရင္လည္း မၾကာခဏ ျပဳလုပ္ေလ့ရွိရာ ဒီေန႔မွာလည္း ေမြးေန႔ အမွတ္တရအေနနဲ႔ အလႉေလးတစ္ခုျပဳလုပ္ခဲ့ပါတယ္။ဒီအလႈေလးကေတာ့ ခုလိုကာလမွာ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ မိသားစု ေတြကိုသြားေရာက္ကာ အိမ္ေၿခ (၇၂) အိမ္စာအတြက္ တစ္အိမ္ကို သုံးေသာင္းက်ပ္ႏႈန္းလႉဒါန္းခဲ့ပါတယ္။အလႉေလးနဲ႔ပတ္သက္ၿပီးလည္း ” ကိုယ့္ေမြးေန႔ ေရာက္တိုင္း အလႈတခုေတာ့လုပ္ေလ့ရွိပါတယ္ ဒီေန႔ ဒီႏွစ္မွာ အရင္ ႏွစ္ေတြကလို မလႈနိုင္ခဲ့ပါဘူး ဒါေပမဲ့ ခက္ခဲဆင္းရဲစြာနဲ႔ေနေနရတဲ့မိသားစု႔ေလးေတြဆီ အေရာက္သြားခဲ့ပါတယ္ အိမ္ေျခရ၂အိမ္ တအိမ္၃ေသာင္းလႈနိုင္ခဲ့ပါတယ္ တခ်ိဳ႕ အိမ္ေလးေတြနဲ႔အမွတ္တရမရိုက္ျဖစ္ခဲ့ဘူး အားလုံးအဆင္မေျပေနၾကတဲ့ အခ်ိန္ကိုယ့္ထက္အဆင္မေျပတဲ့ မိသားစု ေတြၾကည့္ရင္း ဝမ္းနည္းမ်က္ရည္ဝဲမိတယ္ ” ခုလိုေရးသားထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone

Photo – May Khalar