သဉ္ဇာနွယ်ဝင်း ကတော့ အိမ်ထောင်ကျ ပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှု့ တွေ သိပ်မ ရှိတော့ဘဲ ခင်ပွန်း ဖြစ်သူ ရဲ့ စီးပွားရေး လုပ်ငန်း တွေကို ဝိုင်းကူပေးနေတာ ဖြစ်ပါတယ်။ အခု ရက်ပိုင်း အတွင်းမှာ တော့ သူမတို့ ဇနီးမောင်နှံ ရဲ့ စီးပွားရေး လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး သတင်း တစ်ချို့ ထွက်နေတာ ဖြစ်ပါတယ်။ ဒါကတော့ သူမတို့ ဖွင့်လှစ် ထားတဲ့ ဟော့ပေါ့ နဲ့ အကင်ဆိုင် တွေကို တပ်အသိုင်းအသိုင်း နဲ့ ဆက်နွယ်မှု့ ရှိတာကြောင့် boycott ကြဖို့ လတ်တလော လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ ရေးသား နေကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး မနေ့ ညက သဉ္ဇာနွယ်ဝင်း ခင်ပွန်း ရဲ့ လူမှု့ ကွန်ယက်တွင် ပြန်လည် ဖြေရှင်း ထားတာဖြစ်ပါတယ်။ အခုနာမည် ကြီးနေတဲ့ ဓာတ်ပုံ တစ်ပုံ ကတော့ ၂၀၁၈ ခုနှစ်က သူတို့ရဲ့ သားအကြီးဆုံး ရဲ့ မွေးနေ့အခမ်းအနား တုန်းက ပုံဖြစ်ပြီး မဟုတ်ဘဲ နဲ့ သတင်းအမှား တွေ အဖွခံနေရတာ ဖြစ်ကြောင်း ရှင်းပြ ထားပါတယ်။ သူတို့ အတွက်ကြောင့် နဲ့ အကုသိုလ် မရစေဖို့ မဟုတ်မှန်တဲ့ သတင်းတွေကို ပြန်လည် စဉ်းစား သုံးသပ် ပေးကြဖို့ကို လည်းအခုလိုရေးသား တောင်းဆို ထားတာ ဖြစ်ပါတယ်။

” ဟိုးရက် က ကျွန်တော် အသိတစ်ယောက် ဖုန်းဆက် လာပြီး အကြံတောင်းတယ် ။ သူ လုပ်တဲ့ ဟိုတယ် ရဲ့ အပေါ်ထပ်မှာ တပ်ပေး စွဲထားပါတယ် ဘယ်လိုဘယ်လို လုပ်နေပါတယ် ဆိုပြီး အကောင့်တစ်ခု နဲ့ လုပ်ငန်းပေ့ချ် အောက်မှာရော ဂရုတွေထဲ လည်း လျှောက်ရေးရော ။ မဟုတ်ပေ မယ့်လည်း အဲ့ဒီသတင်းကြီးက ပွပြီး ဝိုင်းဆဲတာ ကောင်းကောင်းခံ လိုက်ရတော့ သူ ဘယ်လို ပြန်ရှင်း သင့်လဲ လာမေးတယ် ။ပြောရရင် သူက စီးပွားရေး ကို သန့်သန့်လေး လုပ်ပြီး သူ့ကြိုးစားမှု နဲ့ သူတက်လာတာ မို့ ဒီလိုပလိန်းကြီး ရေးခံ ထိတာ တော်တော်လေး ဒုက္ခ ရောက်ရတယ် ။နဂို ကတည်းက လူအေး ဆိုတော့ ဘယ်အဖွဲ့အစည်း နဲ့ မှ မပေါင်းသင်းမလုပ် ရတဲ့ ဟိုတယ် လိုင်းလေးပဲ သေချာ လေးလုပ်နေ တဲ့သူ ။ သူ့ ဟိုတယ်မှာ ဟိုကဖွ သလိုဘာမှမရှိသလို လူအဝင် ပါးလို့ စိတ်ဆင်းရဲ နေတဲ့ကြားက ဒီလိုချောက်တွန်းခံရလိုက်ရတော့ ။ မင်းကွာဖြေရှင်းမနေပါနဲ့လို့ ပြောလိုက်ရပေမယ့်လည်း သူ့ကိုလာရန်ရှာတဲ့ facebook လူအုပ်ကြီးကလည်း ကြောက်စရာ အခုတော့ ကိုယ့်အလှည့် ကျမှ ခံစားဖူးမှ သိတော့တယ်။ သားလေး တစ်နှစ် ပြည့်ပွဲ ရဲ့ ၂၀၁၈ ကပုံတစ်ခုကို ဦးတည်ပြီး မဟုတ်ပဲ နဲ့ အဖွခံ ရတဲ့ အမုန်းတရားနဲ့ ချောက်တွန်းတဲ့ကိစ္စ။ အားလုံး တကယ့်အမှန်တရားတွေ ပိုက်ရင်း အေးချမ်းတဲ့ ဘဝလေးအမြန်ပိုင်ဆိုင်ရပါစေဗျာ ။

မဟုတ်ဘဲ နဲ့ အစွပ်စွဲခံ ရတာက တော့ကိုယ့်ကံ အကြောင်းတရားပဲ ဆိုတော့ ကောင်းမှု့ ကုသိုလ်လေး နဲ့ ပြန်ဖြေလိုက်ပါ့မယ်။ ကျွန်တော်ကြောင့်တော့ အကုသိုလ်မရစေဖို့ မဟုတ်တာတွေ ရေးနေဖွနေတာကိုတော့ တစ်ချက်လောက် ပြန်စဉ်းစား သုံးသပ်စေ ချင်ပါတယ်။ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကလည်း ” တစ်ခုခု ပြောမယ် ဆိုရင်အရင်ဆုံး မှန်လားမှားလား အသေအချာ သိမှ သူတစ်ပါးကို ဝေဖန်ပါ ပြောပါ။” ဆိုပြီး သူမခင်ပွန်း ရဲ့ ပို့စ်ကို ပြန်လည်ဝေမျှပြီး ရှင်းပြထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးလည်း အကြောင်းစုံ သိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှု့ပေးသူ တစ်ယောက်ချင်း
စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

crd…….

ZAWGYI

သဥၨာႏြယ္ဝင္း ကေတာ့ အိမ္ေထာင္က် ၿပီးေနာက္ပိုင္း အႏုပညာ လႈပ္ရွားမႈ႔ ေတြ သိပ္မ ရွိေတာ့ဘဲ ခင္ပြန္း ျဖစ္သူ ရဲ့ စီးပြားေရး လုပ္ငန္း ေတြကို ဝိုင္းကူေပးေနတာ ျဖစ္ပါတယ္။ အခု ရက္ပိုင္း အတြင္းမွာ ေတာ့ သူမတို႔ ဇနီးေမာင္ႏွံ ရဲ့ စီးပြားေရး လုပ္ငန္းေတြ နဲ႔ ပတ္သက္ၿပီး သတင္း တစ္ခ်ိဳ႕ ထြက္ေနတာ ျဖစ္ပါတယ္။ ဒါကေတာ့ သူမတို႔ ဖြင့္လွစ္ ထားတဲ့ ေဟာ့ေပါ့ နဲ႔ အကင္ဆိုင္ ေတြကို တပ္အသိုင္းအသိုင္း နဲ႔ ဆက္ႏြယ္မႈ႔ ရွိတာေၾကာင့္ boycott ၾကဖို႔ လတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာ ေပၚမွာ ေရးသား ေနၾကတာ ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာ နဲ႔ ပတ္သက္ၿပီး မေန႔ ညက သဥၨာႏြယ္ဝင္း ခင္ပြန္း ရဲ့ လူမႈ႔ ကြန္ယက္တြင္ ျပန္လည္ ေျဖရွင္း ထားတာျဖစ္ပါတယ္။ အခုနာမည္ ႀကီးေနတဲ့ ဓာတ္ပုံ တစ္ပုံ ကေတာ့ ၂၀၁၈ ခုႏွစ္က သူတို႔ရဲ့ သားအႀကီးဆုံး ရဲ့ ေမြးေန႔အခမ္းအနား တုန္းက ပုံျဖစ္ၿပီး မဟုတ္ဘဲ နဲ႔ သတင္းအမွား ေတြ အဖြခံေနရတာ ျဖစ္ေၾကာင္း ရွင္းၿပ ထားပါတယ္။ သူတို႔ အတြက္ေၾကာင့္ နဲ႔ အကုသိုလ္ မရေစဖို႔ မဟုတ္မွန္တဲ့ သတင္းေတြကို ျပန္လည္ စဥ္းစား သုံးသပ္ ေပးၾကဖို႔ကို လည္းအခုလိုေရးသား ေတာင္းဆို ထားတာ ျဖစ္ပါတယ္။

” ဟိုးရက္ က ကၽြန္ေတာ္ အသိတစ္ေယာက္ ဖုန္းဆက္ လာၿပီး အႀကံေတာင္းတယ္ ။ သူ လုပ္တဲ့ ဟိုတယ္ ရဲ့ အေပၚထပ္မွာ တပ္ေပး စြဲထားပါတယ္ ဘယ္လိုဘယ္လို လုပ္ေနပါတယ္ ဆိုၿပီး အေကာင့္တစ္ခု နဲ႔ လုပ္ငန္းေပ့ခ်္ ေအာက္မွာေရာ ဂ႐ုေတြထဲ လည္း ေလၽွာက္ေရးေရာ ။ မဟုတ္ေပ မယ့္လည္း အဲ့ဒီသတင္းႀကီးက ပြၿပီး ဝိုင္းဆဲတာ ေကာင္းေကာင္းခံ လိုက္ရေတာ့ သူ ဘယ္လို ျပန္ရွင္း သင့္လဲ လာေမးတယ္ ။ေျပာရရင္ သူက စီးပြားေရး ကို သန႔္သန႔္ေလး လုပ္ၿပီး သူ႔ႀကိဳးစားမႈ နဲ႔ သူတက္လာတာ မို႔ ဒီလိုပလိန္းႀကီး ေရးခံ ထိတာ ေတာ္ေတာ္ေလး ဒုကၡ ေရာက္ရတယ္ ။နဂို ကတည္းက လူေအး ဆိုေတာ့ ဘယ္အဖြဲ႕အစည္း နဲ႔ မွ မေပါင္းသင္းမလုပ္ ရတဲ့ ဟိုတယ္ လိုင္းေလးပဲ ေသခ်ာ ေလးလုပ္ေန တဲ့သူ ။ သူ႔ ဟိုတယ္မွာ ဟိုကဖြ သလိုဘာမွမရွိသလို လူအဝင္ ပါးလို႔ စိတ္ဆင္းရဲ ေနတဲ့ၾကားက ဒီလိုေခ်ာက္တြန္းခံရလိုက္ရေတာ့ ။ မင္းကြာေျဖရွင္းမေနပါနဲ႔လို႔ ေျပာလိုက္ရေပမယ့္လည္း သူ႔ကိုလာရန္ရွာတဲ့ facebook လူအုပ္ႀကီးကလည္း ေၾကာက္စရာ အခုေတာ့ ကိုယ့္အလွည့္ က်မွ ခံစားဖူးမွ သိေတာ့တယ္။ သားေလး တစ္ႏွစ္ ျပည့္ပြဲ ရဲ့ ၂၀၁၈ ကပုံတစ္ခုကို ဦးတည္ၿပီး မဟုတ္ပဲ နဲ႔ အဖြခံ ရတဲ့ အမုန္းတရားနဲ႔ ေခ်ာက္တြန္းတဲ့ကိစၥ။ အားလုံး တကယ့္အမွန္တရားေတြ ပိုက္ရင္း ေအးခ်မ္းတဲ့ ဘဝေလးအျမန္ပိုင္ဆိုင္ရပါေစဗ်ာ ။

မဟုတ္ဘဲ နဲ႔ အစြပ္စြဲခံ ရတာက ေတာ့ကိုယ့္ကံ အေၾကာင္းတရားပဲ ဆိုေတာ့ ေကာင္းမႈ႔ ကုသိုလ္ေလး နဲ႔ ျပန္ေျဖလိုက္ပါ့မယ္။ ကၽြန္ေတာ္ေၾကာင့္ေတာ့ အကုသိုလ္မရေစဖို႔ မဟုတ္တာေတြ ေရးေနဖြေနတာကိုေတာ့ တစ္ခ်က္ေလာက္ ျပန္စဥ္းစား သုံးသပ္ေစ ခ်င္ပါတယ္။ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ သဥၨာႏြယ္ဝင္းကလည္း ” တစ္ခုခု ေျပာမယ္ ဆိုရင္အရင္ဆုံး မွန္လားမွားလား အေသအခ်ာ သိမွ သူတစ္ပါးကို ေဝဖန္ပါ ေျပာပါ။” ဆိုၿပီး သူမခင္ပြန္း ရဲ့ ပို႔စ္ကို ျပန္လည္ေဝမၽွၿပီး ရွင္းျပထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ အားလုံးလည္း အေၾကာင္းစုံ သိရွိေစဖို႔ ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။ဖတ္ရႈ႔ေပးသူ တစ္ေယာက္ခ်င္း
စီတိုင္းကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္။

crd…….