


Credit:Swelsone News
Cele Secrets

သူမရဲ့ မွေးနေ့မှာ မိဘတွေကို ဆုံအောင် လုပ်ပေး ချင်တယ် ဆိုတဲ့ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ရဲ့သမီးလေး မြမိုးဂင်္ဂါ

အဆိုတော် ချမ်းချမ်း ကတော့ အောင်မြင်လျက် ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး သီချင်း ကောင်းလေး တွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဝင်ရောက်နေရာ ယူထားနိုင် ခဲ့ပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ သူမ ကတော့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက် ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိ နားထောင်လို့ ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေအားပေး ကြိုက်နှစ်သက်နေဆဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာရ ယူထားနိုင်ခဲ့တဲ့ သူမ ကတော့ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် ကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေးမြမိုးင်္ဂါလေးကတော့ လိမ်မာရေးခြားရှိသလို မိဘအပေါ်မှာလဲ သိတတ်တဲ့ကလေးလေးပဲဖြစ်ပါတယ်။ မြမိုးဂင်္ဂါလေးက “သမီး ရဲ့ မွေးနေ့ မှာ ဖေဖေ နဲ့ မေမေ ကို ဆုံအောင် လုပ်ပေးချင်တယ်။ ဖေဖေ နဲ့ မေမေ က ရိုးရိုး နေ့တွေ ဆိုရင် အတူတူ မတွေ့ရဘူး။ သမီး မွေးနေ့မှာတော့ သမီး ကြိုက်တာတွေ လုပ်ပေးစေချင်တယ်” ဆိုပြီး သူမရဲ့မွေးနေ့လေးမှာ သူမိဘနှစ်ဦးနဲ့ အတူရှိချင်ကြောင်းလေးကိုပြောလာတာပဲဖြစ်ပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့က တရားဝင်ကွာရှင်း ထားကြတာ ဖြစ်သလို မြမိုးဂင်္ဂါလေးကလဲ အဖေနဲ့အမေ့စီမှာ တစ်လှည့်စီ နေနေရတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချမ်းချမ်းက နောက် အိမ်ထောင်ပြု ခဲ့ပြီး ကွယ်ဝန်လွယ်ထား ရတာပဲဖြစ် ပါတယ်။ ပရိသတ်ကြီး အတွက် မွေးနေ့မှာ မိဘတွေနဲ့ ဆုံချင်တဲ့ မြမိုးဂင်္ဂါလေးရဲ့ interview ဗီဒီယိုဖိုင်လေး ကို ဖော်ပြပေးလိုက် ပါတယ်နော်။

Credit:Swelsone News
Cele Secrets