


crd-myanmarload

UNICODE

ပရိသတ်ကြီးရေ……တက်သစ်စ အနုပညာရှင်လေး ဖြစ်ပေမယ့် ကြိုးစား အားထုတ်မှုတွေကြောင့် ပရိသတ် ရင်ထဲနေရာ တစ်နေရာရရှိထားတဲ့သူလေးကတော့ ဝေလာရီပဲ ဖြစ်ပါတယ်နော်….။သူဟာ အဆိုတော်လိမ္မော်သီး ရဲ့ ညီမလေးလည်း ဖြစ်ပြီးတော့ မွန် တိုင်းရင်းသူလေး တစ်ယောက်လည်း ဖြစ်ပြီး ချစ်စရာ အပြုံးချိုချိုလေး တွေနဲ့ ပရိသတ်တွေ ကို ဖမ်းစားထားနိုင်တဲ့ သူလေးလည်းဖြစ်ပါတယ်…..။

ဝေလာရီ ဟာ Mrtv-4 ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင် နေတဲ့ မင်းသမီးလေးလည်း ဖြစ်ပြီးတော့ အခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင် နေတာလည်းဖြစ်ပါတယ်…။ဝေလာရီ ဟာ အခုနောက်ပိုင်းမှာ ဆိုရင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစား လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ Live sales တွေလည်းပြုလုပ်နေတာ ဖြစ်ပါတယ်နော်။

ဝေလာရီ ဟာ မိဘအပေါ်ကို လည်းသိတတ်လွန်းတဲ့ အပြင်လိမ္မာရေး ခြားရှိလွန်းတာ ကြောင့် ပရိသတ်တွေက သူမကို ချစ်ပြီး ရင်းချစ်နေကြတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် လည်း ဝေလာရီ ဟာ သူမရဲ့ Facebook my day လေးမှာ ပရိသတ်စိတ်ဝင်စားနေကြတဲ့ သူသဘောကျ တဲ့ ကောင်လေး ပုံစံကို “ပြတ်သားတဲ့စိတ်ရှိတဲ့ ကောင်လေးမျိုးကို သဘောကျတယ် ခုထိတော့ မတွေ့သေးဘူး….” ဆိုပြီး ရေးသားလာခဲ့ ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

crd-myanmarload