


unicode

သရုပ်ဆောင် မင်းသမီးချောလေး ပွင့်နဒီမောင် ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု တွေလည်း လုပ်ဆောင်နေပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကြိုးစားပမ်းစား လုပ်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သာယာကြည် နူးဖွယ်ရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကပါ သူတို့ ဇနီးမောင် နှံကို ကြည့်ပြီး ကြည်နူးအား ကျနေကြတာလည်း ဖြစ်ပါတယ်။ ပွင့်နဒီမောင်ဟာ အနုပညာအလုပ်တွေအပြင် သရုပ်ဆောင် ထူးခြားနဲ့အတူ အမိုက်စားဟင်းလျာတွေကို ချက်ပြုတ်ရောင်းချ ပေးနေတာလည်း ဖြစ်ပါတယ်။

ပွင့်နဒီမောင်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က အိမ်ရှေ့ကတံခါးကို ကားနဲ့ ကိုယ့်ဘာသာတိုက်မိခဲ့တဲ့ အက်စီးဒင့် တစ်ခု ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဥိကိုလည်း လွန်ခဲ့တဲ့ တစ်ပတ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှ ာတွင် တင်ခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက် ကလည်း ပွင့်နဒီမောင် ခင်ပွန်းရဲ့ Facebook အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်ဇနီးလေးဈေးသွား ရန် အဆင်ပြေစေရန်အတွက် အမိုက်စားစီးတော်ယာဉ်တစ်စီးဝယ်ပေး ထားလိုက်တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

Photo Crd-ရွှေကညှာ Facebook Account