ပရိတ်သတ်ကြီးရေ….ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားပေါင်းများစွားကို ရိုက်ကူး ပုံဖော်ပြီး ပရိတ်သတ် ကိုရသမျိုးစုံခံစားရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာဆိုရင် အနုပညာ လမ်းကြောင်းပေါ်မှာဆယ်စုနှစ်ကျော်တိုင် အောင်မြင်စွာ နဲ့လျှောက်လှမ်းလာခဲ့ပြီး ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိကပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်..။ဦးမျိုးမင်းက မျိုးဆက်သစ် လူငယ်တွေကိုလည်း သူတတ်သိသမျှသရုပ်ဆောင်ပညာရပ်တွေကို မချွင်းမချန်သင်ကြာပေးနေသူလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။ဒါ့အပြင် ဦးမျိုးမင်းက ပရိတ်သတ် တွေတစ်ခဲနက်ကြိုက်နှစ်သက်အားပေးခဲ့ရတဲ့ နှင်းဆီအငြိမ့်ရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဆိုလညး်မမှားပါဘူးနော်။

ဦးမျိုးမင်းက လူအများနဲ့ လိုက်လျောညီထွေနေ တတ်တဲ့အတွက် အလုပ်လုပ်ဖော်ကိုင်ဖက်တွေရဲ့ချစ်ခင်လေးစားချင်းကို ခံခဲ့ရတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ ဦးမျိုးက သူ့ရဲ့ နှင်းဆီအဖွဲ့သားတွေအပေါ်မှာလည်း သားသမီးအရင်းသဖွယ်ဂရုစိုက်စောင့်ရှောက်ပေးနေတာကိုလည်း မြင်တွေခဲ့ရပါသေးတယ်။ဒါ့အပြင် တစ်ယောက် တစ်နေရာစီဝေးကွာနေကြတဲ့ နှင်းဆီအဖွဲ့သားများ ဘေးအန္တရာယ် ကင်းရှင်းပြီး မိသားစုတွေနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့အတွက်လည်း ဆုတောင်းမေတ္တာပို့သပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဦးမျိုးက ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်နော် ။ဒီကနေ့မှာ ဆိုရင်လည်းဦးမျိုးမင်းက”လူတွေအားလုံးရဲ့ အနာဂါတ်အိပ်မက်တွေဟာ ဖျတ်ကနဲ မှိတ်ပစ် လိုက်သလို ရုတ်တရက်အမှောင်ကျသွားခဲ့တယ်။ လူငယ်တွေ အတွက်အချိန်အများကြီးရှိသေးတယ်ဆိုပေမယ့် ပြန်လည်မွေးမြူရတဲ့စိတ်ခွန်အားတွေရယ် ပျောက်ဆုံးသွားတဲ့ ယုံကြည်ချက်တွေက ရွှေဆိုင်မှာ ပေးလိုက်ရတဲ့ အလျော့တွက်တွေလို ဘာမှပြန်မရဘူး။အချိန်နည်းနေတဲ့ လူကြီးတွေအတွက်တော့လက်ကျန်သက်တမ်းကနေ ရက်ပေါင်း ခုနှစ်ရာကျော် ကိုနှုတ်ပေးလိုက်ရပြီ။

နောက်ကျကျန်ခဲ့တဲ့စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊နဲ့ ကမ္ဘာ့အလယ်မှာနိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ကျနော်တို့ နှစ်ဆ ပြန်ကြိုးစားရမှာကိုသိရှိနားလည်ကြပါတယ် ရင်ဆိုင်ဖို့လဲအသင့်ရှိပါတယ်။ နောင်မျိုးဆက်တွေ ကောင်းစားစေချင်တာကိုး၊ကျနော်တို့ သေဆုံးသွားတဲ့အခါ ကျနော်တို့အကုန်ထားခဲ့ရမှာပါ ကျ​နော်တို့မသေခင်မှာ………လူငယ်တွေလိုချင်တဲ့ ဒီမိုကရေစီ၊တရားမျှတမှု၊လွတ်လပ်မှု၊အနိုင်ကျင့်မှုတွေ ကင်းမဲ့တဲ့နေရာ လောဘဒေါသနဲ့မနာလိုခြင်းတွေကင်းတဲ့နေရာ၊လိမ်ညာလှည့်ဖျားခြင်းမရှိတဲ့နေရာ၊ပြုံးရွှင်နေတဲ့လူတွေရဲ့မျက်နှာနဲ့ အကြင်နာတရား​တွေပြည့်​ဝ သစ္စာတရား တွေလွှမ်းမိုးတဲ့ မြိုတော် လူအချင်းချင်း ယုံကြည်ရ တဲ့နေရာ ၊ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့​​​​နေ ရာကို မြင်ရရင် ကျနော်သေပျော်ပါပြီ။အဲဒါကျနော်တိုအိပ်မက်ပါပဲ…။ကျနော် ပြောရဲတယ် တစ်သက်လုံးမပွင့်ဖူးတဲ့ပန်းကလေးတွေတောင် အဲဒီနေရာမှာပွင့်ကြလိမ့်မယ်” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှု ပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Maungmyomin Yintwinphyit’s Facebook Account

Credit ; Celebrity Platforms

ZAW GYI

ပရိတ္သတ္ႀကီးေရ….႐ုပ္ရွင္နဲ႔ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြားကို ရိုက္ကူး ပုံေဖာ္ၿပီး ပရိတ္သတ္ ကိုရသမ်ိဳးစုံခံစားရေအာင္ ဖန္တီးနိုင္စြမ္းရွိတဲ့ ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ဟာဆိုရင္ အႏုပညာ လမ္းေၾကာင္းေပၚမွာဆယ္စုႏွစ္ေက်ာ္တိုင္ ေအာင္ျမင္စြာ နဲ႔ေလၽွာက္လွမ္းလာခဲ့ၿပီး ပရိတ္သတ္အားေပးမႈကိုအျပည့္အဝရရွိကပိုင္ဆိုင္ထားတဲ့သူတစ္ဦးပဲျဖစ္ပါတယ္ေနာ္..။ဦးမ်ိဳးမင္းက မ်ိဳးဆက္သစ္ လူငယ္ေတြကိုလည္း သူတတ္သိသမၽွသ႐ုပ္ေဆာင္ပညာရပ္ေတြကို မခၽြင္းမခ်န္သင္ၾကာေပးေနသူလည္းျဖစ္ပါတယ္ပရိတ္သတ္ႀကီးေရ။ဒါ့အျပင္ ဦးမ်ိဳးမင္းက ပရိတ္သတ္ ေတြတစ္ခဲနက္ႀကိဳက္ႏွစ္သက္အားေပးခဲ့ရတဲ့ ႏွင္းဆီအၿငိမ့္ရဲ့ပဲ့ကိုင္ရွင္တစ္ေယာက္ဆိုလညး္မမွားပါဘူးေနာ္။

ဦးမ်ိဳးမင္းက လူအမ်ားနဲ႔ လိုက္ေလ်ာညီေထြေန တတ္တဲ့အတြက္ အလုပ္လုပ္ေဖာ္ကိုင္ဖက္ေတြရဲ့ခ်စ္ခင္ေလးစားခ်င္းကို ခံခဲ့ရတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ ျပဳံးျပဳံးရႊင္ရႊင္ေနတတ္တဲ့ ဦးမ်ိဳးက သူ႔ရဲ့ ႏွင္းဆီအဖြဲ႕သားေတြအေပၚမွာလည္း သားသမီးအရင္းသဖြယ္ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတာကိုလည္း ျမင္ေတြခဲ့ရပါေသးတယ္။ဒါ့အျပင္ တစ္ေယာက္ တစ္ေနရာစီေဝးကြာေနၾကတဲ့ ႏွင္းဆီအဖြဲ႕သားမ်ား ေဘးအႏၲရာယ္ ကင္းရွင္းၿပီး မိသားစုေတြနဲ႔ အျမန္ဆုံးျပန္လည္ဆုံဆည္းၾကေစဖို႔အတြက္လည္း ဆုေတာင္းေမတၱာပို႔သေပးေနတာပဲ ျဖစ္ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ဦးမ်ိဳးက ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ေနတာပဲျဖစ္ပါတယ္ေနာ္ ။ဒီကေန႔မွာ ဆိုရင္လည္းဦးမ်ိဳးမင္းက”လူေတြအားလုံးရဲ့ အနာဂါတ္အိပ္မက္ေတြဟာ ဖ်တ္ကနဲ မွိတ္ပစ္ လိုက္သလို ႐ုတ္တရက္အေမွာင္က်သြားခဲ့တယ္။ လူငယ္ေတြ အတြက္အခ်ိန္အမ်ားႀကီးရွိေသးတယ္ဆိုေပမယ့္ ျပန္လည္ေမြးျမဴရတဲ့စိတ္ခြန္အားေတြရယ္ ေပ်ာက္ဆုံးသြားတဲ့ ယုံၾကည္ခ်က္ေတြက ေရႊဆိုင္မွာ ေပးလိုက္ရတဲ့ အေလ်ာ့တြက္ေတြလို ဘာမွျပန္မရဘူး။အခ်ိန္နည္းေနတဲ့ လူႀကီးေတြအတြက္ေတာ့လက္က်န္သက္တမ္းကေန ရက္ေပါင္း ခုႏွစ္ရာေက်ာ္ ကိုႏႈတ္ေပးလိုက္ရၿပီ။

ေနာက္က်က်န္ခဲ့တဲ့စီးပြားေရး၊ပညာေရး၊က်န္းမာေရး၊လူမႈေရး၊နဲ႔ ကမၻာ့အလယ္မွာနိမ့္က်ေနတဲ့ ဆင္းရဲႏြမ္းပါးမႈေတြကို က်ေနာ္တို႔ ႏွစ္ဆ ျပန္ႀကိဳးစားရမွာကိုသိရွိနားလည္ၾကပါတယ္ ရင္ဆိုင္ဖို႔လဲအသင့္ရွိပါတယ္။ ေနာင္မ်ိဳးဆက္ေတြ ေကာင္းစားေစခ်င္တာကိုး၊က်ေနာ္တို႔ ေသဆုံးသြားတဲ့အခါ က်ေနာ္တို႔အကုန္ထားခဲ့ရမွာပါ က်​ေနာ္တို႔မေသခင္မွာ………လူငယ္ေတြလိုခ်င္တဲ့ ဒီမိုကေရစီ၊တရားမၽွတမႈ၊လြတ္လပ္မႈ၊အနိုင္က်င့္မႈေတြ ကင္းမဲ့တဲ့ေနရာ ေလာဘေဒါသနဲ႔မနာလိုျခင္းေတြကင္းတဲ့ေနရာ၊လိမ္ညာလွည့္ဖ်ားျခင္းမရွိတဲ့ေနရာ၊ျပဳံးရႊင္ေနတဲ့လူေတြရဲ့မ်က္ႏွာနဲ႔ အၾကင္နာတရား​ေတြျပည့္​ဝ သစၥာတရား ေတြလႊမ္းမိုးတဲ့ ၿမိဳေတာ္ လူအခ်င္းခ်င္း ယုံၾကည္ရ တဲ့ေနရာ ၊ယုံၾကည္ျခင္းၿမိဳ႕ေတာ္လို႔ ေခၚဆိုနိုင္တဲ့​​​​ေန ရာကို ျမင္ရရင္ က်ေနာ္ေသေပ်ာ္ပါၿပီ။အဲဒါက်ေနာ္တိုအိပ္မက္ပါပဲ…။က်ေနာ္ ေျပာရဲတယ္ တစ္သက္လုံးမပြင့္ဖူးတဲ့ပန္းကေလးေတြေတာင္ အဲဒီေနရာမွာပြင့္ၾကလိမ့္မယ္” ဆိုၿပီး သူရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့တာပဲျဖစ္ပါတယ္ေနာ္…။ဖတ္ရႈ ေပးတဲ့ ပရိတ္သတ္တစ္ေယာက္ခ်င္းစီတိုင္းကိုအထူးပဲေက်းဇူးတင္ရွိပါတယ္။

Source ; Maungmyomin Yintwinphyit’s Facebook Account

Credit ; Celebrity Platforms