သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု ကေတာ့ ပီျပင္ လွတဲ့ သ႐ုပ္ေဆာင္ မႈေတြေၾကာင့္ ပရိသတ္ေတြ က သဘာဝ မင္းသမီးလို႔ ေတာင္ သတ္မွတ္ ထားၾကတာပါ။ လူတိုင္းအေပၚမွာ လည္း အျမဲ ကူ ညီတတ္တဲ့ စိတ္ထား ေလးေၾကာင့္ အားလုံးက ခ်စ္ခင္ေန ၾကတာလည္း ျဖစ္ပါတယ္။လတ္တေလာ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈေတြမွာလည္း က်ရာ အခန္းက႑ ကေန ျပည္သူေတြ နဲ႔ အတူ ပူးေပါင္း ပါဝင္ေန တာလည္း ျဖစ္ပါတယ္။လက္ရွိမွာ အေျခအေန အရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ ေနရေပမယ့္ လည္း တတ္နိုင္တဲ့ ဘက္ကေန လူထု လႈပ္ရွားမႈ အတြက္ ပါဝင္ေဆာင္ ရြက္ေပးေန ဆဲပဲ ျဖစ္ပါတယ္။

လူမႈ ကြန္ယက္ စာမ်က္ႏွာ မ်ားကေနလည္း ဖမ္းဆီး ထိန္းသိမ္းခံ ထားရတဲ့ ေက်ာင္းသား ၊ ေက်ာင္းသူ မ်ားကို အျမန္ဆုံး ျပန္လႊတ္ ေပးရန္ speak out လုပ္ေပးေန တာပဲ ျဖစ္ပါတယ္။ မၾကာ ေသးခင္ နာရီပိုင္း ေလာက္က လည္း သူမ ရဲ့ Facebook အေကာင့္ တြင္ အေရးေတာ္ပုံ ေအာင္သြားတဲ့ အခါ အလုပ္ေတြႀကိဳးစားၿပီး တိုင္းရင္းသား ေတြေနထိုင္ရာေဒသ ေတြဆီသြားကာ လိုအပ္တာေတြ လႉဒါန္းသြားမယ့္ အေၾကာင္း ေရးသား ထားတာပဲ ျဖစ္ပါတယ္။

” အေရးေတာ္ ပုံ ေအာင္ျမင္ၿပီးသြားရင္….အလုပ္ ႀကိဳးစားၿပီး ပိုက္ဆံ စုမယ္…(ပိုက္ဆံကေတာ့ အရင္စု ရဦးမယ္ ကိုဗစ္ နဲ႔ မအလ ေပါင္းၿပီး ႏွိပ္စက္တာ သနားစရာ ဘဏ္ စာရင္းေလး ျဖစ္ေနၿပီ) ၿပီးရင္ ေက်းဇူးရွင္ တိုင္းရင္းသား ေဒသေတြ ဆီကို သြားမယ္….သူတို႔ေဒသမွာ လိုအပ္ေနတဲ့ ေနရာေတြကို လိုက္လႉမယ္….အရင္တုန္းက မသိနားမလည္ခဲ့မိတာေတြ အတြက္ေတာင္းပန္မယ္….#အေရးေတာ္ပုံ ေအာင္ရမည္ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္း ေလးကို တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ ေပးလိုက္ရ ပါတယ္ေနာ္။

crd-original

UNICODE

သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ ပီပြင် လှတဲ့ သရုပ်ဆောင် မှုတွေကြောင့် ပရိသတ်တွေ က သဘာဝ မင်းသမီးလို့ တောင် သတ်မှတ် ထားကြတာပါ။ လူတိုင်းအပေါ်မှာ လည်း အမြဲ ကူ ညီတတ်တဲ့ စိတ်ထား လေးကြောင့် အားလုံးက ချစ်ခင်နေ ကြတာလည်း ဖြစ်ပါတယ်။လတ်တလော ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း ကျရာ အခန်းကဏ္ဍ ကနေ ပြည်သူတွေ နဲ့ အတူ ပူးပေါင်း ပါဝင်နေ တာလည်း ဖြစ်ပါတယ်။လက်ရှိမှာ အခြေအနေ အရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့် လည်း တတ်နိုင်တဲ့ ဘက်ကနေ လူထု လှုပ်ရှားမှု အတွက် ပါဝင်ဆောင် ရွက်ပေးနေ ဆဲပဲ ဖြစ်ပါတယ်။

လူမှု ကွန်ယက် စာမျက်နှာ များကနေလည်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသား ၊ ကျောင်းသူ များကို အမြန်ဆုံး ပြန်လွှတ် ပေးရန် speak out လုပ်ပေးနေ တာပဲ ဖြစ်ပါတယ်။ မကြာ သေးခင် နာရီပိုင်း လောက်က လည်း သူမ ရဲ့ Facebook အကောင့် တွင် အရေးတော်ပုံ အောင်သွားတဲ့ အခါ အလုပ်တွေကြိုးစားပြီး တိုင်းရင်းသား တွေနေထိုင်ရာဒေသ တွေဆီသွားကာ လိုအပ်တာတွေ လှူဒါန်းသွားမယ့် အကြောင်း ရေးသား ထားတာပဲ ဖြစ်ပါတယ်။

” အရေးတော် ပုံ အောင်မြင်ပြီးသွားရင်….အလုပ် ကြိုးစားပြီး ပိုက်ဆံ စုမယ်…(ပိုက်ဆံကတော့ အရင်စု ရဦးမယ် ကိုဗစ် နဲ့ မအလ ပေါင်းပြီး နှိပ်စက်တာ သနားစရာ ဘဏ် စာရင်းလေး ဖြစ်နေပြီ) ပြီးရင် ကျေးဇူးရှင် တိုင်းရင်းသား ဒေသတွေ ဆီကို သွားမယ်….သူတို့ဒေသမှာ လိုအပ်နေတဲ့ နေရာတွေကို လိုက်လှူမယ်….အရင်တုန်းက မသိနားမလည်ခဲ့မိတာတွေ အတွက်တောင်းပန်မယ်….#အရေးတော်ပုံ အောင်ရမည် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်း လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက်ရ ပါတယ်နော်။

crd-original