



unicode

ပရိသတ်ကြီးရေ အာဘွိုင်း နဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံလေးကတော့ ရှေ့သွားနောက်လိုက် အရမ်းညီကြတဲ့စုံတွဲလေးဖြစ်လို့ လူအများအားကျရတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။အာဘွိုင်းက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး မိသားစုကိုသာအချိန်ပေးဂရုစိုက်နေတာဖြစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့ဇနီးမောင်နှံနှစ်‌ယောက်က Vlogလေးတွေလည်းရိုက်ပြီး ပရိသတ်တွေအတွက်အမြဲတမ်းတင်ဆက်နေတာပဲဖြစ်ပါတယ်နော်။

မြတ်‌ရတနာကျော်က သမီးချောချောလေး တစ်ယောက်ကိုမွေးဖွားထား တဲ့မိခင်ဖြစ်ပေမယ့်လည်း တစ်နေရာမှ အပြစ်ပြောစရာမရှိလောက်အောင် လှပလွန်းနေတာဖြစ်ပါတယ်။အာဘွိုင်းကလည်း ချစ်ဇနီးလေး ကိုအရမ်းချစ်ပြီး အလိုလိုက်ပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မြတ်ရတနာကျော်ကတော့ အိမ်ရှင်မကောင်းပီသစွာနဲ့ မိသားစုအပေါ်မှာလိုလေ‌သေးမရှိအောင်ဂရုစိုက်ပေးပြီး သမီးကြီး တွေနဲ့လည်း ညီအစ်မတွေလိုမျိုးဆက်ဆံပြီး ရင်းနှီးဖော်ရွေတာဖြစ်ပါတယ်။

ဒီနေ့လေးဟာဆိုရင်တော့ အာဘွိုင်းရဲ့ (၃၅)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ မြတ်ရတနာကျော်က”Happy 35th birthday သမီးသုံးယောက်ဖေဖေ မိန်းမနဲ့ သမီး ၃ယောက် အပေါ် ဒီထက်မက ပို ပိုချစ်သော ဖေဖေ ဖြစ်ပါစေ ဘုန်းကြီး အသက်ရှည်ပြီး ချစ်ရတဲ့မိသားစုနဲ့ ကျန်းကျန်း မာမာနေနိုင် ပြီး ဘုရားသခင် ကိုကို အပေါ် သာ၍ကောင်းချီးပေးပါစေ”ဆိုပြီး မွေးနေ့ဆုတောင်း ပေးလိုက်တာဖြစ်ပါတယ်။မြတ်ရတနာကျော်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းကြင်နာကြလို့ သူမတို့ရဲ့ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Myat Yadanar Kyaw’s Facebook Account