ပရိတ်သတ်ကြီးရေ….ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဆင်မ ကတော့ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ပြီးပရိသတ်အားပေးချစ်ခင်ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုတ်ကူးခဲ့ပြီးအောင်မြင်နေတဲ့ ဇာတ်ပို့တစ်ယောက်လည်းဖြစ်ပါတယ်။ဦးဆင်မဟာဆိုရင် လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာ ဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အပြင် စကစလက်အောက်မှ ဖွဲ့စည်းထားတဲ့ ရုပ်ရှင်အစည်းအရုံး ရဲ့ အစည်းအရုံးဝင်အဖြစ်မှ သတိရှိရှိနှုတ်ထွက်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကိုဗစ် ရောဂါကပ်ဆိုးကြီးကို ပြည်သူတော်တော်များများ ရင်ဆိုင်ကျော်ဖြတ်နေရတာ ဖြစ်ပြီး တစ်ချို့သော သူတွေမှာ အောက်စီဂျင်းပြတ်တောက်မှု ကြောင့် အသက်ဆုံးရှုံး သူတွေလည်းများစွာရှိပါတယ်နော်။အဲ့ဒီလိုအောက်စီဂျင် ပြတ်တောက်မှုတွေ မဖြစ်ရအောက် အောက်စီဂျင်စက်ရုံတွေဆောက်လုပ်နေကြတာပဲဖြစ်ပါတယ်နော်။

ဒီနေ့မှာသရုပ်ဆောင် ဆင်မကသူရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဆင်ဖြူကျွန်းမြို့လေးမှာအောက်စီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် အသိမိတ်ဆွေတွေနဲ့ စုပေါင်းပြီးအလှူငွေဆယ်သိန်း လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။အခုလိုလှူဒါန်းတဲ့ ဦးဆင်မ အောင်မြင်မှုတွေကို ဒီထက်မကပိုင်ဆိုင်နိုင်ပြီး အလှူအတန်းတွေကို လည်းဒီထက်မကလှူဒါန်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit….

ZAWGYI




Credit….