သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ ေဖေဖာ္ဝါရီလမွ စတင္ၿပီး လူထုလႈပ္ရွားမႈ ေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္တရားေတြကို ထုတ္ေဖာ္ျပသေန တာေၾကာင့္ ပရိသတ္ေတြကပါ အားက် အတုယူ ေနၾကရတာပါ။ လတ္တေလာအေျခအေနေတြေၾကာင့္ တိမ္းေရွာင္ေနရ ေပမယ့္လည္း သူ႔ရဲ့ လူမႈကြန္ယက္မွေနၿပီး သတင္းအခ်က္အလက္ေတြကို ေဝမၽွေပးေနတာပါ။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္း ရဲ့ Facebook အေကာင့္တြင္ သူေတာင္ မလုပ္ရဲတဲ့ ကိစၥေတြကို သတၱိရွိရွိပါဝင္ ေနၾကတဲ့ ၿမိဳ႕နယ္တစ္ခ်ိဳ႕က ျပည္သူေတြအား ေလးစားဂုဏ္ယူေနေၾကာင္းကို ေရးသားေဝမၽွေပးထားတာပါ။ အခုလက္ရွိမွ ာလည္း အမွန္တရားဘက္က ရပ္တည္တဲ့သူမွန္သမၽွ တတ္နိုင္တဲ့ဘက္ကေန လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတာဟာလည္း ဝမ္းသာစရာပါပဲေနာ္။

သူကလည္း ” ေျမႇာက္ေပးတယ္ ေျပာလည္းမတတ္နိုင္ ဂ႐ုလည္းမစိုက္ ကိုယ္ေတာင္မလုပ္ရဲတဲ့တစ္ခ်ိဳ႕ကိစၥေတြကိုေတာ့ ေလးစားေၾကာင္းဂုဏ္ယူေၾကာင္းေလာက္ကိုခ်ီးက်ဴးပါရေစ ဂုဏ္ျပဳပါရေစေတာင္ဒဂုံဒီမတိုင္ခင္စၿပီးအဖိခံရကတည္းက အနီေရာင္အဆင့္ေတာင္မကေအာင္ေျခမုန္းခဲ့သမၽွ ခုထိအက်အဆုံးမ်ားစြာနဲ႔ႀကံ့ႀကံ့ခံေတာ္လွန္ေနတာ ဂုဏ္ယူေၾကာင္ းေျပာပါရေစလွိုင္ လူညီတယ္ ဘယ္လိုဖိဖိတစ္ခုမဟုတ္တစ္ခုကေတာ့ထူးျခားေစရမယ္အေတြးအေခၚလည္းေကာင္းတယေလးစားပါရေစ မုံရြာ ႀကိဳက္လိုက္တာဗ်ာ

အရွိန္အဟုန္နဲ႔ခြန္နဲ႔အားနဲ႔ တက္ႂကြေနဆဲ သတၱိနဲ႔ ဆင္ျခင္တုန္တရားနဲ႔ေပါင္းစပ္ထားတဲ့ ဒီလိုခြန္အားမ်ိဳး အားက်ပါရေစ တမူး ၿမိဳ႕ေလးသာေသးတယ္ကေလး နာမယ္သာငယ္ေနမယ္ဂန႔္ေဂါ ၿမိဳ႕ကေလးသာေခါင္ရွာတာ ဒီၿမိဳ႕ေတြကျပည္သူေတြရဲ့အရည္အေသြးနဲ႔ခြန္အားကေတာ့မေသးငယ္ေစရေအာင္ ခမ္းနားႀကီးက်ယ္တဲ့ကိုယ္ခ်င္းစာစိတ္မေခါင္းပါးတဲ့ ၿမိဳ႕ငယ္ကေလးမ်ား ပါ ရဲရင့္လိုက္ၾကတာေလးစားခ်စ္ခင္ဂုဏ္ယူေနပါေၾကာင္း ” ဆိုၿပီး ေရးသားထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြလည္း သိရွိေစရန္ တစ္ဆင့္ျပန္လည္ကူးယူ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

unicode

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလမှ စတင်ပြီး လူထုလှုပ်ရှားမှု တွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသနေ တာကြောင့် ပရိသတ်တွေကပါ အားကျ အတုယူ နေကြရတာပါ။ လတ်တလောအခြေအနေတွေကြောင့် တိမ်းရှောင်နေရ ပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်မှနေပြီး သတင်းအချက်အလက်တွေကို ဝေမျှပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်း ရဲ့ Facebook အကောင့်တွင် သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိပါဝင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေကြောင်းကို ရေးသားဝေမျှပေးထားတာပါ။ အခုလက်ရှိမှ ာလည်း အမှန်တရားဘက်က ရပ်တည်တဲ့သူမှန်သမျှ တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာဟာလည်း ဝမ်းသာစရာပါပဲနော်။

သူကလည်း ” မြှောက်ပေးတယ် ပြောလည်းမတတ်နိုင် ဂရုလည်းမစိုက် ကိုယ်တောင်မလုပ်ရဲတဲ့တစ်ချို့ကိစ္စတွေကိုတော့ လေးစားကြောင်းဂုဏ်ယူကြောင်းလောက်ကိုချီးကျူးပါရစေ ဂုဏ်ပြုပါရစေတောင်ဒဂုံဒီမတိုင်ခင်စပြီးအဖိခံရကတည်းက အနီရောင်အဆင့်တောင်မကအောင်ခြေမုန်းခဲ့သမျှ ခုထိအကျအဆုံးများစွာနဲ့ကြံ့ကြံ့ခံတော်လှန်နေတာ ဂုဏ်ယူကြောင် းပြောပါရစေလှိုင် လူညီတယ် ဘယ်လိုဖိဖိတစ်ခုမဟုတ်တစ်ခုကတော့ထူးခြားစေရမယ်အတွေးအခေါ်လည်းကောင်းတယလေးစားပါရစေ မုံရွာ ကြိုက်လိုက်တာဗျာ

အရှိန်အဟုန်နဲ့ခွန်နဲ့အားနဲ့ တက်ကြွနေဆဲ သတ္တိနဲ့ ဆင်ခြင်တုန်တရားနဲ့ပေါင်းစပ်ထားတဲ့ ဒီလိုခွန်အားမျိုး အားကျပါရစေ တမူး မြို့လေးသာသေးတယ်ကလေး နာမယ်သာငယ်နေမယ်ဂန့်ဂေါ မြို့ကလေးသာခေါင်ရှာတာ ဒီမြို့တွေကပြည်သူတွေရဲ့အရည်အသွေးနဲ့ခွန်အားကတော့မသေးငယ်စေရအောင် ခမ်းနားကြီးကျယ်တဲ့ကိုယ်ချင်းစာစိတ်မခေါင်းပါးတဲ့ မြို့ငယ်ကလေးများ ပါ ရဲရင့်လိုက်ကြတာလေးစားချစ်ခင်ဂုဏ်ယူနေပါကြောင်း ” ဆိုပြီး ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း သိရှိစေရန် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account