ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်းသာမက ပြည်သူက ပရိသတ်တွေရဲ့အားပေးမှုကိုပါ အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ပိုင်တံခွန်က ကြောငြာတွေ ဆက်တိုက်ရိုတ်ကူးနေရတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ တိရစ္ဆာန် လေးတွေကို ချစ်မြတ်နိုးပြီး မွေးမြူထားတာ လည်းဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ခွေးလေးတွေ၊ ကြောင်လေးတွေ အပြင် ထူးထူးဆန်းဆန်းအကောင်လေးတွေ ကိုလည်း တယုတယမွေးမြူတတ်တာလည်းဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း ပိုင်တံခွန်က က သူမွေးထားတဲ့ မ္ဘာ့အသေးဆုံးဆိတ် အမျိုးအစားဖြစ်တဲ့ Pygmy Goat လေးနဲ့အတူ ထမင်းစားနေတဲ့ ချစ်စရာဗီဒီယိုလေးကို ရိုက်ပြီး “ချစ်တဲ့စိတ်နဲ့ကြည့်ရင်အရာရာက ချစ်ဖို့ကောင်းတယ်” ဆိုပြီး အခုလိုပဲ ပရိသတ်ကြီးအတွက်မျှဝေပေးလာပါတယ်။

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အပေါ်ယံမဟုတ်ပဲ တကယ်ပဲချစ်မြတ်နိုးသူ တစ်ယောက်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။

Credit……

zawgyi




Credit……