ပရိသတ်ကြီး ရေ ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်တဲ့ သရုပ်ဆောင် မိုးဟေကို ရဲ့ မိခင်ကြီး ကတော့ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့မှာပဲ ဆုံးပါး ကွယ်လွန် သွားခဲ့ ပါတယ်။ မိုးဟေကို ကတော့ အနုပညာ လောကမှာ အောင်မြင်မှုတွေ များစွာ ရရှိနေပေမဲ့လည်း မိခင်ကြီး ရဲ့ ကျန်းမာရေး ကြောင့် အနုပညာ အလုပ်တွေ ကို ရပ်နားထားခဲ့တဲ့ အထိ မိခင်ကြီး အ ပေါ်သိတတ် လိမ္မာလွန်းလှ တဲ့ သူ တစ်ယောက်ပါ။
မိုးဟေကို ရဲ့ မိခင်ကြီး ဆုံးပါး ကွယ်လွန် သွားတဲ့ အကြောင်းကို တော့ ဂျွန်လွင် က သူ့ရဲ့လူမှု့ ကွန်ရက် စာမျက်နှာ ကနေ အခုလိုပဲ ပရိသတ် တွေ သိရှိ ရအောင် မျှဝေ ဖော်ပြ ထားခဲ့ပါတယ်။ “သိပ် ချစ်ရတဲ့ သမီး မိုးဟေကို ရဲ့ အမေအခုပဲ ကြွေလွင့် သွားပါပြီ။ စိတ်ထိ ခိုက်ရ ပါတယ်။အန်တီ ကောင်းရာ သုဂတိလားပါစေ” ဆိုပြီး ထပ်တူ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဝမ်းနည်း ကြေကွဲစွာ ဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေ ကလည်း မိုးဟေကို ရဲ့ မိခင်ကြီး ဆုံးပါး ကွယ်လွန်သွားတဲ့ အတွက် မိုးဟေကို နဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲ နေကြပြီး ကောင်းရာ သုဂတိ လားစေဖို့ကိုလည်း ဆုတောင်း ပေးနေ ကြပါသေးတယ်။ ပရိသတ်ကြီးတွေ ထဲက မိုးဟေကို ရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းလေးကို ဝမ်းနည်းစွာနဲ့ပဲမျှဝေဖော်ပြပေးလိုက်ပါတယ်။
Source – John Lwin
Credit…. CELE ZONE
ZAWGYI
Source – John Lwin
Credit…. CELE ZONE