



UNICODE

သရုပ်ဆောင် မင်းသားချော လေး ဥက္ကာ မင်းမောင် ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် အနုပညာ လောကမှာ နာမည်တစ်လုံး နဲ့ ရပ်တည်လာခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ် တွေအပေါ်မှာ လည်း စေတနာထားသူ တစ်ဦး ဖြစ်တာကြောင့် အောင်မြင်မှု တွေများစွာ ရရှိ ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်ပ နိုင်ငံတွင် အခြေချနေထိုင် လျက်ရှိပြီး အနုပညာ အလုပ်တွေကို လုပ်ကိုင် လျက်ရှိနေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ လတ်တလော အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း လူမှုကွန်ယက် စာမျက်နှာမှာ အခုလိုပဲ ရေးသား ထားတာပဲ ဖြစ်ပါတယ်။ ” ကျွန်တော် နဲ့ Lance ရဲ့ ဇာတ်လမ်း က အဆုံး သတ်သွားတာ ၂ လ လောက်ရှိပါပြီ.. အိမ်လည်း ပြောင်းပြီးပါပြီ.. ပရိသတ် တွေက သူ့ပုံမတင်လို့ မေးမေးနေကြလို့.. ပထမ တော့ ပြတ်ပြီဆိုတဲ့ အကြောင်း ဘာမှ မတင် တော့ပဲ ဒီအတိုင်းထား လိုက်မလို့ပါပဲ.. ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကိုယ် နောက် တယောက် နဲ့ စပြီး relationship ဖြစ်လာခဲ့ရင် လူ တွေ က ဘယ် အချိန်ထဲ က Lance နဲ့ ပြတ်သွား တယ်ဆိုတာ မသိခဲ့ရင် ပြောလာကြမယ့် အတင်းတွေ အဖျင်းတွေ ကောလဟာလ တွေ ရင်မဆိုင်ချင် လို့ အခုထဲက ပွင့်ပွင့် လင်းလင်း ပြောထားတာ အကောင်းဆုံးလို့ ထင်တဲ့အတွက် အခု ပြောဖို့ ဆုံးဖြတ် လိုက်တာပါ.. ပြတ်ဆဲခြင်း မှာ ဘယ်သူ့ ဘက်ကမှ ဖောက်ပြန် လို့လဲမဟုတ်ပါ…

အခုလဲ ဘယ်လူ အသစ်မှ မရှိပါ.. အခုအချိန်မှာ လူ အသစ်တွေနဲ့ Date ချင်စိတ်လဲ မရှိပါဘူး.. လူ ဆိုတာကတော့ ရာသက်ပန်ပေါင်းချင် တာပဲလေ.. ဖြစ်လာသမျှ အကြောင်း အကောင်း လို့ပဲ သတ်မှတ် ပါတယ်.. တစ်ချို့ လည်း ကျွန်တော့် ဘဝ အကြောင်း သိပြီးသားပါ.. ကျွန်တော့် ဘဝမှာ အဆိုးဆုံး ဆိုသော အရာတွေ ကို ဘဝ မှာ ကြုံခဲ့ဖူး ပြီးတဲ့သူ တယောက် အတွက် ချစ်သူနဲ့ ပြတ်တာဟာ မပြောပ လောက်တော့ပါဘူး..ဒီအခိုက် အတန့် ကိုတော့ ကျော်ဖြတ် ရမှာပေါ့.. စိတ်မကောင်း ပေမယ့် ဘာတတ် နိုင်မှာလည်းလေ..အားလုံး Merry Christmas & Happy New Year ပါ.. ကျွန်တော့်အတွက် ကျွန်တော် ဆုတောင်း သလို အားလုံး ကိုလဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း နဲ့ပြည့်စုံ ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်..” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ် တွေအတွက် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Okkar Min Maung’s Facebook Page