လတ်တလော မြန်မာနိုင်ငံ ရဲ့ ဒီမို ကရေစီ အရေးမှာ အမှန်တရား ကို လိုလား ကြတဲ့ ပြည်သူတွေ နဲ့ အတူ အနုပညာရှင်များစွာ ကလည်း ပူးပေါင်း ပါဝင်ခဲ့ ကြပါတယ်။ ဒီလို ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ပါဝင် လှုပ်ရှားတဲ့ အနုပညာရှင် တွေ ထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။ မင်းမော်ကွန်းက လူထုလှုပ်ရှား မှုတွေ မှာ အောင်မြင်မှု တွေကို ဘေးချိတ် ပြီး လူငယ်တွေ ရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူ တစ်ယောက် အ နဲ့ စိတ်အားထက် သန်စွာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။

မင်းမော်ကွန်း ကတော့ ကိုယ်တိုင် လည်း လမ်းမ ထွက်ကာ လှုပ်ရှားမှု တွေမှာ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပါဝင် သလို ဖြိုခွင်းမှု့ တွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှု့ လေးတွေနဲ့ အတူ ဖေးမကူညီမှု့ လေးတွေကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။ ဒါကြောင့်လည်း မင်းမော်ကွန်း က ၅၀၅(က) နဲ့ အမှုဖွင့်အရေးယူ ခံထားရပြီး ထွက်ပြေး တိမ်းရှောင် နေရတာဖြစ်ပါတယ်။ မင်းမော်ကွန်း ရဲ့ ဖခင် ဦးဇင်ဝိုင်း လည်း ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး ယမန်နေ့ကမှပြန်လည်လွတ်မြောက် လာခဲ့တာဖြစ်ပါတယ်…..။

မင်းမော်ကွန်း က ရှောင်တိမ်းနေရပေမယ့် လည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပြည်သူတွေ အတွက် ခွန်အား ဖြစ်စေနိုင်တဲ့ စာလေးတွေ နဲ့ သတင်းအချက်လေးတွေ ကိုလည်း မျှဝေပေး နေတာ ဖြစ်ပါတယ်။ မကြာသေးမှီ ကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebook စာမျက်နှာ မှာ“ရန်ကုန်မှာ​ မွေး ရန်ကုန်မှာကြီး​တော့ ရန်ကုန်ကိုလဲ သိပ်လွမ်းတယ် ဗျာ ခုထိ​ရော ည(၈)နာရီဆို ရင် ရန်ကုန်မှာ သံဗုံး​တွေ တီးကြ​သေးလား ကျွန်​တော့်အိမ်မက် က ရန်ကုန်ကို အမြန်ဆုံး ပြန်လိုချင်တာ……” ဆိုပြီးရေးသား ထားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက် ပါတယ် နော်။

crd-……

ZAWGYI

လတ္တေလာ ျမန္မာနိုင္ငံ ရဲ့ ဒီမို ကေရစီ အေရးမွာ အမွန္တရား ကို လိုလား ၾကတဲ့ ျပည္သူေတြ နဲ႔ အတူ အႏုပညာရွင္မ်ားစြာ ကလည္း ပူးေပါင္း ပါဝင္ခဲ့ ၾကပါတယ္။ ဒီလို ျပည္သူေတြ နဲ႔ အတူ တစ္သားတည္း ပါဝင္ လႈပ္ရွားတဲ့ အႏုပညာရွင္ ေတြ ထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းလည္း အပါအဝင္ပါပဲ။ မင္းေမာ္ကြန္းက လူထုလႈပ္ရွား မႈေတြ မွာ ေအာင္ျမင္မႈ ေတြကို ေဘးခ်ိတ္ ၿပီး လူငယ္ေတြ ရဲ့ အနာဂတ္ အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူ တစ္ေယာက္ အ နဲ႔ စိတ္အားထက္ သန္စြာ ပါဝင္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပါ။

မင္းေမာ္ကြန္း ကေတာ့ ကိုယ္တိုင္ လည္း လမ္းမ ထြက္ကာ လႈပ္ရွားမႈ ေတြမွာ စိတ္ေရာ ကိုယ္ပါ ႏွစ္ၿပီး ပါဝင္ သလို ၿဖိဳခြင္းမႈ႔ ေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကိုလည္း စာနာ နားလည္မႈ႔ ေလးေတြနဲ႔ အတူ ေဖးမကူညီမႈ႔ ေလးေတြကိုလည္း ေဆာင္ရြက္ခဲ့ ပါတယ္။ ဒါေၾကာင့္လည္း မင္းေမာ္ကြန္း က ၅၀၅(က) နဲ႔ အမႈဖြင့္အေရးယူ ခံထားရၿပီး ထြက္ေျပး တိမ္းေရွာင္ ေနရတာျဖစ္ပါတယ္။ မင္းေမာ္ကြန္း ရဲ့ ဖခင္ ဦးဇင္ဝိုင္း လည္း ဖမ္းဆီး ထိန္းသိမ္း ခံခဲ့ရၿပီး ယမန္ေန႔ကမွျပန္လည္လြတ္ေျမာက္ လာခဲ့တာျဖစ္ပါတယ္…..။

မင္းေမာ္ကြန္း က ေရွာင္တိမ္းေနရေပမယ့္ လည္း သူ႔ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာကေန ျပည္သူေတြ အတြက္ ခြန္အား ျဖစ္ေစနိုင္တဲ့ စာေလးေတြ နဲ႔ သတင္းအခ်က္ေလးေတြ ကိုလည္း မၽွေဝေပး ေနတာ ျဖစ္ပါတယ္။ မၾကာေသးမွီ ကေတာ့ မင္းေမာ္ကြန္းက သူ႔ရဲ့ Facebook စာမ်က္ႏွာ မွာ“ရန္ကုန္မွာ​ ေမြး ရန္ကုန္မွာႀကီး​ေတာ့ ရန္ကုန္ကိုလဲ သိပ္လြမ္းတယ္ ဗ်ာ ခုထိ​ေရာ ည(၈)နာရီဆို ရင္ ရန္ကုန္မွာ သံဗုံး​ေတြ တီးၾက​ေသးလား ကၽြန္​ေတာ့္အိမ္မက္ က ရန္ကုန္ကို အျမန္ဆုံး ျပန္လိုခ်င္တာ……” ဆိုၿပီးေရးသား ထားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြ အတြက္ ျပန္လည္ မၽွေဝေပးလိုက္ ပါတယ္ ေနာ္။

crd-……