တစ္​ကမၻာလုံးက Catwalk King လို႔ တင္စားေခ ၚေဝၚရေလာက္တဲ့အထိ အရည္အခ်င္း ရွိတဲ့ ဖိလစ္ပိုင္ LGBT ေမာ္ဒယ္ Sinon Loresca ကေတာ့ ျမန္မာနိုင္ငံ ကို အရမ္​းခ်စ္​ၿပီး သူ႔ရဲ့ဒုတိယ​ေျမာက္​ မိခင္ ​နိုင္​ငံလို႔​ေတာင္​ ​​ေျပာ​ေလ့ရွိသူတစ္​ဦးပါ။ Sinon က ျမန္မာနိုင္ငံမွာ အေျခခ်ေနထိုင္ေနခဲ့တာ အခုဆိုရင္ (၁) ႏွစ္တာ အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ျမန္မာလူမ်ိဳး မ်ားအတြက္ ေမတၱာေတြကို ေပးစြမ္းေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း ႏူညံ့ၿပီး ၾကင္နာတတ္တဲ့ ႏွလုံးသားပိုင္ရွင္ Sinon ကို ကိုယ့္လူမ်ိဳးေသြးသားတစ္ေယာက္လို ခ်စ္ခင္အားေပးၾကပါတယ္။

စိတ္ထားေကာင္းၿပီး ၾကင္နာတတ္တဲ့ Sinon ကို ျမန္မာပရိသတ္ ေတြက ခ်စ္လြန္းအားႀကီးလို႔ တစ္ခ်ိဳ႕ပရိသတ္ေတြ ဆိုရင္ ေသရာပါတဲ့အထိ ေဆးမင္ေၾကာင္တက္တူးေတြထိုးၿပီး အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း Sinon က “ျမန္မာနိုင္ငံ အတြင္း တတိယေျမာက္ ကၽြန္ေနာ္၏ မ်က္ႏွာပုံ ေသရာ ပါတက္တူး ထိုးထားေသာ ခ်စ္ရေသာ ပရိတ္သတ္ ကို က်န္ေနာ္ အရမ္းေလးစား ၿပီး ဂုဏ္ယူၿပီး မ်က္ရည္ ဝဲ မိပါတယ္။ ေက်းဇူးအရမ္း တင္ၿပီး ေလးစားလ်က္. ” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

သူ႔ရဲ့ ပုံတူကို ေသရာပါေဆးမင္ေၾကာင္ထိုးေပးတဲ့ တတိယေျမာက္ ျမန္မာနိုင္ငံသားေၾကာင့္ မ်က္ရည္ေတာင္ ဝဲမိတဲ့အထိ ဝမ္းသာေနရွာတာပဲ ျဖစ္ပါတယ္။ ေမတၱာေတြေပးလို႔ ေမတၱာေတြျပန္ရတဲ့ Sinon ရဲ့အျဖစ္က အားက်စရာပါပဲေနာ္။ ဖတ္ရႈ ေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sinon Loresca’s fb

unicode

တစ်​ကမ္ဘာလုံးက Catwalk King လို့ တင်စားခေ ါ်ဝေါ်ရလောက်တဲ့အထိ အရည်အချင်း ရှိတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca ကတော့ မြန်မာနိုင်ငံ ကို အရမ်​းချစ်​ပြီး သူ့ရဲ့ဒုတိယ​မြောက်​ မိခင် ​နိုင်​ငံလို့​တောင်​ ​​ပြော​လေ့ရှိသူတစ်​ဦးပါ။ Sinon က မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေခဲ့တာ အခုဆိုရင် (၁) နှစ်တာ အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး မြန်မာလူမျိုး များအတွက် မေတ္တာတွေကို ပေးစွမ်းနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း နူညံ့ပြီး ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် Sinon ကို ကိုယ့်လူမျိုးသွေးသားတစ်ယောက်လို ချစ်ခင်အားပေးကြပါတယ်။

စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ Sinon ကို မြန်မာပရိသတ် တွေက ချစ်လွန်းအားကြီးလို့ တစ်ချို့ပရိသတ်တွေ ဆိုရင် သေရာပါတဲ့အထိ ဆေးမင်ကြောင်တက်တူးတွေထိုးပြီး အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Sinon က “မြန်မာနိုင်ငံ အတွင်း တတိယမြောက် ကျွန်နော်၏ မျက်နှာပုံ သေရာ ပါတက်တူး ထိုးထားသော ချစ်ရသော ပရိတ်သတ် ကို ကျန်နော် အရမ်းလေးစား ပြီး ဂုဏ်ယူပြီး မျက်ရည် ဝဲ မိပါတယ်။ ကျေးဇူးအရမ်း တင်ပြီး လေးစားလျက်. ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သူ့ရဲ့ ပုံတူကို သေရာပါဆေးမင်ကြောင်ထိုးပေးတဲ့ တတိယမြောက် မြန်မာနိုင်ငံသားကြောင့် မျက်ရည်တောင် ဝဲမိတဲ့အထိ ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ မေတ္တာတွေပေးလို့ မေတ္တာတွေပြန်ရတဲ့ Sinon ရဲ့အဖြစ်က အားကျစရာပါပဲနော်။ ဖတ်ရှု ပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sinon Loresca’s fb