ပရိသတ်တွေက သဘောကျရလောက်တဲ့အထိကို မြန်မာ ပရိသတ်တွေအကြိုက် ဇာတ်ကားကောင်းတွေကို သဘာဝအကျဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်လို့ဆိုလာရင်တော့ မင်းသားသူထူးစံဟာ မပါမဖြစ်ပါပဲ။

သူထူးစံ ဟာ ချစ်ရသူ ချစ်သူလေးနဲ့ အိမ်ထောင်ပြုပြီး ယခု နောက်ပိုင်း မှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတာဖြစ်ပါတယ်။ သူထူးစံ ဟာ အိမ်ထောင်ရေးအနေနဲ့လည်း သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး လက်ရှိမှာ ဇနီး နဲ့ သမီး ဖြင့် ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

ဇူလိုင်(၉)ရက်နေ့ဟာ သူထူးစံ သမီးဖြစ်သူရဲလ ရက်(၁၀၀)ပြည့်မွေးနေ့ဖြစ်ပြီး ထိုရက်(၁၀၀)ပြည့် မွေးနေ့အတွက် အလှူဒါနပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူမှာ ကျွေးမွေးဖို့ကို သူထူးစံ ဟာ သူငယ်ချင်းဖြစ်သူ ညီနန္ဒ ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီအားဖြည့် ခဲ့တဲ့အတွကို ညီနန္ဒကလည်း “တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တာ နှစ်ပေါင်းကြာနေပေမယ့်သတိတရရှိနေပေးတဲ့ ကျွန်တော့ငယ်သူငယ်ချင်းဇော်မိုး “‘သူထူးစံ”‘ ❤️
သူငယ်ချင်းရဲ့ချစ်စရာ သမီးငယ်လေး “ဖောင်းဖောင်း” ရက်၁၀၀ ပြည့်အလှူအတွက် “ကိုနန္ဒ ထောပတ်ထမင်း” ပွဲ၁၀၀ ကိုသတိတရမှာယူလှူဒါန်းတဲ့ သူငယ်ချင်းမိသားစု ကောင်းကျိုး လိုအင်ဆန္ဒတွေပြည့်စုံပြီး ဘေးအန္တရာယ်များကင်းရှင်းပါစေ🙏🙏🙏 ” ဆိုတဲ့စာလေးနဲ့တကွကျေးဇူးတင်နေတာပဲဖြစ်ပါတယ်နော်။သူငယ်ချင်းအချင်းချင်း နှစ်ပေါင်းများစွာ ခုထက်ပို ချစ်ခင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Credit ; MMLoad

zawgyi




Credit ; MMLoad