ဂီတေလာကမွာ ေအာင္ျမင္ ေနတဲ့ အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္း ကေတာ့ ပရိသတ္ေတြ ရဲ့ အားေပးမူ ကို တစ္ခဲနက္ ရရွိထားတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ဝတ္စားဆင္ယဥ္မႈေတြကလည္း တျခားသူေတြ နဲ႔ မတူတဲ့ အမိုက္စားဖက္ရွင္ ေတြကိုပဲအျမဲ ဝတ္ဆင္ တတ္တဲ့ သူပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ျဖဴျဖဴေက်ာ္သိန္း က အႏုပညာအလုပ္ ေတြကို ဆက္လက္လုပ္ကိုင္ ေနၿပီး အေကာင္းဆုံး ေလၽွာက္လွမ္းေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြ မွာလည္း အမွန္တရားကို လိုလားၾကတဲ့ ျပည္သူ ျပည္သားေတြနဲ႔ အတူ တစ္သားတည္း ရပ္တည္ေပးခဲ့တာကို ေတြ႕ျမင္ရပါတယ္။ ယခုမွာေတာ့ ျဖဴျဖဴေက်ာ္သိန္း က သံဗုံးတီးတဲ့ သူရဲေကာင္း ျပည္သူျပည္သား ေတြအတြက္ စိတ္ခြန္အားျဖစ္ေစမယ့္ သတင္းေကာင္းကို ေျပာျပလာခဲ့ပါတယ္။ “ျဖဴျဖဴတို႔ျမန္မာျပည္သူသံပုံးတီး သူရဲေကာင္းေတြ အတြက္အားတက္စရာ သတင္းေကာင္းေလး တစ္ခုပါ…….

လြန္ခဲ့တဲ့ (၃) ပတ္ေက်ာ္ေလာက္ကတည္းက အေရွ႕တီေမာနိုင္ငံ သမၼတေဟာင္း ၿငိမ္းခ်မ္းေရး နိုဗယ္ဆုရွင္ Mr. Jose Ramos-Horta ကစတင္ေပးခဲ့တဲ့ potsandpansforMyanmar ကန္ပိန္းကို ခုဆိုရင္ ASEAN နဲ႔ International ကအထင္က ရပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြကပါ ပါဝင္အားျဖည့္ၿပီးျမန္မာျပည္သူေတြနဲ႔အတူရပ္တည္ေပးေနပါၿပီ ​Facebook နဲ႔ Twitter ကသူတို႔သံပုံးတီး ေနတဲ့ ဓာတ္ပုံနဲ႔ link ေလးေတြကိုေက်းဇူးတင္စြာ နဲ႔ေဖာ္ျပေပးလိုက္ပါတယ္….ျဖဴျဖဴတို႔ေတြ potsandpansforMyanmar လို႔ search လုပ္ၿပီးမိတ္ေဆြေတြကို ေက်းဇူးတင္ေၾကာင္းသြားေျပာၾကရေအာင္လား” ဆိုၿပီး ေရးသားထားပါေသးတယ္။ ကဲ..ပရိသတ္ႀကီးေရ သံပုံးတီးတဲ့ ျပည္သူျပည္သားေတြ အတြက္ ျဖဴျဖဴ ရဲ့ သတင္းေကာင္းေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Source – Phyu Phyu Kyaw Thein fb page

unicode

ဂီတလောကမှာ အောင်မြင် နေတဲ့ အဆိုတော်ဖြူဖြူကျော်သိန်း ကတော့ ပရိသတ်တွေ ရဲ့ အားပေးမူ ကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဝတ်စားဆင်ယဉ်မှုတွေကလည်း တခြားသူတွေ နဲ့ မတူတဲ့ အမိုက်စားဖက်ရှင် တွေကိုပဲအမြဲ ဝတ်ဆင် တတ်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖြူဖြူကျော်သိန်း က အနုပညာအလုပ် တွေကို ဆက်လက်လုပ်ကိုင် နေပြီး အကောင်းဆုံး လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

လတ်တလောမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေ မှာလည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူ ပြည်သားတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ယခုမှာတော့ ဖြူဖြူကျော်သိန်း က သံဗုံးတီးတဲ့ သူရဲကောင်း ပြည်သူပြည်သား တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သတင်းကောင်းကို ပြောပြလာခဲ့ပါတယ်။ “ဖြူဖြူတို့မြန်မာပြည်သူသံပုံးတီး သူရဲကောင်းတွေ အတွက်အားတက်စရာ သတင်းကောင်းလေး တစ်ခုပါ…….

လွန်ခဲ့တဲ့ (၃) ပတ်ကျော်လောက်ကတည်းက အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် Mr. Jose Ramos-Horta ကစတင်ပေးခဲ့တဲ့ potsandpansforMyanmar ကန်ပိန်းကို ခုဆိုရင် ASEAN နဲ့ International ကအထင်က ရပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကပါ ပါဝင်အားဖြည့်ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးနေပါပြီ ​Facebook နဲ့ Twitter ကသူတို့သံပုံးတီး နေတဲ့ ဓာတ်ပုံနဲ့ link လေးတွေကိုကျေးဇူးတင်စွာ နဲ့ဖော်ပြပေးလိုက်ပါတယ်….ဖြူဖြူတို့တွေ potsandpansforMyanmar လို့ search လုပ်ပြီးမိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းသွားပြောကြရအောင်လား” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ သံပုံးတီးတဲ့ ပြည်သူပြည်သားတွေ အတွက် ဖြူဖြူ ရဲ့ သတင်းကောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Phyu Phyu Kyaw Thein fb page