


Source : Paing Takhon
Emily (Cele Gabar)

UNICODE

ပရိသတ် အချစ်တော် နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန် ကတော့ မိဘအပေါ် သိတတ်လိမ္မာတဲ့ သားလိမ္မာ လေးတစ်ယောက်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါနော် ။မကြာသေး မီကလည်း မိဘနှစ်ပါး အတွက် အိမ်တစ်လုံး လက်ဆောင်ပေးခဲ့ သလို လစဉ် မိဘတွေ အတွက် ငွေကြေး ထောက်ပံ့လျက် ရှိတယ်လို့သိရပါတယ် ။

လတ်တလော မှာလည်း ပိုင်တံခွန်က ကျွန်တော်က နည်းနည်းတော့ လောဘကြီးတယ် မိဘတွေကို ဒီဘဝမှာလည်း ပြည့်စုံစေချင်တယ် သံသရာမှာ လည်းပြည့်စုံစေချင်တယ်။ ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာ ပါမယ့် ကုသိုလ်ရေး တွေလုပ်ဖို့အတွက် ကျွန်တော့် ရဲ့ လစဉ် ထောက်ပံ့ကြေး ငွေပါ ဆိုတဲ့ စာသားလေး နဲ့အတူ မိဘကို ကန်တော့နေတဲ့ ပုံရိပ်လေး ကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ရေးသား ဖော်ပြခဲ့ပါတယ် ။

မိဘတွေ သက်ရှိ ထင်ရှားရှိနေတဲ့ ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင် လှူဒါန်းလို့ ရအောင် လစဉ် ထောက်ပံ့တာ ဖြစ်တယ်လို့လည်း ရေးသား ထားပါသေးတယ် ။ ပရိသတ် တွေကတော့ မိဘအပေါ် သိတတ် လိမ္မာတဲ့ ပိုင်တံခွန် အတွက် ချီးကျူး စကားတွေ မှတ်ချက် ရေးသားခဲ့ကြပါတယ် ။

Source : Paing Takhon
Emily (Cele Gabar)