စစ္ေကာင္စီ ပိုင္ မီဒီယာ ျဖစ္တဲ့ ျမဝတီ႐ုပ္ သံ မွာ ဧၿပီ ၂ ရက္ေန႔က သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း အပါအဝင္ အႏုပညာ ရွင္မ်ား၊ Facebook တြင္ လူသိမ်ားသူမ်ားကို ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ ထားေၾကာင္း ေၾကညာခဲ့ ပါတယ္။ပုဒ္မ ၅၀၅-က နဲ႔ ဖ မ္း ဝ ရ မ္း..ထုတ္ခံ ထားရတဲ့ မင္းေမာ္ကြန္း က ကိုယ္တိုင္ အခုခ်ိန္ ထိေတာ့ ေဘးကင္း ေနၿပီး၊ ျမန္မာ့ ဒီမိုကေရစီအေရး၊ တရားမၽွတေရး အတြက္ တိုက္ပြဲဝင္ ၾကသူမ်ား ေဘးရန္ကင္း ၾကပါေစ လို႔ သူ႔ရဲ့ လူမႈ ကြန္ရက္ စာမ်က္ႏွာ ကေန ဆုေတာင္း ေပးထားပါတယ္။..

“က်ေနာ္ လိုင္းေပၚ မရွိတာ Wifi မရ လို႔ပါ။ အခုထိ ေဘးကင္း ေနပါ တယ္။ ၅၀၅-က နဲ႔ မတရား ဖ မ္း ဝ ရ မ္း ထုတ္ခံရ သူမ်ား အပါအဝင္ ျမန္မာျပည္ အရပ္ရပ္ ႏွင့္ နိုင္ငံ တကာ မွေနၿပီး ျမန္မာ့ ဒီမိုကေရစီအေရး၊ တရားမၽွတေရး အတြက္ တိုက္ပြဲ ဝင္ၾကသူ အမွန္တရား..ဘက္ေတာ္သား အေပါင္းလည္း ေဘးရန္ကင္း ၾကပါ ေစလို႔ ဆုေတာင္း ပါတယ္”“Wifi ျပတ္ေတာ က္ခဲ့ လို႔ တခ်ိဳ႕သတင္းေတြ ကို ေနာက္က် မွ သိရတာ ေတြ ရွိပါတယ္။ ပထမဆုံး အေနနဲ႔ကေတာ့ ကရင္စစ္ ေဘးေရွာင္ ျပည္သူမ်ားအခ်ိဳ႕ကို ကူညီဖို႔ ခြင့္ျပဳ ခဲ့တဲ့ ထိုင္းနိုင္ငံ ရဲ့..အိမ္နီးခ်င္းေကာင္း ပီသမႈ႔ ကိုလည္း ေက်းဇူးတင္ပါတယ္။ တိုင္းရင္းသားေတြကိုလည္း အကူအညီ ေနာက္ထပ္ မ်ားစြာရရွိဖို႔လည္း ေမၽွာ္လင့္ပါတယ္ လို႔ မင္းေမာ္ကြန္းကေျပာပါတယ္။ သ႐ုပ္ေဆာင္ရဲတိုက္ အဖမ္းခံရမႈ႔မွာလည္း သက္ေသမရွိတာ‌ေေၾကာင့္အမွန္တရား ေပၚေပါက္ ေရးအတြက္ ရဲတိုက္ ကိုယ္တိုင္ ရဲ့ ထြက္ဆိုခ်က္မ်ားကို သိခြင့္ရဖို႔ အေရးတႀကီး လိုအပ္ေနတယ္လို႔ ဆိုပါတယ္။“သ႐ုပ္ေဆာင္ ရဲတိုက္ အဖမ္းခံရမႈမွာ သက္ေသ (လုံးဝ) မရွိျခင္း၊ ကာယကံရွင္ အဖမ္းဆီးခံရသူရဲ့ ထြက္ဆိုခ်က္မ်ားကို မသိရွိရဘဲ..

အမည္မေဖာ္လိုသူ ရဲ တေယာက္ ရဲ့ ေျပာၾကားခ်က္ တခု တည္းျဖင့္ မူးယစ္ ေဆး ေတြ႕ရွိမႈႏွင့္ ထပ္အမႈဖြင့္ျခင္း သည္ တရားမၽွတျခင္း မရွိဘူးလို႔ ခံစားရပါတယ္။ ယူဆလို႔ ရပါတယ္။ အလားတူ ျဖစ္ရပ္မ်ား ရွိခဲ့ပါတယ္။ လွိုင္မွာ လူငယ္ IT ပညာရွင္ ၇ ေယာက္ကို..ဖမ္းတုန္းက Laptop ေတြ သာ မိခဲ့ေပမယ့္ ဓာတ္ပုံ ရိုက္ အမႈဖြင့္ေတာ့ လက္နက္ေတြ ပါေနပါတယ္ ”“အျမင္ကတ္ရင္ ကတ္သေလာက္ တပ္ခ်င္တဲ့ ပုဒ္မ အပိုေတြ တပ္ၿပီး မတရား အေရးယူ မႈမ်ား ရွိခဲ့ၾကသလို ေနာက္ထပ္ ျဖစ္ပြား လာနိုင္စရာ အေၾကာင္းလည္း..ရွိေနပါတယ္။ အေရးႀကီးပါတယ္။ အမွန္တရား ေပၚေပါက္ ေရးအ တြက္ ရဲတိုက္ ကိုယ္တိုင္ရဲ့ထြက္ဆိုခ်က္မ်ားကို သိခြင့္ ရဖို႔ အေရး တႀကီး လိုအပ္ ေနပါတယ္။ Speak out လုပ္ေပး ၾကပါဦး ခင္ဗ်ာ။ ေနာက္ထပ္ ၅၀၅-ကနဲ႔ အမႈဖြင့္ခံထားရတဲ့ The Myanmar Post..

ဂ်ာနယ္ အယ္ဒီတာ ကိုဇင္ေသာ္နိုင္ကိုလည္း ဧၿပီ ၅ ရက္ေန႔မွာ ထပ္မံ ဖမ္းဆီးထားပါတယ္”လို႔ မင္းေမာ္ကြန္း က ေျပာပါတယ္။လက္ရွိ ရန္ကုန္ သပိတ္စစ္ေၾကာင္းမ်ားဟာ လက္နက္အင္အား၊ လူအင္အား အလြန္အကၽြံသုံးၿပီး မတရား ဖိႏွိပ္ခံ ရတဲ့ အတြက္..အားနည္းေနတဲ့ အခ်ိန္ ျဖစ္တယ္ လို႔ မင္းေမာ္ကြန္းက ဆိုပါတယ္။ “လက္ရွိ ရန္ကုန္ သပိတ္ စစ္ေၾကာင္းမ်ား လက္နက္ အင္အား၊ လူအင္အား အလြန္အကၽြံ သုံးၿပီး မတရား ဖိႏွိပ္ခံရတဲ့ အတြက္ အားနည္းေနတဲ့အခ်ိန္ ျဖစ္ပါတယ္။ ဒါကို အခြင့္ေကာင္းယူၿပီး စစ္ေကာင္စီမွ..

ဖ မ္း ဆီးမႈေတြ ဆက္တိုက္ လုပ္ေနပါၿပီ။ Defense Team လို႔ အေၾကာင္း ျပၿပီး လူငယ္ ေတာ္ေတာ္ မ်ားမ်ားကို ဖမ္းေနပါတယ္။ သပိတ္ ေခါင္းေဆာင္မ်ား၊ Defense team မ်ား၊ CDM ဝန္ထမ္းမ်ား ႏွင့္ ေထာက္ပံ့ သူမ်ား၊ ပရဟိတ တက္ႂကြ လႈပ္ရွားသူမ်ား၊…အလႉရွင္မ်ား၊ ဝရမ္းထုတ္ခံ ထားရသူ မ်ား အားလုံး လုံျခဳံေရး အတြက္ အထူး ဂ႐ုစိုက္ၿပီး ေရွာင္တိမ္း ၾကဖို႔ သတိေပးပါတယ္”“မတတ္သာ လို႔ အဖမ္းခံရေတာ့ မယ္ဆိုရင္ေတာင္ လူျမင္ သာေအာင္ သက္ေသ၊ အေထာက္ အထားေတြ ကိုယ့္ဘက္က ခိုင္ခိုင္ လုံလုံ ရွိေအာင္..ႀကိဳျပင္ ဆင္ထားရမယ့္ အေျခအေန ပါ။ မဟုတ္ ရင္ေတာ့ ေနာက္ထပ္ အမႈေတြ အမ်ားႀကီး ထပ္တိုး လာနိုင္ပါတယ္။ အားလုံးပဲ ဂ႐ုစိုက္ၾကပါ။ ေဘးကင္း ၾကပါေစ။ WiFi ရရင္ ရသလို ျပန္ေတြ႕ ပါဦးမယ္။ အတာ သၾကၤန္ အခါသမယ ကိုေတာ့ မတရားမႈေတြကို ဆန္႔က်င္ရင္း နဲ႔ ပဲ ဂုဏ္သိကၡာ ရွိရွိ ျဖတ္ ေက်ာ္ပါ့မယ္”လို႔ မင္းေမာ္ကြန္းက ဆိုပါတယ္။..

credit…GM media

UNICODE

စစ်ကောင်စီ ပိုင် မီဒီယာ ဖြစ်တဲ့ မြဝတီရုပ် သံ မှာ ဧပြီ ၂ ရက်နေ့က သရုပ်ဆောင် မင်းမော်ကွန်း အပါအဝင် အနုပညာ ရှင်များ၊ Facebook တွင် လူသိများသူများကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ထားကြောင်း ကြေညာခဲ့ ပါတယ်။ပုဒ်မ ၅၀၅-က နဲ့ ဖ မ်း ဝ ရ မ်း..ထုတ်ခံ ထားရတဲ့ မင်းမော်ကွန်း က ကိုယ်တိုင် အခုချိန် ထိတော့ ဘေးကင်း နေပြီး၊ မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေး အတွက် တိုက်ပွဲဝင် ကြသူများ ဘေးရန်ကင်း ကြပါစေ လို့ သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေ ဆုတောင်း ပေးထားပါတယ်။..

“ကျနော် လိုင်းပေါ် မရှိတာ Wifi မရ လို့ပါ။ အခုထိ ဘေးကင်း နေပါ တယ်။ ၅၀၅-က နဲ့ မတရား ဖ မ်း ဝ ရ မ်း ထုတ်ခံရ သူများ အပါအဝင် မြန်မာပြည် အရပ်ရပ် နှင့် နိုင်ငံ တကာ မှနေပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေး အတွက် တိုက်ပွဲ ဝင်ကြသူ အမှန်တရား..ဘက်တော်သား အပေါင်းလည်း ဘေးရန်ကင်း ကြပါ စေလို့ ဆုတောင်း ပါတယ်”“Wifi ပြတ်တော က်ခဲ့ လို့ တချို့သတင်းတွေ ကို နောက်ကျ မှ သိရတာ တွေ ရှိပါတယ်။ ပထမဆုံး အနေနဲ့ကတော့ ကရင်စစ် ဘေးရှောင် ပြည်သူများအချို့ကို ကူညီဖို့ ခွင့်ပြု ခဲ့တဲ့ ထိုင်းနိုင်ငံ ရဲ့..အိမ်နီးချင်းကောင်း ပီသမှု့ ကိုလည်း ကျေးဇူးတင်ပါတယ်။ တိုင်းရင်းသားတွေကိုလည်း အကူအညီ နောက်ထပ် များစွာရရှိဖို့လည်း မျှော်လင့်ပါတယ် လို့ မင်းမော်ကွန်းကပြောပါတယ်။ သရုပ်ဆောင်ရဲတိုက် အဖမ်းခံရမှု့မှာလည်း သက်သေမရှိတာ‌ေကြောင့်အမှန်တရား ပေါ်ပေါက် ရေးအတွက် ရဲတိုက် ကိုယ်တိုင် ရဲ့ ထွက်ဆိုချက်များကို သိခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။“သရုပ်ဆောင် ရဲတိုက် အဖမ်းခံရမှုမှာ သက်သေ (လုံးဝ) မရှိခြင်း၊ ကာယကံရှင် အဖမ်းဆီးခံရသူရဲ့ ထွက်ဆိုချက်များကို မသိရှိရဘဲ..

အမည်မဖော်လိုသူ ရဲ တယောက် ရဲ့ ပြောကြားချက် တခု တည်းဖြင့် မူးယစ် ဆေး တွေ့ရှိမှုနှင့် ထပ်အမှုဖွင့်ခြင်း သည် တရားမျှတခြင်း မရှိဘူးလို့ ခံစားရပါတယ်။ ယူဆလို့ ရပါတယ်။ အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါတယ်။ လှိုင်မှာ လူငယ် IT ပညာရှင် ၇ ယောက်ကို..ဖမ်းတုန်းက Laptop တွေ သာ မိခဲ့ပေမယ့် ဓာတ်ပုံ ရိုက် အမှုဖွင့်တော့ လက်နက်တွေ ပါနေပါတယ် ”“အမြင်ကတ်ရင် ကတ်သလောက် တပ်ချင်တဲ့ ပုဒ်မ အပိုတွေ တပ်ပြီး မတရား အရေးယူ မှုများ ရှိခဲ့ကြသလို နောက်ထပ် ဖြစ်ပွား လာနိုင်စရာ အကြောင်းလည်း..ရှိနေပါတယ်။ အရေးကြီးပါတယ်။ အမှန်တရား ပေါ်ပေါက် ရေးအ တွက် ရဲတိုက် ကိုယ်တိုင်ရဲ့ထွက်ဆိုချက်များကို သိခွင့် ရဖို့ အရေး တကြီး လိုအပ် နေပါတယ်။ Speak out လုပ်ပေး ကြပါဦး ခင်ဗျာ။ နောက်ထပ် ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရတဲ့ The Myanmar Post..

ဂျာနယ် အယ်ဒီတာ ကိုဇင်သော်နိုင်ကိုလည်း ဧပြီ ၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးထားပါတယ်”လို့ မင်းမော်ကွန်း က ပြောပါတယ်။လက်ရှိ ရန်ကုန် သပိတ်စစ်ကြောင်းများဟာ လက်နက်အင်အား၊ လူအင်အား အလွန်အကျွံသုံးပြီး မတရား ဖိနှိပ်ခံ ရတဲ့ အတွက်..အားနည်းနေတဲ့ အချိန် ဖြစ်တယ် လို့ မင်းမော်ကွန်းက ဆိုပါတယ်။ “လက်ရှိ ရန်ကုန် သပိတ် စစ်ကြောင်းများ လက်နက် အင်အား၊ လူအင်အား အလွန်အကျွံ သုံးပြီး မတရား ဖိနှိပ်ခံရတဲ့ အတွက် အားနည်းနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီမှ..

ဖ မ်း ဆီးမှုတွေ ဆက်တိုက် လုပ်နေပါပြီ။ Defense Team လို့ အကြောင်း ပြပြီး လူငယ် တော်တော် များများကို ဖမ်းနေပါတယ်။ သပိတ် ခေါင်းဆောင်များ၊ Defense team များ၊ CDM ဝန်ထမ်းများ နှင့် ထောက်ပံ့ သူများ၊ ပရဟိတ တက်ကြွ လှုပ်ရှားသူများ၊…အလှူရှင်များ၊ ဝရမ်းထုတ်ခံ ထားရသူ များ အားလုံး လုံခြုံရေး အတွက် အထူး ဂရုစိုက်ပြီး ရှောင်တိမ်း ကြဖို့ သတိပေးပါတယ်”“မတတ်သာ လို့ အဖမ်းခံရတော့ မယ်ဆိုရင်တောင် လူမြင် သာအောင် သက်သေ၊ အထောက် အထားတွေ ကိုယ့်ဘက်က ခိုင်ခိုင် လုံလုံ ရှိအောင်..ကြိုပြင် ဆင်ထားရမယ့် အခြေအနေ ပါ။ မဟုတ် ရင်တော့ နောက်ထပ် အမှုတွေ အများကြီး ထပ်တိုး လာနိုင်ပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။ ဘေးကင်း ကြပါစေ။ WiFi ရရင် ရသလို ပြန်တွေ့ ပါဦးမယ်။ အတာ သင်္ကြန် အခါသမယ ကိုတော့ မတရားမှုတွေကို ဆန့်ကျင်ရင်း နဲ့ ပဲ ဂုဏ်သိက္ခာ ရှိရှိ ဖြတ် ကျော်ပါ့မယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။..

credit…GM media