ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုတွေ ကို ရရှိပြီး အနုပညာလောက မှာ တစ်ချိန်က အောင်မြင်မှုတွေ ကို သိမ်းပိုက်ထားတဲ့ သူကတော့ ဝါရင့်သရုပ်ဆောင် ညီနန္ဒ ပဲဖြစ်ပါတယ်။ ညီနန္ဒဟာ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက် ထားပြီး ချစ်စရာ သမီးလေးတစ်ယောက်ကို လည်း ပိုင်ဆိုင် ထားပါသေးတယ်။ ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းကစပြီး နိုင်ငံအရေး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ မှာ ပြည်သူတွေနဲ့ အတူ အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။

ဒီလိုပါဝင် ရပ်တည်မှုကြောင့်လည်း ဧပြီလ လောက်မှာ အနုပညာရှင် တချို့ကို ပုဒ်မ(၅၀၅-က) ဖြင့် အမှုဖွင့်တရားစွဲဆို မှုများမှာ ညီနန္ဒလည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုအမှုစွဲဆိုခံရပေမယ့်လည်း လက်ရှိအချိန်ထိ ပြည်သူတွေ နဲ့ အတူ ရှိနေခဲ့ပါတယ်။ ယမန်နေ့ကတော့ သရုပ်ဆောင် ရဲတိုက် ရဲ့ သတင်းလေးကို ကြားသိရလို့ ညီနန္ဒ ဟာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ရဲတိုက်ဟာ ကျန်းမာရေးချို့တဲ့ပြီး မနေ့က တရားရုံးမှာ မေ့လဲသွားတာ ဖြစ်ပါတယ်။ တရားရုံးမှာ မေ့လဲ သွားတယ်ဆိုတဲ့ ကြားသိ ရတဲ့ သတင်းများကြောင့် ညီနန္ဒ က ရဲတိုက်အတွက် ကျန်းမာရေး အမြန်ကောင်းမွန် အောင် ဆုတောင်းပေးခဲ့ရှာတာ တွေ့ရပါတယ်။ ပရိသတ်‌တွေလည်း ယမန်နေ့က တရားရုံးမှာ မေ့လဲသွားတဲ့ ရဲတိုက်ကို ကျန်းမာရေး ကောင်းမွန်လာအောင် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်…။

Source – Nyi Nanda

ZAWGYI




Source – Nyi Nanda